သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 9, 2013

ထိုင်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်မြှင့်

Pho
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်အစိုးရ ဆန့်ကျင်ရေး အင်အားစုများက စီတန်း လှည့်လည် ဆန္ဒပြမှုများကို အရှိန် မြှင့်တင်သွား မည်ဟု အဓိဋ္ဌာန်ပြု ကြေညာလိုက်ကြောင်း The Nation သတင်းစာ က ရေးသား ဖော်ပြသည်။

လက်ရှိ အခြေအနေတွင် မြို့တော် ဘန်ကောက်ရှိ လုမ္ဗိနီ ပန်းခြံတွင် အစိုးရ ဆန့်ကျင်ရေး အင်အားစု များ စုဝေးလျက် ရှိပြီး ရက်ပိုင်းအတွင်း ဆန္ဒပြမှုများ ကို အရှိန် မြှင့်တင်သွားမည် ဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့ တွင် ကြေညာသည်။

‘ပြည်သူ့တပ်ဖွဲ့’ ဟု အမည်ရသည့် ဆန္ဒပြ အင်အားစု ခေါင်းဆောင် ထိုင်ကွန်း ပိုလ်ဆူဝမ်က ၎င်းတို့ အင်အားစုများသည် သက်ဆင် ရှင်နာဝပ် (ဝန်ကြီးချုပ်ဟောင်း) နှင့် အပေါင်းအပါအဖွဲ့ ဆန့်ကျင် တိုက်ဖျက်ရေး အတွက် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆန္ဒပြမှုများကို ဆက်လက် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

သို့သော် မည်သို့မည်ပုံ အင်အား တိုးမြှင့်မည် ဟူသည့် အစီအစဉ် အသေးစိတ်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ယင်းအင်အားစုများသည် ထိုင်းအစိုးရက စီစဉ် ဆောင်ရွက်လျက်ရှိသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ဒီကရီနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်လျက် ရှိသည်။

ယင်းအမိန့်ဒီကရီသာ အတည်ပြုပြီးပါက ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (ပြည်ပြေးဘဝဖြင့် နေထိုင်လျက်ရှိသူ) အနေနှင့် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာနိုင်မည် ဖြစ်သည်။

ဘန်ကောက်မြို့တွင် ထိုသို့ အစိုးရ ဆန့်ကျင်ရေး အင်အားစုများက ဆန္ဒပြမှုများတိုးမြှင့်ရန် စီစဉ်နေစဉ် အစိုးရကို ထောက်ခံသော ရှပ်နီ အင်အားစုများကလည်း ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိရာ ၎င်းတို့ အင်အားစုများ အကြား ပဋိပက္ခနှင့် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ် မည်ကို ရဲတပ်ဖွဲ့နှင့် ဘန်ကောက် အာဏာပိုင်များက အထူး စိုးရိမ်လျက် ရှိကြသည်။

ထိုင်း ရဲတပ်ဖွဲ့သည် ယခုနှစ်များအတွင်း ဆက်တိုက်ဆိုသလို ထွက်ပေါ် လာသည့် ဆန္ဒပြမှုများနှင့် အုပ်စုချင်း တိုက်ခိုက်မှုများစွာကို ရင်ဆိုင် ဖြေရှင်း ခဲ့ရကြောင်း၊ အဆိုပါ အတွေ့အကြုံများကို အခြေခံပြီး ယခု ဖြစ်ပေါ်ရန် ရှိသည့် ဆန္ဒပြမှုများကို ကောင်းမွန်စွာ ဖြေရှင်းသွားလိမ့်မည်ဟု ယူဆ ရကြောင်း လေ့လာစောင့်ကြည့်သူတို့က ဆိုသည်။

ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်အရ ဘန်ကောက်ရှိ ခရိုင် သုံးခုတွင် လူထောင်ပေါင်း များစွာ ပါဝင်မည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ထားရာ အစိုးရက ပြည်တွင်း လုံခြုံရေး အက် ဥပဒေ (ISA) ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်က မိမိတို့ အစိုးရအနေနှင့် ပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်မည် ဖြစ်သည်ဟု စနေနေ့တွင် ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယင်းကြေညာချက်သည် အချိန်ဆွဲရန် ပရိယာယ် သက်သက်မျှသာ ဖြစ်သည်ဟု အတိုက်အခံတို့က ဆိုသည်။
  
From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D