သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 20, 2013

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သို့မဟုတ် သင်ခန်းစာ ယူတတ်သူ”

ဒီ ၁၀ နှစ်အတွင်း အရာရာ ပြောင်းလဲနေခဲ့ပါပြီ။
သူ(ဦးနေ၀င်း) ကိုယ်တိုင် တာဝန်ပေးထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊
ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်နဲ့ အစိုးရ ယန္တယား တစ်ခုလုံးကို သူတို့ဖာသာ သူ
တို့ ကောင်းကောင်း ကိုင်တွယ် ထိန်းချုပ်ထားနိုင်ပါပြီ။
သူတို့ အပါအ၀င် ထိပ်တန်းက စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေဟာလည်း စီးပွားရေး နယ်ပယ်
မှာ နေရာယူ ကျင်လည်နေကြပါပြီ။

စည်သူအောင်မြင့် မြန်မာပို့စ် ဂျာနယ်၊ ၂၀-၈-၁၃။ စာ- ၆။
အားလုံး စိတ်ဝင်စားသူ ၂၀၁၁ မတ်လကုန် အစိုးရအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းတဲ့အခါ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေဟာ ဘာတာဝန်မှ ယူတာ မတွေ့ရတော့ပါဘူး။

အရေးအကြီးဆုံးဖြစ်တဲ့ တပ်မတော် တာဝန်က လည်း လုံးဝ အနားယူသွားပြီး တပ်မတော် ကာကွယ်
ရေး ဦးစီးချုပ် အသစ်ကို တာဝန်ပေးသွားပါတယ်။

ဒီလိုအခင်းအကျင်းကို မြင်ရတဲ့အခါ ပြည်တွင်း ပြည်ပ နိုင်ငံရေးအကဲခတ်သူတွေ၊ နိုင်ငံရေးသမားတွေ
အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တကယ် အနားယူသွားတယ် ဆိုတာကို ဘယ်သူမှ မယုံနိုင်ကြပါဘူး။

ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ မပါတဲ့ ဒါမှမဟုတ် လူတွေကို အသိမပေးတဲ့ အဖွဲ့အစည်း တစ်ခုခုမှာ တာ
ဝန် ယူထားပြီး တိုင်းပြည်ရဲ့ အာဏာကို ဆက်ပြီး ချုပ်ကိုင်ထားမယ် ဆိုပြီး ထင်ကြေးပေးကြပါတယ်။

ဒီအတွက် ပြည်ခိုင်ဖြိုးပါတီ တာဝန်ယူထားသူတွေကလည်း ရှင်းကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဟာ ပါတီမှာလည်း လုံးဝ မပါတော့ဘူး၊ လုံးဝ အနားယူသွားပါပြီ။ သူတို့တောင် တစ်ခါတစ်လေ သွား
ပြီး ဂါရ၀ ပြု တယ် စသဖြင့် ရှင်းကြပါတယ်။

တစ်ချို့ မယုံကြည်သူတွေကတော့ စစ်အစိုးရ အာဏာလွှဲမပေးခင် နောက်ဆုံး ထုတ်ပြန်သွားတဲ့ ဥပဒေ
ထဲ မှာ ပြည်သူ့စစ် ဥပဒေ ဆိုတာ ပါတယ်။ အဲဒီမှာ အရေးပေါ်အခြေအနေဆိုရင် စစ်တပ်က အငြိမ်းစား
ယူသွား သူတွေဟာ သူနောက်ဆုံး တာဝန် ထမ်းဆောင် သွားတဲ့ ရာထူး အတိုင်း တာဝန်ပြန်ပြီး ထမ်း
ဆောင်ရမယ် အဲလို ပြဌာန်းထားတာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အချိန်မရွေး ပြန်လာနိုင်အောင် လမ်း
ခင်းပေးထား တာ ဖြစ်တယ် ဆိုပြီး မှန်းဆသူတွေကလည်း မှန်းဆ ကြပါတယ်။

တစ်ချို့ကတော့လည်း သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း သူတို့တွေ ဦးသန်းရွှေဆီ သွားမသွား မသိနိုင်
ပေ မယ့် ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မှန်မှန်သွားတွေ့တယ်၊ သဘောကတော့ ဦး
သန်းရွှေဟာ ကာချုပ်ကနေ တဆင့်တပ်ကို ဆက်ပြီး ထိန်းချုပ်ထားတယ် ဆိုတဲ့ သဘောမျိုး ထင်ကြေး
ပေးသူက လည်း ပေးကြပါတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဒါတွေဟာ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ အပေါ်မှာ တည်
ဆောက် ထားတာတွေ မဟုတ်ပဲ မှန်းဆ ထင်မြင် ချက်တွေလောက်သာ ဖြစ်ပါတယ်။

