သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 8, 2013

ရှစ်လေးလုံး ၂၅ နှစ်ပြည့် အစီအစဉ် ပြုလုပ်မည့် မုံရွာမြို့ ဇောတိကတိုက်ကျောင်းတွင် ရဟန်းတပါး ကိုယ့်ကိုယ်ကိုယ် မီးရှို့ အဆုံးစီရင်သွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့ရုံးက ပြောသည်။

 သက်တော် ၂၄နှစ်၊ ၀ါတော် ၄ ၀ါရှိ ထိုရဟန်းသည် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာဇာတိဖြစ်ကြောင်း၊ မူလကျောင်းမှာ သန္တသုခကျောင်းဖြစ်ကြောင်း၊ ထိုရဟန်း ရေးသားခဲ့သည်ဟူသော စာတစ်စောင်ကိုလည်း တွေ့ရှိရကြောင်း အမှုကို တာဝန်ယူစစ်ဆေးနေသည့် မုံရွာမြို့ အမှတ်(၂ )ရဲစခန်းမှူးက ပြောသည်။


“သူ့မိဘတွေကိုရည်ရွယ်ပြီးရေ
းသွားတဲ့ပုံစံပါ။ စာမျက်နှာ တစ်မျက်နှာကျော်ရှိတယ်။ ဆိုလိုရင်းကတော့ သဗ္ဗညုတဉာဏ်တော်ရချင်လို့ ရတနာသုံးပါးကို မီးပူဇော်တာပါ ဆိုတဲ့အချက်ပါ” ဟု ရဲအုပ် ညီညီအောင်က ဧရာဝတီသို့ ပြောသည်။

ကျောင်းရှိ သက်သေများကိုလည်း မေးမြန်းပြီး အတည်ပြုချက်များယူရဦးမည်ဖြစ်ကြောင်း စခန်းမှူးကပြောသည်။

“သူနဲ့အတူနေတဲ့ ကိုရင်လေးကိုတော့မေးပြီးပြီ။ ပျံသွားတဲ့ ကိုယ်တော်က ကိုယ့်ကိုယ်ကို မီးရှို့ပြီးပူဇော်ချင်တယ်လို့ မကြာခဏပြောဖူးတယ်လို့ ထွက်ဆိုပါတယ်။ ဒီနေ့က ရှစ်လေးလုံး အခမ်းအနားပွဲလည်း ရှိနေတော့ စုံအောင် သေသေချာချာမစစ်ရသေးပါဘူး” ဟု ရဲအုပ်ညီညီအောင်က ဆက်ပြောသည်။

ယနေ့နံနက် ၃နာရီဝန်းကျင်တွင် သတင်းရရှိသဖြင့်သွားရောက် စစ်ဆေးခဲ့ရာ ပြင်ပမီးလောင်ဒါဏ်ရာများဖြင့် ပျံလွန်တော်မူကြောင်းတွေ့ရှိရသည်ဟု မုံရွာ ခရိုင် ရဲတပ်ဖွဲ့ရှိ အရာရှိကြီးတဦးက ပြောသည်။

“ဆေးရုံကို မနက် ၄နာရီလောက်မှာရောက်ပါတယ်။ ရင်ခွဲရုံမှာ သေသေချာချာ စစ်ဆေးကြည့်ပြီးပါပြီ။ အခြားဒဏ်ရာ မရှိဘူး” ဟု သူက ဧရာဝတီသို့ ယနေ့ပြောသည်။


• ဧရာဝတီ Facebook / ဧရာဝတီ Twitter

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D