သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 9, 2013

သစ်ခိုးထုတ်မှုဆိုးရွားနေ၍ စစ်တပ်အကူအညီဖြင့် ဖမ်းဆီးရန်စီစဉ်

ရန်ကုန်-ရှမ်းပြည်နယ်တွင် တရားမ၀င် သစ်မှောင်ခိုထုတ်ယူပြီး တရုတ်နိုင်ငံဘက်သို့ ရောင်းချနေမှုများ ဆိုးရွားစွာဖြစ်ပေါ်နေလျက်ရှိရာ တားဆီးနိုင်ရေးအတွက် စစ်တပ်အကူအညီ တောင်းထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

သစ်မှောင်ခိုထုတ်ယူမှု များပြားနေသလို တားဆီးရန်ကြိုးစားသည့် သစ်တောဝန်ထမ်းအချို့ကိုပင် ရန်ပြုခံရခြင်းကြောင့် ပြည်နယ်အစိုးရအနေဖြင့် တောတွင်းသို့ သွားရောက်တားဆီးရန် မလွယ်ကူကြောင်း၊ သစ်မှောင်ခိုထုတ်သူများကို ဖမ်းဆီးနိုင်ရန်အတွက် စစ်တပ်မှ အကူအညီပေးရန် စာရေးသား အကူအညီတောင်းထားခြင်းဖြစ်ကြောင်း ၀န်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ရှမ်းပြည်နယ်မှ သစ်ခိုးထုတ်မှု များပြားနေပြီး အထူးသဖြင့် နယ်မြေတည်ငြိမ်မှုမရှိသည့် ဒေသများမှ ခိုးထုတ်ကာ တရုတ်နိုင်ငံသို့ ရောင်းစားနေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သည့် မဘိန်းနှင့် မိုးမိတ်ဒေသများတွင် သစ်မှောင်ခိုထုတ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ၀န်ကြီးက ပြောသည်။

“နမ့်ခမ်းတစ်ဝိုက်မှာ၊ ရွေလီကူးတို့ဆိပ်တစ်ဝိုက်မှာ တောက်လျှောက်ပေါ့။ တပ်ကို စာပို့ထားပြီး အကူအညီတောင်းထားတယ်။ စစ်တပ်နဲ့ ပိတ်ဆို့ဖမ်းဆီးဖို့ စီစဉ်ထားတယ်” ဟု ၀န်ကြီးက ပြောသည်။သစ်ခိုးထုတ်မှုများပြားသည်ဆိုသည့် မဘိန်းနှင့် မိုးမိတ်ဒေသများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရှိပြီး ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်ဒေသများဖြစ်သည်။ ၎င်း ဒေသတွင် ကချင်နှင့်ရှမ်း လက်နက်ကိုင်အဖွဲ့များရှိသည်။

မဘိန်းနှင့် မိုးမိတ်ဒေသမှ သစ်များထုတ်ယူပြီး တရုတ်နိုင်ငံဘက်သို့သာမက ရေလမ်း၊ ကားလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးသို့တိုင် တရားမ၀င်သယ်ဆောင်မှုများရှိသည်ဟု ၎င်းဒေသသို့ လိုင်းကား မောင်းနှင်သွားလာလေ့ရှိသည့် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

သစ်မှောင်ခိုထုတ်ယူမှုများ တားဆီးရန်ကြိုးစားခဲ့ရာမှ ပြန်လည်ရန်ပြုခံရသဖြင့် သစ်တောဝန်ထမ်းတစ်ဦး သေဆုံးခဲ့သလို လွန်ခဲ့သောလပိုင်းက အခြားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် သစ်တောနှင့် သတ္ထုဝန်ကြီးက ပြောသည်။

ရှမ်းပြည်နယ်မှ ဖြတ်သန်းကာ သစ်နှင့် သစ်တောထွက်ပစ္စည်း၊ ကျောက်မျက်ရတနာနှင့် ရှေးဟောင်းပစ္စည်းများ တရုတ်နိုင်ငံဘက်သို့ တရားမ၀င်တင်ပို့မှု များပြားနေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်က ပြောသည်။ ထိုသို့ တရားမ၀င်တင်ပို့နေမှုများအား စစ်ဆေးဖော်ထုတ်အရေးယူရန် လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လက နောင်ချိုမြို့တွင် ပြုလုပ်သည့် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ရွေ့လျားစစ်ဆေးရေးအဖွဲ့ လွှဲပြောင်းပွဲ၌ ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သစ် တာဝန်ယူပြီးသည့်နောက်ပိုင်းတွင် တရားမ၀င်ခိုးထုတ်နေသော သစ်များမှာ တစ်နှစ်လျှင် တန်ချိန်လေးထောင်ခန့် နှစ်စဉ်ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရှမ်းပြည်နယ်အကျယ် ၀န်း၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်းမှာ သစ်တောဖုံးလွှမ်းမှုဧရိယာဖြစ်ပြီး ပြည်နယ်အကျယ်အ၀န်း၏ ၂၂ ဒသမ ၈ ရာခိုင်နှုန်းကို ကြိုးဝိုင်းသစ်တောများအဖြစ် သတ်မှတ်ထားကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်မှ ကျွန်းသစ်နှင့်သစ်မာ စုစုပေါင်း တန်ချိန် သုံးသိန်းကျော် ထုတ်ယူခဲ့ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

တရားမ၀င် သစ်ခိုးထုတ်ခြင်းနှင့် သစ်များခုတ်လှဲကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုများကြောင့် မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။



From : ..7 day

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D