အာဏာ ဘယ်သူရှိ သလဲ ကြည့်တဲ့နည်း

အရင် စစ်အစိုးရလက်ထက်တုန်းကတော့ တိုင်းပြည်မှာ ဘယ်သူက အာဏာအရှိဆုံး၊ ဒါမှမဟုတ် ဘယ်
သူ က ဘယ်သူ့ထက် ပိုအာဏာရှိသလဲ ဆိုတာ ကြည့်တဲ့နည်း ရှိပါတယ်။

သတင်းစာတွေမှာ ဖော်ပြတဲ့ တန်းစီဇယားမှာ ကြည့်ရင် သိနိုင်သလို အဲဒီထက် သေခြာတဲ့နည်းလည်း
ရှိပါတယ်။ အဲဒါကတော့ အာဏာပိုင်တွေရဲ့ သားသမီးတွေ သွားလာလှုပ်ရှားပုံကို ကြည့်လိုက်ရုံပါပဲ။

ဥပမာအားဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုင်းပြည်နံပါတ် (၁) အာဏာရှိစဉ်က သူ့သားသမီး၊ မြေး တွေ
ဟာ အခြား စစ်ခေါင်းဆောင် သားသမီး မြေးတွေနဲ့ ယှဉ်လိုက်ရင် နံပါတ်(၁) ဦးစားပေး ခံရပါတယ်။

အခြား စစ်ခေါင်းဆောင်တွေလည်း အဲလိုပါပဲ။ သူတို့ သားသမီး တွေဟာ ဘယ်သူတွေကတော့ဖြင့် သူ
တို့ ဖခင် ထက် အာဏာပိုရှိသူတွေရဲ့ သားသမီးတွေဟုတ် မဟုတ် နားလည်ရပါတယ်။ ကိုယ့်အဖေ
ထက် သြဇာကြီးသူရဲ့ သားသမီးတွေကို ဦးစားပေးရပါတယ်၊ သည်းခံရပါတယ်၊ ဒီ ဥပဒေသကို နားမ
လည်ရင် သားသမီးတွေရော ဖခင်ဖြစ်သူပါ ဒုက္ခရောက်တတ်ပါတယ်။

အဲဒီ ရှုမြင်နည်းအရ ကြည့်ရင် ဒီနေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားသမီးတွေ မြေးတွေ ဘယ်လို နေ
ဘယ်လို ထိုင်သလဲ လေ့လာကြည့်သင့်ပါတယ်။ တကယ့်တကယ် လေ့လာကြည့်လိုက်ရင် ဗိုလ်ချုပ်မှူး
ကြီး ရဲ့ သားသမီးတွေ မြေးတွေရဲ့ အနေအထိုင်ဟာ ဟိုအရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုင်းပြည်မှာ
နံပါတ် (၁) အာဏာရှိစဉ်ကာလကနဲ့ အလွန်ကွာခြားသွားတာ တွေ့နိုင်ပါတယ်။

ဒါဟာ ဘာကို ပြနေသလဲဆို ဦးသန်းရွှေဟာ အရှေ့မှာရော အနောက်ကွယ်ကနေပါ တိုင်းပြည်ရဲ့ နံပါတ်
(၁) အာဏာအရှိဆုံး အနေအထား ရယူမထားတော့ဘူးဆိုတာ ပြနေတဲ့ အချက်ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘာလို့ ဒီလို ဆုံးဖြတ် လုပ်ကိုင်ရသလဲ ဆိုတာပါ။
နံပါတ်(၁) နဲ့ စစ်ခေါင်းဆောင်တွေရဲ့ သံဝေဂ ရစရာများ မြန်မာပြည်မှာ စစ်အာဏာရှင်တွေ အကြောင်း
ပြော ရင် အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်းအကြောင်း မပြောရင် မပြီးပါဘူး။

ဦးနေ၀င်းဟာ ခေတ်သစ် မြန်မာသမိုင်းမှာ ခွန်အားအကြီးဆုံး သြဇာ အကြီးဆုံး တံခိုး အရှိဆုံး အာဏာရှင်
ဖြစ် ပါတယ်။ ဘယ်သူမှ မော်မကြည့်ရဲလောက်အောင် သူ့ကို ကြောက်ရွံ့ (တစ်ချို့ရိုသေ) ကြပါတယ်။

