မြန်မာစစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ်
အသုံးပြုမှု အဆုံးသတ်ရေး ကြိုးပမ်းမှုအနေနဲ့ ကလေးစစ်သား ၆၈ ဦးကို တပ်ကနေ
ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။ကလေးစစ်သား စုဆောင်းအသုံးပြုမှုကို ပယ်ဖျက်မယ်ဆိုပြီး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ သဘောတူညီချက်ကို ဇွန်လအတွင်းက လက်မှတ်ရေးထိုးပြီးတဲ့ နောက် အခုလို ကလေးစစ်သားလေးတွေကို စစ်တပ်က ပြန်လွှတ်ပေးတာ ၄ ကြိမ်ရှိသွားပြီဖြစ်ပြီး၊ ဒီတခေါက်ကတော့ အရေအတွက်အများဆုံး လွှတ်ပေးတာပါ။
အခုအချိန်အထိဆိုရင်တော့ မြန်မာစစ်တပ်အနေနဲ့ စစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၇၆ ဦးကို မိဘတွေထံကို ပြန်လည် ပေးအပ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ ခုနှစ် အစောပိုင်း နောက်ဆုံးထားပြီး စစ်တပ်အတွင်းက ကျန်နေတဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပြီး မိဘလက်ထံ လွှဲပြောင်းပေးမယ်လို့ ပြီးခဲ့တဲ့နှစ်က မြန်မာအစိုးရက ကတိက၀တ် ပြုထားခဲ့ပါတယ်။
From :
..voa


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...