သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 9, 2013

လုပ်စားနေသော လူများနှင့် အင်တာဗျူးခဲ့ရာဝယ်

အဲဒီနာမည်နဲ့ လုပ်စားနေတဲ့ကောင်တွေနဲ့  အင်တာဗျုးခဲ့တဲ့ဟာလေးတစ်ခု...

--------------
TR: ခင်ဗျားတို့ က မြန်မာကျောင်းသားကို ကိုယ်စားပြုရင် မြန်မာကျောင်းသားတွေအတွက် ဘာလုပ်တာရှိလဲ...ကျောင်းသားတွေ အတွက် ကျောင်းစည်းကမ်း.. ကျောင်းသားတွေ ပညာရေးအတွက် ဘာလုပ်လာရှိလဲဟင်...

အဖြေ: ကျနော်တို့  မြန်မာနိုင်ငံအတွက် နိုင်ငံရေးလုပ်နေပါတယ်...

TR: အော်.. အင်းအင်း ဟုတ်ပါပြီ... ခင်ဗျားတို့ အဖွဲ့ ထဲမှာ မြန်မာပြည်ထဲမှာ အခုထိကျောင်းတက်ပြီး ကျောင်းသားတွေနဲ့  ကျောင်းသားများ ကောင်းစားရေး... ကျုရှင်စာရိတ်သက်သာရေး.. ပညာရေး ထူးချွန်အောင် ဆောင်ရွက်ရေးတို့ အတွက် လုပ်ဆောင်နေတာရှိပါသလား..

အဖြေ: ကျနော်တို့ ထဲမှာလား ကျောင်းသားမဟုတ်တော့လေ.. ကျနော်တို့ မြန်မာနိုင်ငံအတွက် နိုင်ငံရေးလုပ်နေပါတယ်...

TR: အော်.. အင်းအင်း ဟုတ်ပါပြီ... အကိုတို့ က ကျောင်းသားလား... အသက်ဘယ်လောက်ရှိပြီလဲဟင်..

အဖြေ: ကျနော်တို့ က ကျောင်းသားလေ ၈၈ တုန်းက... အသက်က ၄၀ ကျော်နီးပါးရှိပြီလေ...

TR: သိပါတယ် ကျနော်လည်း ကျောင်းသားပါဘဲ.. အခုတော့ ကျနော် IT မှာ လုပ်တဲ့ တစ်ယောက်ပါ.. ကျနော်ကို လူတိုင်းသိတာကတော့ IT သမားတစ်ယောက်ပေါ့.. လက်ရှိပညာ အဆင့်အတန်းအရ ခေါ်ကြတာပေါ့... ကဲ ကျနော်ကို ကျောင်းသားလို့  သတ်မှတ်မှာလား IT သမားတစ်ယောက်လို့  သတ်မှတ်မှာလား အကိုတို့ က... ပြီးတော့ ဥပမာတစ်ခုပြောမယ်နော် ကျနော်အိမ်နားက မိသွယ်က ကိုထွန်းလှိုင်ရဲ့  မိန်းမလေ.. အခုတော့ သူနဲ့ ကွဲသွားပြီ.. ကိုထွန်းလှိုင်နဲ့ နေတုံးက ကိုထွန်းလှိုင်မိန်းမပေါ့.. အခုတော့ သူ့ ကို ကိုထွန်းလှိုင်မိန်းမလို့  ခေါ်ရင် ကောင်းမှာလားဟင်..

အဖြေ:ကျနော်တို့ က TR ကို IT သမားလို့  သတ်မှတ်တယ်လေ..အခုလက်ရှိ အနေအထားကို ကိုင်ပြီး ပြောရတာပေါ့.. ကိုထွန်းလှိုင်မိန်းမလို့  ရှေ့ တည့်တည့်ခေါ်ရင် မကောင်းပါဘူးလေ..


TR: ကဲဒါဆိုရင် အကိုတို့ ကျောင်းသား ကျောင်းသားလို့  အော်နေတဲ့လူတွေ အသက်ကတော့ တပိုင်းကျိုးနေပြီ.. အလုပ်မရှိအကိုင်မရှိ.. အဲဒီတော့ အကို့ တို့ ကို အလုပ်လက်မဲ့ခေါ်ရမှာလားဟင်..

အဖြေ: ကျနော်တို့ က နိုင်ငံရေးလုပ်နေတယ်.. နိုင်ငံရေးသမားလို့ ခေါ်ပေါ့..

TR: ဟုတ်ကဲ့.. ဒါဆို ဘာဖြစ်လို့  88 ကျောင်းသားလို့  ထည့်ထည့်ပြောနေရလဲဟင်..

အဖြေ: သူများ ရှိန်အောင်လို့ လေ.. ငါတို့ က နိုင်ငံရေးလုပ်တာလေ.. ငါတို့ နာမည်က အဲဒီနာမည်နဲ့  စားနေတာ...

