အီဂျစ်
နိုင်ငံတွင် သမ္မတ မိုဟာမက် မော်စီအား ထောက်ခံသည့်ဆန္ဒပြသူ များနှင့်
လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ
အီဂျစ်ပြည်သူ ၄၂၁ ဦးခန့် သေဆုံး ခဲ့ပြီးနောက် အဆိုပါ
ဆူပူ အုံကြွမှု များသည် အာရပ် နိုင်ငံများသို့ ရိုက်ခတ်လာနိုင်သောကြောင့် အရေးပေါ် အခြေအနေ တစ်ရပ်ကို အီဂျစ် အစိုးရက ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာ သတင်း ဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
ဆူပူ အုံကြွမှု များသည် အာရပ် နိုင်ငံများသို့ ရိုက်ခတ်လာနိုင်သောကြောင့် အရေးပေါ် အခြေအနေ တစ်ရပ်ကို အီဂျစ် အစိုးရက ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာ သတင်း ဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုတွင် ဆန္ဒပြသူ များကို တပ်ဖွဲ့ဝင် များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မော်စီအားထောက်ခံသူများနှင့် ဆန့်ကျင်သူများ အကြား နှစ်ခြမ်း ကွဲမှုများ ထပ်မံဖြစ်ပေါ်နေရကြောင်း ၎င်းသတင်း ဌာနက ဆက်လက် ပြောကြားခဲ့သည်။
ထို့ကြောင့် အီဂျစ် အစိုးရသည် အရေးပေါ် အခြေအနေတစ်ရပ်ကိုသြဂုတ် ၁၄ရက်ကဂရင်းနစ်စံတော်ချိန်၁၄နာရီမှစတင်၍သြဂုတ်လကုန်အထိထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အရှေ့မြောက် ဘက်ရာဘားအယ်လ် အဒါစီယာဗလီ ၀န်းကျင်ရှိလမ်းမများပေါ်တွင်မော်စီကိုထောက်ခံသူထောင်ပေါင်းများစွာသည် ပြီးခဲ့သည့်သီတင်းပတ်ခြောက်ပတ်အတွင်းမှစ၍ဆန္ဒပြမှုများဆင်နွှဲခဲ့ကြပြီး အဆိုပါဆန္ဒပြသူများကိုရဲ တပ်ဖွဲ့ဝင်များကမျက်ရည်ယိုဗုံးများခွဲ၍လူစု ခွဲခဲ့ကြောင်း သိရသည်။
ထို့နောက် ဆူပူ အုံကြွမှု များသည် ကိုင်ရိုမြို့အပြင်မင်ယာမြို့၊အက်စုမြို့နှင့် အလက် ဇန်းဒရီးရား မြို့တို့အထိ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...