သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 10, 2013

၁၃ နှစ်သမီးကို ပေါင်းသင်းမိသဖြင့် အဓမ္မမှုဖြင့် တရားစွဲခံရ

အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းမိသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် အဓမ္မကျင့်မှုဖြင့် ရွှေပြည်သာရဲစခန်းတွင် တိုင်ကြားခံထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါ မိန်းကလေးငယ်၏ မိဘများသည် သြဂုတ် ၂ ရက်က ၎င်းတို့သမီး ကျူရှင်သွားရာမှ အိမ်သို့ပြန် မလာသဖြင့် လိုက်လံရှာဖွေနေခဲ့ကြောင်း၊ ထိုသို့ လိုက်လံရှာဖွေနေစဉ် သူတို့သမီးကို တစ်လမ်းတည်းနေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ် သို့ ခေါ်ဆောင် သွားကာ ပေါင်းသင်းနေထိုင်နေကြောင်း သိရှိခဲ့ရသည်ဟု ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် မိဘများသည် သမီးဖြစ်သူကို သြဂုတ် ၆ ရက်တွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူ့သမီးကို ပေါင်းသင်းခဲ့သည့် အမျိုးသားကိုလည်း အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းသူအဖြစ်စွပ်စွဲကာ ရွှေပြည်သာရဲစခန်း၌ တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင်တွေ့ ရသည်။

ယင်းသို့ တိုင်တန်းမှုကို ရွှေပြည်သာရဲစခန်းက အမှုအမှတ် (ပ) ၅၆၆/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ အမျိုးသားကိုလည်း ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး သူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရနိုင်ချေရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

From: Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D