TR: ဒါဆိုရင် အခုတက်နေတဲ့ ကျောင်းသားတွေကို ဘယ်လို မြင်ပါသလဲ..

အဖြေ: ညီလေးတွေလို့ ဘဲ မြင်ပါတယ်.. သူတို့ အတွက် ကျနော်တို့  တိုက်ပွဲ ၀င်နေပါတယ်...

TR: အခုဗျာ မြန်မာပြည်က လက်ရှိကျောင်းသားတွေ (ခင်ဗျားတို့ ကို မဆိုလိုဘူး) ရော ပြည်သူတွေရော တိုင်းပြည်အတွက် လုပ်နေကြတာတို့  ရှိတယ်လေ... ဘယ်လို မြင်ပါသလဲ... ပါတီတို့ တော့ မ၀င်ပါဘူးလေ..

အဖြေ: ကျနော်တို့ အဖွဲ့ ထဲကို လာပြီး ပူးပေါင်းပြီး ကျနော်တို့ ခိုင်းတာ လုပ်စေချင်ပါတယ်.. (တိုင်းပြည်ကောင်းကျိုးပေါ့) သူတို့  တကယ်လို့  ကျနော်တို့ ခိုင်းတာ လုပ်လို့ အဖမ်းခံရရင် ကျနော်တို့  radio က အော်ပေးလို့ ရပါတယ်...ဟိုတုန်းကဆို ကချင်ပြည်နယ်က ဘိန်းရာဇာကြီး ကျနော်တို့ နဲ့  မပူးပေါင်းလို့  အဖြစ်ဆိုးနဲ့ သေခဲ့ရပြီလေ.. အဲဒါသာကြည့် ကျနော်တို့ မအော်လိုက်ရင် ဘာမှမရဘူးလေ... အဲဒါကြောင့် ကျနော်တို့ နဲ့  ပူးပေါင်းစေချင်ပါတယ်..

TR: အင်းဗျာ.. ကျနော်လည်း သတိထားမိပါတယ်.. အခုကျောင်းသားတွေ နဲ့  သူတို့ မိသားစုတွေက ပညာရေးနဲ့  ထူးချွန်ဖို့ အတွက် လူငယ်တွေ ပညာရေး စရိတ်လျှော့ချဖို့ ရော လုပ်နေကြပါတယ်..ခုခေတ် ကျောင်းသားတွေက ပညာရေးကို အလေးထားချင်ကြတယ်... နိုင်ငံတကာနဲ့  ရင်ဘောင်တန်းဖို့ အတွက်... အဲဒါ ဘာလိုသဘောရလဲ.. အကြံပေးလို့  ရမလား...

အဖြေ: ကျနော်တို့ မှာ Network တွေရှိပါတယ်.. ကျနော်တို့ ခိုင်းတာလုပ်ရင် နိုင်ငံတကာကို သွားဖို့ အခွင့်အရေးရှိပါတယ်...၈၀% ကတော့ ကျနော်တို့ နဲ့  ပူပေါင်းတဲ့လူတွေ UN program ကို အားကြကျပါတယ်... (UN က ချပေးတဲ့ Refugee Resettlement Program) ပေါ့.. အခုဆိုနိုင်ငံခြားမှာ ကျနော်တို့  Network ကလူတွေ ရောက်သွားကြတာ အများကြီးဘဲ.. ဥပမာ states မှာဆို Sushi လုပ်ပြီး နိုင်ငံတကာနဲ့  ရင်ဘောင်တန်းပြီး လုပ်နေကြတယ်..

TR: အင်းအင်း.. အကိုတို့  ကျောင်းသားတွေဆိုတော့ ကျနော် နောက်ဆုံး ကျောင်းသားဆီက ပညာလေး တစ်ခု ရချင်ပါတယ်.. အဲဒါကတော့ တခါတလေ.. English လူမျိုးတို့ နဲ့  ပြောတဲ့အခါပေါ့ အသုံးဝင်မယ်ထင်လို့ လေ.. ကဲ ကျနော့် မေးခွန်းက
English လို သောက်တလွဲလို့  ဘဲလိုပြောလဲ...

အဖြေ.... (တိတ်ဆိတ်လျက်..... ငါးမိနစ်လောက် စဉ်းစားနေဆဲ)

ကျနော်လည်း အဲဒီ ကျောင်းသားဆိုတဲ့ တေမိ သောက်တလွဲ ပြောမယ့် စကားကို မစောင့်နိုင်တော့ဘဲ.. အခန်းထဲမှာ ထွက်ခွာခဲ့လေသည်...

--------

အဲလို တင်ပြီးလို့  များမကြာပါဘူးဗျာ... အဲကောင်တွေ အသိတရား ရသွားတယ်ထင်တယ်... ၈၈၈၈ ကျောင်းသားနာမည်ကို နောက်တစ်ခုပြောင်းသွားလေရဲ့ ...

From:Bug Lab

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D