သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 8, 2013

ရှစ်လေးလုံးအခမ်းအနား၌ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဦးအောင်မင်း လက်မှတ်ရေးထိုး

သြဂုတ်လ ၇ ရက်တွင် Myanmar Convention Center (MCC) ၌ ကျင်းပသော (၂၅)နှစ်ပြည့် ရှစ်လေးလုံးငွေရတုအခမ်းအနားဒုတိယနေ့သို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့် အဖွဲ့သားများ ရောက်ရှိခဲ့ကြရာ တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ် ပြည်ထောင်စု ဆွေးနွေးပွဲသို့ ၀င်ရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါဆွေးနွေးပွဲကို ရှစ်လေးလုံးငွေရတုအခမ်းအနားတွင် ခေါင်းစဉ်ခြောက်ခုဖြင့်ကဏ္ဍခွဲကာ ဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိရာမှ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသားရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် အနာဂတ် ပြည်ထောင်စု ဆွေးနွေးပွဲသို့ ၀င်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဒီပွဲမှာ ဆွေးနွေးချက်တွေကို မှတ်သားထားပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် စစ်ဖြစ်တဲ့အခါမှာ ဘယ်သူ တရားတယ၊် ဘယ်သူမတရားဘူးဆိုတာကို ကြီးကြပ်ဖို့ အဖွဲ့တစ်ဖွဲ့လိုတယ် အဲဒါပြည်သူပဲဖြစ်တယ် ပြည်သူကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ထည့်ထားပါတယ်။ဟု နိုင်ငံတော် သမ္မတရုံးဝန်ကြီး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးအောင်းမင်းက ၀င်ရောက်ဆွေးနွေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေးကို အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့သော်လည်း နည်းလမ်းမှားယွင်းမှုရှိနေခြင်းကြောင့် ရာနှုန်းပြည့် မအောင်မြင်ခြင်းဖြစ်ကာ တိုင်းရင်းသားအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဆွေးနွေးပွဲဖြစ်ပေါ်လာစေရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

တိုင်းရင်းသား ၁၃၅ မျိုး လက်နက်ကိုင်အဖွဲ့အစည်း၊ လူထုအကုန်လုံးပါဝင်တဲ့ ဆွေးနွေးပွဲမျိုးတွေလုပ်ဖို့ လိုအပ်တယ်။ ဗမာက တိုင်းရင်းသားတစ်မျိုးပဲဖြစ်တယ်။ အခွင့်အရေးပိုယူစရာမလိုဘူး ခင်ဗျားတို့ အနေနဲ့ ဗမာမုန်းတီးရေး ဆိုတာကို မဖြစ်စေပဲနဲ့ တိုင်းရင်းသားတစ်ယောက်လိုပဲမြင်ပေးမယ်ဆိုရင် ဒီပြဿနာတွေ အားလုံးပြီးသွားမှာ ဖြစ်တယ်။ ဟု ဦးအောင်မင်းက ပြောဆိုခဲ့သည်။
ဆွေးနွေးပွဲရပ်နားချိန်၌ အခမ်းအနားရှိ ပြခန်းများ၊ အရောင်းဆိုင်များသို့ လှည့်လည်ကြည့်ရှုကာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းစကားများ၊ အမှတ်တရစကားများ ရေးသားသော နေရာတွင် “အောင်မြင်ကြပါစေ'' ဟု ရေးသားကာ လက်မှတ်ထိုးသွားခဲ့ကြောင်း သိရသည်။

ဦးအောင်မင်းလာတဲ့အပေါ်မှာ စိတ်ခံစားမှုအရပြောမယ်ဆိုရင် တက်ရောက်လာတဲ့ ရဲဘော် တစ်ယောက် လိုပဲ မြင်မိတယ်။ ခံစားချက်ခြင်းကတော့ အတူတူပဲလို့ပြောချင်တယ်။ နိုင်ငံရေးအကျဉ်းသားလွှတ်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ အောင်မြင်ပါစေဆိုတဲ့ လတ်မှတ်ထိုးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွှဲ့အစည်းမှ ကိုမြအေးက ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ဟူသည့် “အရေးတော်ပုံ စကားလုံး အသုံးအနှုန်းအား သဘောမတူသော်လည်း နိုင်ငံတော်သမ္မတက သဘောတူညီမှုရှိကြောင်းကိုလည်း ပြောဆိုသွားခဲ့သည်။ 

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) ၌ ကျင်းပသော (၂၅)နှစ်ပြည့် ရှစ်လေးလုံး ငွေရတုအခမ်းအနား ဒုတိယနေ့ ကျင်းပနေခြင်းဖြစ်ကာ တိုင်းရင်းသားများ၊ နိုင်ငံရေးအင်အားစုများ၊ ပြည်တွင်း ပြည်ပရှိ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်လျက်ရှိကြောင်းကိုလည်း သိရသည်။ 

From : .. မြစ်မခ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D