သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 9, 2013

မလေးရှား လှေမြုပ်မှု၌ ပျောက်ဆုံးနေဆဲဖြစ်သည့် အင်ဒိုနီးရှားလူမျိုး ၄၀ အား ဆက်လက်ရှာဖွေ

J-4-8
နစ်မြုပ်ခဲ့သောလှေမှ ကယ်ဆယ်ခံရသည့် ခရီးသည်များက မလေးရှားတောင်ပိုင်း ဂျိုဟာပြည်နယ်ရှိ ရေကြောင်းဆိုင်ရာရုံးခန်းတွင် ၎င်းတို့၏ ဒဏ်ရာများကို သြဂုတ် ၃ ရက်က ပြသနေစဉ် (Photo:AFP)
မလေးရှားနိုင်ငံတွင် အစ္စလာမ္မစ် ဥပုသ်ကာလ ပြီးဆုံးသည့် အနေဖြင့် အထိမ်းအမှတ်ပွဲ ကျင်းပမည့် အင်ဒိုနီးရှား လူမျိုးများ လိုက်ပါလာသည့် လှေမြုပ်မှုတွင် ပျောက်ဆုံးသူ ဦးရေသည် ၄၀ ဦး ရှိနေသေးသဖြင့် သြဂုတ် ၃ ရက်တွင် ကယ်ဆယ်ရေး သမားများက ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင် နေသေးကြောင်း သိရသည်။



ခရီးသည် ၄၄ ဦး လိုက်ပါလာဖွယ် ရှိသောလှေသည် သြဂုတ် ၁ ရက်ညက ကမ်းရိုးတန်းမှ ရေမိုင် ၁၃ မိုင် (၂၄ ကီလိုမီတာ) အကွာတွင် လှိုင်းကြီးနေချိန်၌ နစ်မြုပ်ခဲ့ကြောင်း သိရသည်။ သြဂုတ် ၂ ရက်တွင် လူလေးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ များထဲတွင် အမျိုးသမီးနှင့် ကလေးများ ပါဝင်ကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်း ဂျိုဟာပြည်နယ်၏ ကမ်းလွန်ပင်လယ်ပြင်တွင် သင်္ဘောနှစ်စင်း၊ စပိဘုတ်လေးစင်း၊ ရဟတ်ယာဉ်နှစ်စင်းတို့ဖြင့် ပျောက်ဆုံးသူများကို ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း မလေးရှား  အဏ္ဏာဝါ အာဏာပိုင် အေဂျင်စီ (MMEA) မှ အရာရှိဖြစ်သူ အမရန်ဒေါ့က ပြောကြားခဲ့သည်။  
အဆိုပါ အင်ဒိုနီးရှား လူမျိုးများသည် မလေးရှားနိုင်ငံတွင် တရားမ၀င် လာရောက်အလုပ်လုပ်ကိုင် နေခြင်းဖြစ်ပြီး အိမ်ပြန်ခရီးတွင် နယ်စပ်စစ်ဆေးရေးများကို ရှောင်လွှဲနိုင်ရန်အတွက် ယခုကဲ့သို့ လုံခြုံစိတ်ချရမှု မရှိသည့် လှေများကို စီးနင်းရခြင်း ဖြစ်သည်။
လှေသည် အင်ဒိုနီးရှားနိုင်ငံ ဘာတမ်ကျွန်းသို့ ဦးတည်ထွက်ခွာပြီး သုံးနာရီအကြာတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ လှေပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များမှာ မွတ်စလင်တို့၏ အရေးအကြီးဆုံး အားလပ်ရက်ဖြစ်သော ရာမာဒန် ဥပုသ်ကာလ ပြီးဆုံးသည့် Eid al-Fitr နေ့အတွက် နေရပ်သို့ ပြန်လာကြသူများ ဖြစ်သည်။
လှေ၏ အခြေအနေသည် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းနှင့် အာဏာပိုင်များသည် မတော်တဆ ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း အမရန်က ပြောကြားခဲ့သည်။ ကယ်တင်နိုင်ခဲ့သူ လေးဦးအနက် သုံးဦးကို အနီးမှဖြတ်သွားသော ငါးဖမ်းသမားများမှ ကယ်တင်ခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးကို အစိုးရ ကယ်ဆယ်ရေး အဖွဲ့များက ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှား ကမ်းလွန်ပင်လယ်ပြင်တွင် လှေမတော်တဆမှုသည် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မလေးရှားနိုင်ငံသို့ ဒေသတွင်း နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မြန်မာ
စသည့်နိုင်ငံတို့မှ အလုပ်သမား ထောင်ပေါင်းများစွာသည် အန္တရာယ်များသည့် ရေကြောင်းလမ်းများမှတစ်ဆင့် တရားမ၀င် သွားရောက်လုပ်ကိုင်လေ့ ရှိကြသည်။

 http://www.news-eleven.com

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D