အီဂျစ်သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က ရာထူးမှ ဖြုတ်ချခဲ့ခြင်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ကို အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် ဝန်ကြီးချုပ်၏ ထိုသို့ လက်ရှိအစိုးရ ဆန့်ကျင်ရေး အင်အားစု မွတ်ဆလင် ညီနောင်များကို ဖျက်သိမ်းရန် အကြောင်းကြားမှု ထွက်ပေါ်လာခြင်း ဖြစ်ပေ သည်။
အဖြုတ်ချခံ မိုဟာမက်မော်စီသည် မွတ်ဆလင် ညီနောင်များ အင်အားစု လှုပ်ရှားမှု၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး အီဂျစ်နိုင်ငံ သမိုင်း တစ်လျှောက်တွင် ပထမဦးဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံ သမ္မတ လည်း ဖြစ်ပေသည်။
ယင်းသို့ မွတ်ဆလင် အဖွဲ့အစည်းကို ဖျက်သိမ်းရန် တောင်းဆိုချက်ကို ဝန်ကြီးချုပ်က အဖွဲ့အစည်း မှတ်ပုံတင်ရေးရာကို ကိုင်တွယ်သည့် လူမှုဝန်ထမ်း ဝန်ကြီးဌာနကို တင်ပြထားခြင်း ဖြစ်ကြောင်း အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ရှရစ်ဖ်ရှော်ကီက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။
“ဒါကို လက်ရှိ လေ့လာနေလျက် ရှိပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားသေးသည်။
အဆိုပါ အစ္စလာမ္မစ် အဖွဲ့အစည်းကို ၁၉၂၉ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ၂၀၁၁ မူဘာရက်ဖြုတ်ချရေး ဆန္ဒပြပွဲ အပြီးတွင် နိုင်ငံရေး လက်တံအဖြစ် Freedom and Justice Party ကို တည်ထောင်ခဲ့သည်။
မွတ်ဆလင် ညီနောင်များသည် ၁၉၅၄ တွင် တစ်ကြိမ် စစ်အုပ်ချုပ်သူ များကြောင့် အဖွဲ့ဖျက်သိမ်း ခံလိုက်ရပြီး နောက်ပိုင်းတွင် အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ရပ်အဖြစ် မှတ်ပုံတင်ခဲ့သည်။
ဖျက်သိမ်းရန် လိုအပ်သည်ဟု အစိုးရအဖွဲ့က ပြောဆိုထားသော် လည်း နိုင်ငံခြားရေး ဝန်ကြီးကမူ ဆွေးနွေးရန်အတွက် တံခါး ဖွင့်ထားပါသည် ဟု ပြောဆိုခဲ့သည်။
“ပါဝါရှိတဲ့ လူတွေနဲ့ ကျွန်တော်တို့က ပွင့်လင်း ယုံကြည်စွာ စကား ပြောဆိုပါ မယ်။ ကျွန်တော်တို့ဟာ အောင်မြင်တဲ့ အဆုံးသတ် တစ်ခု ရရှိဖို့အတွက် ညှိနှိုင်း ဆွေးနွေးဖို့ရာ တံခါးဖွင့်ထားပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီး နဘီဖာမီက ပြောကြားခဲ့သည်။
မွတ်ဆလင် ညီနောင်များကို ဖျက်သိမ်းရန် အစိုးရ အကြီးအကဲ တစ်ဦး၏ ဖော်ပြပါ ပြောဆိုမှုကို ယင်းအဖွဲ့အစည်းက တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...