ဒီလို ဖြစ်ရတာကလည်း အကြောင်းရှိပါတယ်။ သူဟာ သမိုင်းဝင် ပုဂိုလ် တစ်ယောက်ဖြစ်ပါတယ်။ ဗိုလ်ချုပ်
အောင်ဆန်းနဲ့ အတူ ရဲဘော်သုံးကျိပ်ဝင် ဖြစ်ခဲ့တာကလည်း အခြားသူတွေက သူ့ကို လေးစားခန့်ညားစေ
ပါတယ်။ စစ်တပ်မှာ ထိပ်ဆုံးကို ရောက်လာအောင် သူ့နည်းသူ့ဟန် သူ့ခွန်သူ့အားနဲ့သူ ဖန်တီးပြီး တက်
လာသူ ဖြစ်ပါတယ်။ ထိပ်ဆုံးရောက်ပြီးနောက်လည်း သူနဲ့ ပုခုံးချင်းယှဉ်နိုင်သူတွေအားလုံးကို ဖယ်ရှားပြီး
ဘက်တူသူမရှိ အခြေအနေ ဖြစ်အောင် ဖန်တီးခဲ့ပါတယ်။

ဒီလိုနည်းနဲ့ တိုင်းပြည်မှာ ၁၉၆၂ကနေ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ်လုံးလုံး ပြိုင်ဘက်ကင်းတဲ့ အာဏာရှင် အ
ဖြစ် အုပ်ချုပ်ခဲ့ပါတယ်။

ဒီလို အမြဲတန်း နံပါတ်(၁) ဖြစ်နိုင်ဖို့အတွက် စစ်ယူနီဖေါင်းကို အမြဲတန်း ၀တ်ထားဖို့တောင် သူ့အတွက်
မလိုအပ်ခဲ့ပါဘူး။ စောစောစီးစီး ယူနီဖေါင်းချွတ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူး အခြားသူ
ကို လွှဲပေးခဲ့ပါတယ်။
နောက်ပိုင်း အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတ ရာထူးကိုတောင် လက်အောက်ငယ်သားကို လွှဲပေးပြီး ပါတီ
ဥက္ကဌကြီး ရာထူးလောက်နဲ့ တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သူ ဖြစ်ပါတယ်။ ဒါတင်ပဲလား ဆိုတော့ မကသေး
ပါဘူး။

၁၉၈၈ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီ တောင်းဆိုအုံကြွတဲ့ ရှစ်လေးလုံး အရေးတော်ပုံကာလမှာ
သူနောက်ဆုံးရယူထားတဲ့ မဆလ ပါတီ ဥက္ကဌ ရာထူးကတောင် နှုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်ကစ
ဦးနေ၀င်းဟာ စစ်တပ်၊ အစိုးရအဖွဲ့၊ ပါတီ ဘာတာဝန်တစ်ခုမှ ယူမထားတော့ပါဘူး။

ပြောရရင် သာမန် အငြိမ်းစား တစ်ဦး အနေအထားပါ။ ဒါပေမယ့် နောက်ကွယ်က ကြိုးကိုင်သူအဖြစ် နံပါတ်
(၁) နေရာ ရယူမြဲ ရယူထားနိုင်တာကိုတော့ တွေ့ရပါတယ်။

အဲဒီ အချိန် စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ် စီမံခန့်ခွဲရာမှာ သူ ဘယ်လောက် အတိုင်းအတာ အထိ ပါဝင်
နေ တယ်ဆိုတာ တိတိကျကျမသိနိုင်ပေမယ့် နောက်ပိုင်း နည်းနည်းချင်းစီ ပေါ်ထွက်လာတဲ့ မှတ်တမ်းမှတ်
ရာတွေနဲ့ သူရဲ့သားသမီးများ နေထိုင်လုပ်ကိုင်ပုံတွေကိုကြည့်ရင်တော့ ဦးနေ၀င်းဟာ တိုင်းပြည်မှာ နံပါတ်
(၁) အနေအထား ဖြစ်မြဲ ဖြစ်နေသေးတယ်ဆိုတာ ကောက်ချက်ချနိုင်ပါတယ်။

ဒါပေမယ့် အဲဒါကပဲ သူ့ကို ကျရှုံး၊ အထိနာစေတဲ့ အနေအထား ဖြစ်လာစေခဲ့ပါတယ်။ တိတိကျကျ ပြောရ
ရင် ၁၉၉၇ ၀န်းကျင် မြန်မာပြည်မှာ ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ကွန်ယက် တပ်ဆင်ရေး စီးပွားရေး ဆိုင် ရာ
ပြဿနာဟာ ဦးနေ၀င်းမိသားစုအတွက် ကျရှုံးခြင်း အခြေအနေထိ ဆိုက်ရောက်စေခဲ့ပါတယ်။

