သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 8, 2013

ရန်ကုန်မြို့နေမိဘများ စိတ်ပူစရာ Day Club

Photo: ရန်ကုန်မြို့နေမိဘများ စိတ်ပူစရာ Day Club
(မိဘတစ်

The Voice Weekly
ကျွန်တော်၏ သမီးဖြစ်သူနှင့် သူ၏ သူငယ်ချင်းများသည် Day Club များသို့ ခိုးသွားခဲ့ရာ ကျွန်တော် လိုက်လံ ရှာဖွေရာမှ Day Club တော်တော် များများ တွေ့ရှိခဲ့ပါသည်။
Day Club များသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် မရဘဲ ပြုလုပ်နေကြောင်း တွေ့ရှိရပါသည်။ ၎င်းတို့သည် မြန်မာ့ ဝတ်စား ဆင်ယင်မှုနှင့် ယဉ်ကျေးမှုကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း တွေ့ခဲ့ရပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသော Club တော်တော်များများတွင် Day Party များ ပြုလုပ်လျက်ရှိပြီး (ရှစ်တန်း၊ ကိုးတန်း) အသက် မပြည့်သေးသော ကလေးများမှာ ကျောင်းပြေးပြီး လာရောက် နေကြပါသည်။

၎င်းတို့မှာ ကျောင်းပိတ်ရက်၊ ဖွင့်ရက် မရှောင်ဘဲ ပြုလုပ်နေပါသည်။ အများဆုံး ပြုလုပ်သည့် Club များကတော့ အလုံမြို့နယ်ရှိ Sky World၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ဆရာဝန်အသင်းနှင့် မျက်စောင်းထိုး စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် IQ (or) Cloud 9၊ တာမွေမြို့နယ်ရှိ တာမွေပလာဇာဘေး Club ဖြစ်ပါသည်။

၎င်း Day Party များတွင် Sexy Dancer ကိုပါ ဆုများ ပေးလျက် ရှိပါသည်။ ၎င်း Club သည် ပြည့်တန်ဆာများနှင့် ပြုလုပ်နေသည်ဟုလည်း ကြားသိရပါသည်။

ကျွန်တော်သည် မိဘတစ်ယောက် အနေနှင့် စိတ်မသက်မသာ ဖြစ်ခဲ့ ရပါသည်။ အလားတူ ကလေးများ၏ မိဘများလည်း ထပ်တူ ခံစား ရမည် ဖြစ်သောကြောင့် အယ်ဒီတာမှတစ်ဆင့် ကလေး မိဘများအား မသွား သင့်သော ထိုနေရာများသို့ မသွားခိုင်းကြရန် ဂျာနယ်တွင် ဖော်ပြပေးစေ လိုပြီး မြန်မာ့ ယဉ်ကျေးမှုနှင့် လျော်ညီသော နေရာများသို့သာ သွားစေ လိုကြောင်း မေတ္တာရပ်ခံ အကြံပြု တင်ပြအပ်ပါသည်။


From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D