ယခုဘဏ္ဍာနှစ်
နှစ်ဝက် ပထမခြောက်လပတ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ
သန်းပေါင်း ၈၁၀ ရှိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီးက ပြောသည်။
နိုင်ငံ ၁၀ နိုင်ငံ ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ထိုင်းနိုင်ငံမှ
အမေရိကန်ဒေါ်လာ သန်း ၄၁၀၊ ဗီယက်နမ်နိုင်ငံမှ အမေရိကန် ဒေါ်လာ သန်း ၁၄၀၊
စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃၆ သန်းတို့ အများဆုံး
ရင်းနှီးမြှုပ်နှံသူများအဖြစ် ရပ်တည်နေသည်။
ယခင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် တရုပ်နိုင်ငံကမူ ၄ ဒသမ ၈၆ သန်းသာ မြှုပ်နှံထားသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်နှစ်ဝက် ပထမခြောက်လပတ်အတွင်း ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၁၆ ခုရှိကာ စိုက်ပျိုးရေးလုပ်ငန်း တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်း၊ စက်မှုလုပ်ငန်း ၁၃ ခုအတွက် ယခင်ခွင့်ပြုထားသည်များနှင့် ပေါင်းပါက အမေရိကန် ဒေါ်လာ ၅၆၉ ဒသမ ၄၆၆ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းအတွက် ယခင်ခွင့်ပြုထားသည်များနှင့် ပေါင်းပါက အမေရိကန် ဒေါ်လာ ၂၂၁ သန်း၊ ဝန်ဆောင်မှု လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ ၀ဒသမ ၃သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၁၆၆ သန်းတို့ကို ရင်းနှီးမြှုပ်နှံကြခြင်း ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကလည်း စက်မှုဇုန်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် လုပ်ငန်း ၁၂ ခုအတွက် ငွေကျပ် သန်းပေါင်း ၁၈၃,၂၃၃ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:ခေတ်သတင်း
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...