အားလုံးသိတဲ့အတိုင်း အဲဒီအချိန်က မြန်မာပြည် မိုဘိုင်းဖုန်း ဈေးကွက်ဆိုတာ တကယ့်ကို အသစ်ဖြစ်တဲ့
အရိုင်းဖြစ်တဲ့ အလန့်အလွန်ကို အမြတ်အစွန်းများမယ့် ဈေးကွက်ဖြစ်နေတဲ့ အခြေအနေပါ။

ဦးနေ၀င်းရဲ့ သမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ခင်စန္ဒာဝင်း ဟာ SKY Link ကုမ္ပဏီထူထောင်ပြီး အဲဒီ မိုဘိုင်း
ဖုန်း တပ်ဆင်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရဖို့ ကြိုးစားပါတယ်။ နေရာတစ်ချို့မှာလည်း လုပ်ငန်းတွေ စ
တင်ပါ တယ်။

ဒါပေမယ့် အဲဒီအချိန်ဟာ ဦးနေ၀င်းအနေနဲ့ တိုင်းပြည်ကို တိုက်ရိုက် စီမံခန့်ခွဲမှု မလုပ်တော့တာ ၁၀ နှစ်
ဝန်း ကျင် အချိန်ရှိနေပြီ ဖြစ်ပါတယ်။ ဒီ ၁၀ နှစ်အတွင်း အရာရာ ပြောင်းလဲနေခဲ့ပါပြီ။ သူကိုယ်တိုင် တာ
ဝန်ပေး ထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ စစ်ဗိုလ်
ချုပ်တွေဟာ စစ်တပ်နဲ့ အစိုးရ ယန္တယား တစ်ခုလုံးကို သူတို့ဖာသာသူတို့ ကောင်းကောင်း ကိုင်တွယ်
ထိန်းချုပ် ထားနိုင် ပါပြီ။

သူတို့ အပါအ၀င် ထိပ်တန်းက စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေဟာလည်း စီးပွားရေး နယ်ပယ် မှာ
နေရာယူ ကျင်လည်နေကြပါပြီ။ ဒီအတွက် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ သမီးတစ်ယောက်ကို ဒီ
လောက်ကြီးမားတဲ့ အကျိုးအမြတ် ရှိမယ့် လုပ်ငန်း လုပ်ခွင့်မပေးနိုင်ကြပါဘူး။

ဆက်သွယ်ရေးဝန်ကြီးဌာနကတော့ ဥပဒေကိုကိုင်ပြီး လုပ်ခွင့်မပေးနိုင်ဘူးလို့ အသည်းအသန် ငြင်း ဆန်
ပါတယ်။ နောက်ဆုံးတော့ အကျိုးစီးပွားပဋိပက္ခဟာ အာဏာရှင်ဟောင်းကြီးဦးနေ၀င်းကို သူ့တပည့်သား
မြေးစစ်တပ်ကို ကိုင်ထားတဲ့ အာဏာလက်ရှိစစ်ခေါင်းဆောင်တွေကဆန့်ကျင်တဲ့ အခြေအနေထိ ရောက်
သွားစေတော့တာပါပဲ။

ဒီလိုနည်းနဲ့ ဒေါ်ခင်စန္ဒာဝင်းရဲ့ ခင်ပွန်းနဲ့ သားတွေ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ထဲ ရောက် ကုန်ကြပါ
တယ်။ အဲဒီ အချိန်ကစပြီး ဒေါ်ခင်စန္ဒာဝင်းလည်း နေအိမ် အကျယ်ချုပ်ကျ ဦးနေ၀င်း လည်း နေ၀င်ချိန်
ရောက်သွားပါတော့တယ်။

နောက်ဆုံး ကွယ်လွန်သွားချိန်မှာတောင် ရန်ကုန်မှာဖြန့်တဲ့ သတင်းစာထဲလောက်မှာပဲ နာရေးသတင်း
ထည့်တာမျိုး၊ နာရေးကို ကန့်သတ်မှုနဲ့ ကျင်းပခိုင်းတာမျိုး အခြေအနေအထိ ဆိုက်သွားစေခဲ့ပါတယ်။

