သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 10, 2013

ရန်ကုန်လေဆိပ်ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ရကုမ္ပဏီ ယနေ့ကြေညာမည်

Photo: ရန်ကုန်လေဆိပ်ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ရကုမ္ပဏီ ယနေ့ကြေညာမည်

ရန်ကုန်၊ သြဂုတ် ၉

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝန်ဆောင်မှုအချို့ လုပ်ကိုင်ခွင့်အတွက် 
တင်ဒါအောင်သည့် ကုမ္ပဏီကို သြဂုတ်လ ၁၀ ရက် (ယနေ့) တွင် တရားဝင် ကြေညာသွားမည်
 ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ 
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက သြဂုတ်လ ၉ ရက်နေ့က 
ပြောကြားသည်။

အဆိုပါဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီသည် 
လေကြောင်းထိန်းသိမ်းရေးမှအပ လေဆိပ်အတွင်းရှိ အခြားမြေပြင် 
ဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။

တင်ဒါရွေးချယ်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါရွေးချယ်ရေး 
အစည်းအဝေးကို သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် 
ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါအောင်သည့် ကုမ္ပဏီအမည် ကြေညာစာ 
မရောက်သေးသောကြောင့် ကုမ္ပဏီအမည်ကို မပြောနိုင်သေးကြောင်း ၎င်းကဆက်လက် 
ပြောကြားသည်။

သြဂုတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် လေကြောင်း 
ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် တင်ဒါအောင်သည့် 
ကုမ္ပဏီကို တရားဝင် ကြေညာမည် ဖြစ်ကြောင်းလည်း ဦးဝင်းဆွေထွန်းက ဆိုသည်။

“တင်ဒါ ရွေးချယ်ရေးကို ဆက်လက်လုပ်နေတုန်းပဲ။ အဲ့ဒီလုပ်ငန်းစဉ် 
ဒီနေ့ပြတ်ရင်တော့ မနက်ဖြန် ကြေညာကောင်း ကြေညာမယ်။ ရလဒ်တော့ အခုထိ 
မထွက်သေးတဲ့အတွက် မနက်ဖြန်သတင်းစာမှာ ကြေညာမယ်။ မကြေညာဘူးဆိုတာ 
ရလဒ်ပေါ်မူတည်ပါတယ်” ဟု နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးဌာန 
တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု နောက်ဆုံးတင်ဒါကို မေလ ၂၅ ရက်က 
ခေါ်ယူထားရာ အကြိုအရည်အချင်းစစ် အောင်မြင်ထားသည့် ကုမ္ပဏီ ၁၁ ဖွဲ့တွင် 
ခုနစ်ဖွဲ့သာ လာရောက် လျှောက်ထား ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး 
ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းကုမ္ပဏီ ခုနစ်ဖွဲ့မှာ စင်ကာပူနိုင်ငံမှ Yongnam-CAPE-JGC Consortium၊ 
မြန်မာနိုင်ငံမှ Pioneer Aerodrome Services၊ ကိုရီးယားနိုင်ငံမှ Incheon 
Airport Consortium၊ အမေရိကန်ပြည်ထောင်စုမှ ACO Investment Group Co., 
Ltd.၊ ပြင်သစ်နိုင်ငံမှ Vinci Airport၊ ဂျပန်နိုင်ငံမှ Sojitz 
Corporationနှင့် Toyata Tsusho Corporation ကုမ္ပဏီတို့ဖြစ်ပြီး 
ယင်းတို့ထဲမှ ရွေးချယ်ရမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက 
တရားဝင် ထုတ်ပြန်ထားသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝန်ဆောင်မှုအချို့ လုပ်ကိုင်ခွင့်အတွက် တင်ဒါအောင်သည့် ကုမ္ပဏီကို သြဂုတ်လ ၁၀ ရက် (ယနေ့) တွင် တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက သြဂုတ်လ ၉ ရက်နေ့က ပြောကြားသည်။အဆိုပါဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီသည် လေကြောင်းထိန်းသိမ်းရေးမှအပ လေဆိပ်အတွင်းရှိ အခြားမြေပြင် ဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။တင်ဒါရွေးချယ်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါရွေးချယ်ရေး အစည်းအဝေးကို သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏ တင်ဒါအောင်သည့် ကုမ္ပဏီအမည် ကြေညာစာ မရောက်သေးသောကြောင့် ကုမ္ပဏီအမည်ကို မပြောနိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သြဂုတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် တင်ဒါအောင်သည့် ကုမ္ပဏီကို တရားဝင် ကြေညာမည် ဖြစ်ကြောင်းလည်း ဦးဝင်းဆွေထွန်းက ဆိုသည်။

“တင်ဒါ ရွေးချယ်ရေးကို ဆက်လက်လုပ်နေတုန်းပဲ။ အဲ့ဒီလုပ်ငန်းစဉ် ဒီနေ့ပြတ်ရင်တော့ မနက်ဖြန် ကြေညာကောင်း ကြေညာမယ်။ ရလဒ်တော့ အခုထိ မထွက်သေးတဲ့အတွက် မနက်ဖြန်သတင်းစာမှာ ကြေညာမယ်။ မကြေညာဘူးဆိုတာ ရလဒ်ပေါ်မူတည်ပါတယ်” ဟု နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု နောက်ဆုံးတင်ဒါကို မေလ ၂၅ ရက်က ခေါ်ယူထားရာ အကြိုအရည်အချင်းစစ် အောင်မြင်ထားသည့် ကုမ္ပဏီ ၁၁ ဖွဲ့တွင် ခုနစ်ဖွဲ့သာ လာရောက် လျှောက်ထား ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကုမ္ပဏီ ခုနစ်ဖွဲ့မှာ စင်ကာပူနိုင်ငံမှ Yongnam-CAPE-JGC Consortium၊ မြန်မာနိုင်ငံမှ Pioneer Aerodrome Services၊ ကိုရီးယားနိုင်ငံမှ Incheon Airport Consortium၊ အမေရိကန်ပြည်ထောင်စုမှ ACO Investment Group Co., Ltd.၊ ပြင်သစ်နိုင်ငံမှ Vinci Airport၊ ဂျပန်နိုင်ငံမှ Sojitz Corporationနှင့် Toyata Tsusho Corporation ကုမ္ပဏီတို့ဖြစ်ပြီး ယင်းတို့ထဲမှ ရွေးချယ်ရမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။
 
From>>>

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D