သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 10, 2013

ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ် လမ်းပေါ်တွင် သုံးရက်အတွင်း တရုတ်ပြည်သို့ ခိုးထုတ်သည့် သစ်ကား ၅၇ စီးဖမ်းမိ

Photo: ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ် လမ်းပေါ်တွင် သုံးရက်အတွင်း 
တရုတ်ပြည်သို့ ခိုးထုတ်သည့် သစ်ကား ၅၇ စီးဖမ်းမိ

10.8.2013

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်အတွင်း တရုတ်ပြည်သို့ 
ခိုးထုက်သည့် သစ်ကား ၅၇ စီးကို တရားခံနှစ်ဦးနှင့်အတူ သြဂုတ် ၆ ရက်မှ ၈ 
ရက်အထိ သုံးရက်တာ ကာလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဗန်းမော်ခရိုင် ရဲအဖွဲ့မှ ဦးစီးပြီး ခြေလျင်တပ် ခမယ ၃၁၉ နှင့် ၄၃၇ တို့သည်
 လွယ်ဂျယ်-မိုးမောက် လမ်းပိုင်းကို သြဂုတ် ၅ ရက်မှစတင်၍ ပိတ်ဆို့ဖမ်းဆီး 
ခဲ့ခြင်းဖြစ်ပြီး ၆ ရက်နေ့တွင် ၅၁ စီး၊ ၇ ရက်နေ့တွင် လေးစီး (တမလန်းသစ်တန် 
၈၀ တန်)၊ ၈ ရက်နေ့တွင် တစ်စီး၊ စုစုပေါင်း ၅၇ စီးကို လွယ်ဂျယ်- မိုးမောက် 
လမ်းပေါ်ရှိ လော့ဒန်ကျေးရွာ အနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး 
သစ်တန်စုစုပေါင်းကို တိုင်းတာနေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ 
ပြောကြားချက်အရ စုံစမ်းသိရှိရသည်။
ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ''မိတဲ့သစ်ခွဲသားက ၆ ပေ ၉ ပေ 
တရုတ်ဆိုက်တွေပါ။ သစ်အမျိုးအစားက ကျွန်းနဲ့ တံမလန်း သစ်ခွဲသားတွေပါ။ 
ပမာဏအတိအကျ စာရင်းမရောက် သေးပါဘူး'' ဟု ပြောကြားခဲ့သည်။

ပြည်နယ်သစ်တော ညွှန်ကြားရေးမှူးက ''ပြည်နယ်ရဲ့ လုံခြုံရေး အခြေနေအရ 
သစ်တောဝန်ထမ်းတွေ အနေနဲ့ လုံခြုံရေးမပါဘဲ သွားလို့မရဘူး။ တရားမ၀င် 
သစ်ခိုးထုတ် နေတာတွေကို ပြည်သူတွေ အနေနဲ့ တိုင်ကြားလို့ ရပါတယ်။ ပြည်ပကို 
ခိုးထုတ်နေတဲ့ သစ်တွေကတော့ ကျွန်း၊ တမလန်း အဖိုးတန် သစ်တွေပေါ့'' ဟု 
ဆိုသည်။
ကချင်ပြည်နယ်တွင် သစ်တောဖုံးလွှမ်း ဧရိယာ ၆၆ ဒသမ ၁၂ ရာခိုင်းနှုန်း ရှိသည်ဟု 
သိရပြီး ၂၀၁၃ ခုနှစ်တွင် ဇန်န၀ါရီလမှ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်အထိ 
သစ်ဖမ်းဆီးရမိမှု ၃၉ မှု၊ ကျွန်း၊ တမလန်း တန်ချိန် ၃၂၀ တန်၊ ကာလပေါက်ဈေး 
ကျပ်သိန်းပေါင်း သုံးထောင့်ငါးရာနီးပါး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ် လမ်းပေါ်တွင် စစ်ဆေးရေးတာဝန် 
ထမ်းဆောင်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်အတွင်း တရုတ်ပြည်သို့ ခိုးထုက်သည့် သစ်ကား ၅၇ စီးကို တရားခံနှစ်ဦးနှင့်အတူ သြဂုတ် ၆ ရက်မှ ၈ ရက်အထိ သုံးရက်တာ ကာလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ဗန်းမော်ခရိုင် ရဲအဖွဲ့မှ ဦးစီးပြီး ခြေလျင်တပ် ခမယ ၃၁၉ နှင့် ၄၃၇ တို့သည် လွယ်ဂျယ်-မိုးမောက် လမ်းပိုင်းကို သြဂုတ် ၅ ရက်မှစတင်၍ ပိတ်ဆို့ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ၆ ရက်နေ့တွင် ၅၁ စီး၊ ၇ ရက်နေ့တွင် လေးစီး (တမလန်းသစ်တန် ၈၀ တန်)၊ ၈ ရက်နေ့တွင် တစ်စီး၊ စုစုပေါင်း ၅၇ စီးကို လွယ်ဂျယ်- မိုးမောက် လမ်းပေါ်ရှိ လော့ဒန်ကျေးရွာ အနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး သစ်တန်စုစုပေါင်းကို တိုင်းတာနေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ စုံစမ်းသိရှိရသည်။
ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ''မိတဲ့သစ်ခွဲသားက ၆ ပေ ၉ ပေ တရုတ်ဆိုက်တွေပါ။ သစ်အမျိုးအစားက ကျွန်းနဲ့ တံမလန်း သစ်ခွဲသားတွေပါ။ ပမာဏအတိအကျ စာရင်းမရောက် သေးပါဘူး'' ဟု ပြောကြားခဲ့သည်။

ပြည်နယ်သစ်တော ညွှန်ကြားရေးမှူးက ''ပြည်နယ်ရဲ့ လုံခြုံရေး အခြေနေအရ သစ်တောဝန်ထမ်းတွေ အနေနဲ့ လုံခြုံရေးမပါဘဲ သွားလို့မရဘူး။ တရားမ၀င် သစ်ခိုးထုတ် နေတာတွေကို ပြည်သူတွေ အနေနဲ့ တိုင်ကြားလို့ ရပါတယ်။ ပြည်ပကို ခိုးထုတ်နေတဲ့ သစ်တွေကတော့ ကျွန်း၊ တမလန်း အဖိုးတန် သစ်တွေပေါ့'' ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် သစ်တောဖုံးလွှမ်း ဧရိယာ ၆၆ ဒသမ ၁၂ ရာခိုင်းနှုန်း ရှိသည်ဟု သိရပြီး ၂၀၁၃ ခုနှစ်တွင် ဇန်န၀ါရီလမှ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်အထိ သစ်ဖမ်းဆီးရမိမှု ၃၉ မှု၊ ကျွန်း၊ တမလန်း တန်ချိန် ၃၂၀ တန်၊ ကာလပေါက်ဈေး ကျပ်သိန်းပေါင်း သုံးထောင့်ငါးရာနီးပါး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ် လမ်းပေါ်တွင် စစ်ဆေးရေးတာဝန် ထမ်းဆောင်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
 
From>>>

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D