သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 6, 2013

အင်ဒိုနီးရှားရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်း ဗုံးခွဲ တိုက်ခိုက်ခံရ

 
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်း တစ်ကျောင်းတွင် အသေးစား ဗုံးခွဲ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ကာ ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပြီး ကျန်နှစ်လုံးမှာ မပေါက်ကွဲခဲ့ကြောင်း Jakarta post သတင်းစာက ရေးသား ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် လူတစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး အင်ဒိုနီးရှား ရဲတပ်ဖွဲ့နှင့် အစိုးရတို့က အဆိုပါ ပြစ်မှု ကျူးလွန်သူများကို ရှုတ်ချလိုက်သည်။

အဆိုပါ ပေါက်ကွဲမှုသည် မြို့တော် ဂျာကာတာ အနောက်ပိုင်း ဧကယနဂါဟ ဘုရားကျောင်းတွင် တနင်္ဂနွေနေ့ ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သာသနိက အဆောက်အအုံ ရှေ့မျက်နှာစာ တံခါးအနီး ပျက်စီးမှု အနည်းငယ်ရှိခဲ့ကြောင်း ရဲချုပ် ဆူတာမန်က အခင်းဖြစ်ရာ နေရာအနီးတွင် သတင်းထောက်များကို ပြောကြားသည်။
နောက်ထပ် ဗုံး တစ်လုံးမှာ နောက်ဘက် တံခါး အနီးတွင် မီးခိုးများ ထွက်လာ ပြီး မပေါက်ကွဲခဲ့ဘဲ ဘုရားကျောင်း အတွင်းတွင်လည်း မပေါက်ကွဲသေး
သော နောက်ထပ် ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သည့် အဖွဲ့အစည်း ရှိနေသည်ကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

“အခုဆိုရင် အကြမ်းဖက်သမားတွေဟာ ခရစ်ယာန် ဘုရားကျောင်းတွေကို တိုက်ခိုက်နေတာကနေ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေဘက်ကို ပစ်မှတ်ပြောင်း တိုက်ခိုက်နေကြပါပြီ” ဟု ရဲချုပ် ဆူတာမန် က ဆိုသည်။

ယင်းသို့ အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်များ တိုက်ခိုက်ခံနေရခြင်း သည် မြန်မာနိုင်ငံရှိ ဘာသာရေး အဓိကရုဏ်းများကြောင့် ဖြစ်ကြောင်းလည်း အဆိုပါ ရဲတပ်ဖွဲ့ အကြီးအကဲက ထောက်ပြသွားသည်။

ယင်းပဋိပက္ခများကြောင့် အင်ဒိုနီးရှားရှိ မွတ်ဆလင် စစ်သွေးကြွများက ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထားလာကြပြီး ဗုဒ္ဓ သာသနာနှင့် သက်ဆိုင်သည့် နေရာများကို တိုက်ခိုက်မည်ဟု တန်ပြန် ကြုံးဝါးခဲ့သည်။

ပြီးခဲ့သည့် မေလ အတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးကို ဗုံးထောင်ခဲ့ဖူးပြီး ယင်းသို့ ပြုလုပ်သူ နှစ်ဦးကို ဖမ်းဆီးထားသည်။

အင်ဒိုနီးရှားသည် ကမ္ဘာ့ မွတ်ဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး အများစုမှာ အစွန်းမရောက်ကြဘဲ အလယ်အလတ် လမ်းစဉ်ကိုသာ ကျင့်သုံးကြကာ အရှေ့တောင်အာရှတွင်လည်း အောင်မြင်သော ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D