သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 8, 2013

အာဆီယံ ၄၆ နှစ်ပြည့် အမေရိကန်သ၀ဏ်လွှာပို့

Photo: အာ

VOA သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အမေရိကန် ပြည်သူတွေကိုယ်စား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသတွင်း လုံခြုံရေးကို ဆောင်ရွက်ရာမှာ အာဆီယံအဖွဲ့ဟာ အရေးပါလာသလို၊ အာရှဒေသအတွင်းမှာလည်း အခန်းကဏ္ဍ တိုးမြှင့်လာတယ်လို့ မစ္စတာကယ်ရီက ထုတ်ပြန်ထားပါတယ်။

အာဆီယံ ဒေသဖော်ရမ်နဲ့ အရှေ့အာရှ ထိပ်သီးညီလာခံလိုမျိုး အာရှဒေသရဲ့ နိုင်ငံစုံ အခန်းကဏ္ဍမှာ အာဆီယံအဖွဲ့ဟာ အဓိက ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ သန်း ၆၀၀ ပြည်သူရှိတဲ့ အာဆီယံဒေသ အဖွဲ့အစည်းနဲ့ အမေရိကန် ပြည်ထောင်စုဟာ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်သလို၊ အကူအညီပေးသွားဖို့လည်း အလေးအနက် ပိုင်းဖြတ်ထားတယ်လို့ မစ္စတာ ကယ်ရီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင် ဒီ ၅ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ အစောပိုင်း စစ်အေးကာလတွေ အတွင်းမှာတော့ ကွန်မြူနစ် ဆန့်ကျင်ရေး အယူအဆအားကောင်းတဲ့ အဖွဲ့အစည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းခဲ့ပြီး စီးပွားဖွံ့ဖြိုးမှု အလျှင်အမြန် တိုးတက်လာတဲ့ နိုင်ငံတွေဖြစ်လာသလို၊ စစ်အေးအလွန်မှာတော့ ဗီယက်နမ်၊ လာအို စတဲ့ ကွန်မြူနစ်နိုင်ငံတွေပါ ပူးပေါင်းလာခဲ့ပါတယ်။ လာမယ့် ၂၀၁၄ မှာ မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌတာဝန်ကို ထမ်းဆောင်ရမှာလည်း ဖြစ်ပါတယ်။




From : ..voa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D