သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 10, 2013

ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရမ်းကားခဲ့သောပရိသတ်များ စတင်ဖမ်းဆီး

၂၀၁၃ မြန်မာလိဂ်ဘောလုံးရာသီ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် နေပြည်တော်-ရန်ကုန် ပွဲစဉ်တွင် ရမ်းကားခဲ့သော ပရိသတ်အချို့အနက် ၁၂ ဦးကို စတင်ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ကြောင်း   နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ပြီး တိုင်ကြားချက်အရ အားကစားကွင်းထိုင်ခုံများအား ဖျက်ဆီးခဲ့ရာ တွင် ပါဝင်ပတ်သက ခဲ့သည်ဟု ယူဆရသည့် ပရိသတ် ၁၂ဦးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း အဆိုပ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၈ရက်တွင်ပြောသည်။

သြဂုတ် ၄ရက် ညနေပိုင်းက ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ မြန်မာလိဂ်ပွဲစဉ်၌ ပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ထိုင်ခုံအရေအတွက် ၁၅၀ ကျော် ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသုံးရာဝန်းကျင်ခန့်ရှိကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးစစ်ဆေးသူများကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေးယူထားခြင်းဖြစ်ပြီး ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်စုံစမ်းအရေး ယူသွားရန်ရှိကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅)ရဲစခန်းတာဝန်ရှိသူက ဆိုသည်။

၎င်းပွဲစဉ်တွင် ပရိသတ်အချို့ စည်းကမ်းမဲ့သောင်းကျန်းကာ ကွင်းအတွင်းဝင်ရောက်မှု၊ ကစားသမားများ၏ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ပွဲစဉ်ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ပွဲချိန် ၃၇ မိနစ်တွင် ရပ်နားခဲ့ရသည်။
ဆိုးသွမ်းပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲလက်ခံကျင်းပမည့် ၀ဏ္ဏသိဒ္ဓိကွင်းအတွင်းရှိ ထိုင်ခုံများ၊ လက်ရန်းတန်းများ၊ ကြော်ငြာဆိုင်းဘုတ်များ အဓိကပျက်စီးခဲ့ရကြောင်း ကွင်းအတွင်း သွားရောက်ကြည့်ရှုခဲ့သည့် ပရိသတ်အချို့က ဆိုသည်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းမှ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ ခိုက်ရန်ဖြစ်ပွားမှု များလည်း ရှိခဲ့ကြသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် အဆိုပါပွဲစဉ်တွင် တာဝန်ယူခဲ့သည့် ပြိုင်ပွဲကြီးကြပ်သူ၊ ဒိုင်လူကြီးများ၏ အစီရင်ခံစာမှတ်တမ်းများ၊ ရုပ်သံမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ မကြာမီရက်ပိုင်း အတွင်း အရေးယူမှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

From:7day

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D