သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 9, 2013

ဝက်ခြံအမာရွတ် လျော့ပါးစေမည့် အလွယ်နည်းများ

ဝက်ခြံအမာရွတ် လျော့ပါးစေမည့် အလွယ်နည်းများ ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ် နေပါသလား။ မျက်နှာပေါ်တွင် အမာရွတ်တွေကြောင့် အလှပျက်မှာ စိုးရိမ်နေသူတွေ အတွက် သဘာဝ ပစ္စည်းတွေနဲ့ အမာရွတ် လျော့ပါးစေမယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။

ရေခဲကပ်ပါ

ဝက်ခြံအဖုနဲ့ အမာရွတ်တွေ လျော့ပါးစေဖို့ ရေခဲကပ် ပေးပါ။ ရေခဲ ကပ်တာကြောင့် ဝက်ခြံဖု နီမြန်းရောင် ရမ်းမှုနဲ့ အမာရွတ်ထင်တာတို့ကို သက်သာ စေပါတယ်။ အအေးဒဏ်ကို မခံနိုင်ရင် ရေခဲတုံးကို သန့်စင်တဲ့ ပိတ်စနဲ့ ထုပ်ပြီး ဝက်ခြံ အမာရွတ်တွေပေါ် ၁၅ မိနစ်ခန့် ပွတ်သပ်လိမ်းပေးနိုင်ပါတယ်။

အာလူး သခွားသီးနှင့် ခရမ်းချဉ်သီး လိမ်းပါ

အာလူး၊ သခွားသီး၊ ခရမ်းချဉ်သီး တစ်မျိုးမျိုးကို ခပ်ပါးပါး လှီးပြီး ဝက်ခြံ အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံအတိုင်း ပွတ်သပ်ပေးပါ။ အဲဒီအသီးအရည်တွေ ကို အရေပြားထဲ စိမ့်ဝင်တဲ့အထိ ၁၅ မိ နစ်ခန့် ညင်ညင်သာသာ ပွတ်သပ်ပေး ရင် ဝက်ခြံအမာရွတ်တွေကို မှိန်ဖျော့သွား စေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်အေ ပါဝင်တဲ့အတွက် ထိခိုက်နေတဲ့ အသားအရေကို အမြန်ဆုံးပြန်လည်ပြု ပြင်ပေးနိုင်ပါတယ်။

သံပုရာရည် လိမ်းပါ

ဝက်ခြံအမာရွတ်တွေက အရောင် ရင့်တယ်ဆိုရင် သံပရာရည်ထဲမှာ ဝါဂွမ်း စကို နှစ်ပြီးဝက်ခြံအမာရွတ်တွေ ပေါ်မှာ ပွတ်သပ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာမှာ ရေအေးနဲ့ သန့်စင်ရမှာ ဖြစ်ပါတယ်။

ဆော်ဒါမှုန့်ဖြင့် ကြေးချွတ်ပါ

မျက်နှာ အရေပြားကို ဆော်ဒါမှုန့်နဲ့ ကြေးချွတ်သန့်စင်ပေးပါ။ ဆော်ဒါမှုန့် ထ မင်းစားဇွန်း တစ်ဇွန်းနဲ့ ရေထမင်းစားဇွန်း နှစ်ဇွန်းတို့ကို သမအောင်ရောမွှေပြီး ဝက် ခြံ အမာရွတ်တွေပေါ် သုတ်လိမ်းကာ အချိန်နှစ် မိနစ်ခန့်ထားပါ။ ပြီးမှ ကြက် သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။

သံလွင်ဆီ လိမ်းပါ

သံလွင်ဆီက အသားအရေ၊ ဆံကေ သာနဲ့ တစ်ကိုယ်လုံး ကျန်းမာရေးအ တွက် တကယ်အသုံးဝင်ပါတယ်။ အစာ ထဲမှာထည့်သုံးရင် အရသာရှိစေရုံသာမက အသားအရေရဲ့ လှပမှုကိုလည်း တိုး တက်စေပြီး အရေပြား
နူးညံ့ချောမွေ့စေပါတယ်။ သံလွင်ဆီနှစ်စက်-သုံးစက်ခန့်ကို မျက်နှာပေါ် သုတ်လိမ်းပေးရင် ဝက် ခြံ အမာ ရွတ်ကို လျော့ပါးစေပါတယ်။

သခွားသီးဖြင့် ပေါင်းတင်ပါ

အနှစ်ကို မျက်နှာတစ်ပြင်လုံး ပေါင်းတင် သလို သုတ်လိမ်းပေးပါ။ အရေပြားရောင် ရမ်းမှုကို လျော့ကျစေရုံသာမက အသားအရေကို ပြန်
လည်လန်းဆန်းစေပြီး ဝက် ခြံအမာရွတ်တွေကို လျော့ပါးစေပါတယ်။

ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ

ရှားစောင်းလက်ပပ်ကို ဝက်ခြံအ မာရွတ်ကုသရာမှာ အသုံးများပါတယ်။ ရှားစောင်းလက်ပပ်အနှစ်သားဟာ ဝက်ခြံ အဖကု သိုာမက အမာရတွ က် ပိုလျာပါးစေတဲ့ အနာကျက် ဂုဏ်သတ္တိရှိလို့ပါ။ ရှား စောင်းလက်ပပ်
အနှစ်သားအရည်ကို ပုံမှန်လိမ်းပေးရင် ဝက်ခြံအမာရွတ် တဖြည်း ဖြည်း မှိန်ဖျော့လာပါလိမ့်မယ်။

Good Health

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D