မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗွီဆိုင်တစ်ခုတွင် ယခုလ ၁၆
ရက်နေ့ည ၁၀
နာရီအချိန်ခန့်က ပစ္စတိုသေနတ် တစ်လက်နှင့် လူငါးယောက်မှ
ဆူပူသောင်းကျန်းလက်ရှိကြောင်း သက်ဆိုင်ရာမှ သိရှိရသဖြင့် အချိန်မီသွားရောက်
စီစစ်ခဲ့ရ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် ဧည့်သည်တော် သစ်ပွဲစားတစ်ဦးနှင့် သစ်ထုတ်ရေးဝန်ထမ်း တစ်ဦး အပါအ၀င် လူငါးယောက်တို့သည် မုံရွာ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗွီ ဆိုင်တစ်ဆိုင်သို့ ညနေ ၄ နာရီအချိန်မှစတင် ၍ရောက်ရှိကာ သီချင်းဆိုခြင်း၊ အဖျော်ရည်ယမကာများအား မှာယူစားသောက်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ စက်ရှင်(၆)နာရီမျှ ယူခဲ့ကြောင်း၊ ၎င်းဆိုင်များအား ည ၁၀ နာရီ အချိန်တွင် ဆိုင်ပိတ်ချိန်အဖြစ် သက်ဆိုင်ရာမှ သတ်မှတ်ထားသည့်အတွက် ဆိုင်ပိတ်ချိန်ကျရောက်နေသည့်အတွက် ဆိုင်တာဝန်ခံမှ မေတ္တာရပ်ခံခဲ့ရာ ထိုလူငါးယောက်အနက်မှ ကိုစိုင်းဆိုသူ သစ်ပွဲစား မှ ပစ္စတိုသေနတ်တစ်လက်ထုတ်၍ ၎င်းမှာ ဦးခွန်ဆာအဖွဲ့မှဖြစ်ကြောင်း၊ ဦးခွန်ဆာနှင့်လည်း မွေးချင်းတော်စပ်ကြောင်း၊ စသဖြင့် ပြောဆို၍ ဆိုင်လုပ်သားများအပေါ် မဖွယ်မရာ ပြုမူဆက်ဆံခဲ့သည်ဟု ၎င်း ဆိုင်ဝန်ထမ်းများမှ ဆိုသည်။
အဆိုပါ လူငါးယောက်၏ အမည်/အသက်/ မှတ်ပုံတင်အမှတ်/ နေရပ်လိပ်စာများအား အစုံအလင် သိရှိပြီးဖြစ်သော် လည်း သတင်းသမားတို့၏ ကျင့်ဝတ်အရ ဖော်ပြရန် မသင့်လျော်ဟု ယူဆရသဖြင့် ထုတ်ဖော်ရေးသားခြင်းမပြုရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။
သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါ လူငါးယောက်မှ ကိုင်ဆောင်သော ပစ္စတိုသေနတ် တစ်လက်သည် မုံရွာမြို့၊ ကျောက္ကာလမ်းမကြီပေါ်ရှိ စတိုးဆိုင်ကြီးတစ်ခုမှ ငွေကျပ် ၅၀၀၀ ဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း သေနတ်အား ပစ်ခတ်အသုံးပြုရန် ကျည်ဆံအလုံးလေးများ ပါရှိကြောင်း သိရှိရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင် သစ်ပွဲစားလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်အနေဖြင့် တောတောင်များအတွင်း အချိန်အခါမတော် သွားလာရသည့်အတွက် ဟိတ်ဟန် အဆောင်အယောင်တစ်ခုအဖြစ် အသုံးပြု ရန် ရည်ရွယ်ချက်များဖြင့် ၎င်း ပစ္စတိုသေနတ်(အတု)အား ၀ယ်ယူခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ရည်ရွယ်ချက်သဘော ရိုးသည်ဟု မဆိုသာသော်လည်း အပျော်လွန်၍ အသုံးပြုမှုလွဲမှာကာ အများပြည်သူ အထိတ်တလန့်ဖြစ်စေနိုင်သော လုပ်ရပ်များအဖြစ် အသွင်ကူးပြောင်းသွားသည့်အတွက် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာကိစ္စရပ်များပေါ်ပေါက်လာနိုင်ကြောင်း၊ ၎င်း သေနတ်သည် အတု သို့တည်မဟုတ် အစစ် ဖြစ်စေကာမူ ယင်းလုပ်ရပ်သည် မြို့၏ ဂုဏ်သိက္ခာအား ထိခိုက်နစ်နာ နိုင်စေကြောင်း၊ ရိုးသားမှုကိုအခြေခံ၍ ပျော်ရွှင်မှုများကို အမျိုးမျိုး ရယူနိုင်ပါကြောင်း၊ ဒေသခံ တစ်ယောက်အနေဖြင့် အကျွှနှုပ် သုံးသပ်ထင်မြင်မိရတော့သည်။
သတင်း+ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)
From: ဟာဂျူလီ ကသာ

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...