သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 10, 2013

ချင်းတောင်တွင် မိုးအဆက်မပြတ် ရွာမှုကြောင့် တောင်ပြို လမ်းပိတ်ဆို့မှုဖြစ်

ချင်းတောင် ဒေသ ဖလမ်း၊ ဟားခါး၊ တီးတိန် မြို့နယ်များနှင့် ဆက်သွယ်သွား လာရသည့် ကားလမ်း
တစ်လျှောက် တွင် မိုးအဆက်မပြတ်ရွာ သဖြင့် တောင်ပြို လမ်းပိတ်မှုများ မကြာ ခဏဖြစ်ပေါ်လျက်ရှိ
ကြောင်း သိ ရသည်။

ယခုရက်ပိုင်း ချင်းတောင် တောင်ပြိုကျသည့်နေရာများမှာ ကလေးမြို့နှင့် မိုင်၃ဝဝေးသော သိုင်းငင်း
ထမင်းစားစခန်းရွာ အ ကြား ကားလမ်းနေရာတွင်လည်း ကောင်း၊ ကလေး-ဖလမ်း-ဟား ခါးကားလမ်း
တွင် လုမ်းဘမ်ရွာ ဝန်းကျင်၊ ဇာမွေရွာဝန်းကျင်နှင့် ရမ်ထလိုရွာ၊ ချွန်ကြုံးရွာဝန်းကျင်၊ ကလေး-တီးတိန်
လမ်းတွင် အာ လွယ်ရွာဝန်းကျင်၊ ဆိုဇန်ရွာဝန်း ကျင်နှင့် ရိဒ်လမ်းတွင် လင်တန်ရွာ၊ ဟိုင်မွလ်ရွာဝန်း
ကျင်တို့တွင် တောင် ပြိုလမ်းပျက်မှုများရှိကြောင်း သိ ရသည်။

''ချင်းတောင်ပေါ်မှာ တောင် ပြိုလမ်းပိတ်တယ်ဆိုတာ တောင် ပေါ်ကမြေကြီးတွေ ချောင်းရေ စီးသလိုပြို
ဆင်းလာတာ။ ချက်ချင်း ပြုပြင်လို့မရဘူး။ နီးစပ်ရာစက် ယန္တရားနဲ့ ဖယ်မယ်ဆိုရင်တောင် အနည်းဆုံး
လေးငါးနာရီလောက် စောင့်ရတယ်။ အခုတော့ လမ်း ပြိုကျတတ်တဲ့နေရာတွေမှာ ဘက် ဖိုးကားကြီးတွေ
ရှိနေတတ်တာ ကြောင့် ဟိုတုန်းကလို ညအိပ်စောင့် ရတာမျိုးတော့ မတွေ့ရပါဘူး'' ဟု ကလေး-ဟားခါး
သွား ယာဉ် မောင်း ဦးဟန်ဝင်းအောင်က ပြော သည်။

ချင်းတောင်ပေါ်လမ်းများ သည် အောက်ခံမြေသားခိုင်မာမှု မရှိသည့်အပြင် တောင်ကမ်းပါးကို ကပ်လှီး
ဖောက်လုပ်ထားရသည့် လမ်းဖြစ်သည့်အတွက် ရာသီမရွေး မြေပြိုကျမှုရှိသည်။ အထူးသဖြင့် မိုးအဆက်
မပြတ်ရွာနေသည့် ယခုလိုရာသီတွင် တောင်ပြိုလမ်းပျက်မှုကို နေရာတိုင်းတွင်တွေ့ရကြောင်း သိရသည်။

ပန်သစ္စာ၊ တီးတိန် ၊ သြဂုတ်(၈) ၊
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D