သင်ခန်းစာယူသူ

ဒီနေရာမှာ အာဏာရှင်ကြီး ဦးနေ၀င်းအကြောင်း ပြောပြရတာက အကြောင်းရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေဟာ အဲဒီ အဖြစ်အပျက်တွေမှာ ကိုယ်တိုင် ပါဝင်ရသူ ဖြစ်လေတော့ ဦးနေ၀င်းရဲ့ အဖြစ်အပျက်၊
သူ တိုင်းပြည်အုပ်ချုပ်စဉ် အနှစ် ၂၀ ၀န်းကျင်မှာ ဒုက္ခရောက်သွားကြတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အဖြစ်
အပျက်တွေ ကို အသေအခြာ သင်ခန်းစာယူပုံ ရပါတယ်။ ဒါကြောင့် နောက်ပိုင်းကာလတွေမှာ သူဟာ
ဦးနေ၀င်း လမ်းစဉ်ကို မလိုက်တော့ပါဘူး။

ပထမ တစ်ချက်ကတော့ အစိုးရ အဖွဲ့သစ် မဖွဲ့မီ အချိန်ထိ စစ်တပ်ရာထူးကို ရယူထားပါတယ်။ အသက်
ကြီးသည် အထိ ယူနီဖေါင်း မချွတ်ပါဘူး။ စစ်တပ်နဲ့ ကင်းကွာသွားရင် သူဘာဖြစ်နိုင် သလဲ
ကောင်းကောင်း သိပုံရပါတယ်။

ပြည်တွင်း နိုင်ငံရေး အခြေအနေ၊ နိုင်ငံတကာ အခြေအနေတွေ အောက်မှာ ရာထူးက အနားယူမယ် လို့
ပြင်ချိန် အလွန့်အလွန် အရေးကြီးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို မျိုးဆက် တစ်ဆက်
လောက်ခြားတဲ့ သြဇာကြီးဖို့ အချိန်အတော်ယူရဦးမှာဖြစ်တဲ့ ငယ်ရွယ်တဲ့ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို
လွှဲပေးခဲ့ပါတယ်။

တိုင်းပြည်မှာ အဓိက အရေးအကြီးဆုံး သမ္မတ ရာထူးကို သစ္စာရှိသူ၊ နာခံတတ်သူ နောက် ပျော့ပြောင်း
သူ တစ်ယောက် ဖြစ်တဲ့ ဦးသိန်းစိန်ကို လွှဲအပ်ပေးခဲ့ပါတယ်။

အရည်အချင်းရှိတဲ့ ထက်မြက်တဲ့ ရည်မှန်းချက် ကြီးတဲ့ အဲဒီအချိန်က နံပါတ်(၃) အဆင့် ဗိုလ်ချုပ်ကြီး
သူရရွှေမန်း ကိုတော့ ဥပဒေပြုဖို့ လွှတ်တော်ကြီး ပေးအပ်ခဲ့ပါတယ်။

အရပ်ဘက်ပြဿနာတွေကို ထိန်းဖို့ တိုင်းပြည်တွက် အလွန်အရေးကြီးတဲ့ ပြည်ထဲရေးဝန်ကြီးနေရာကို
တော့ စီနီယာစစ်ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးကိုကို ကို တာဝန်ပေးသွားခဲ့ပါတယ်။

သူအဓိက အရေးအကြီးဆုံး လုပ်သွားတာ တစ်ခုကတော့ သားသမီး၊ မြေးတွေကို နောက်တက်လာတဲ့
အာဏာလက်ရှိ ခေါင်းဆောင်တွေရဲ့ သားသမီးတွေနဲ့ ထိပ်တိုက် မတိုးရအောင် သိုသိုသိပ်သိပ် နေထိုင်
ခိုင်းခြင်းပါပဲ။

ဒါဟာ ဦးနေ၀င်းရဲ့ အဖြစ်အပျက်ကနေ အဓိက သင်ခန်းစာယူတယ်လို့ ယူဆ ရပါတယ်။ ဘယ်လိုပဲဖြစ်
ဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရှေ့က အာဏာရှင်ရဲ့ ဖြစ်ရပ်၊ သူ့လက်ထက်နဲ့ သူ့ရှေ့မှာ ဖြစ်ပျက်
ကျရှုံးသွားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ဖြစ်ရပ်တွေကနေ ကောင်းကောင်း သင်ခန်းစာယူလိုက်ပုံ ရပါတယ်။

အဲလိုနဲ့ ဒီနေ့မြင်နေရတဲ့ လူအခင်းအကျင်း နိုင်ငံရေးအခင်းအကျင်း ဖန်တီးသွားခဲ့တာ ဖြစ်ပါ တယ်။
နောက်ပြီး လက်ရှိ စစ်ခေါင်းဆောင်ဟောင်းတွေ၊ တပ်ခေါင်းဆောင်တွေအကြား ကြီးမားတဲ့ အာဏာ
လွန်ဆွဲ ပွဲ မဖြစ်မချင်း ဘယ်ကိစ္စမျိုးမှာမှ ၀င်ပါစွက်ဖက်မယ့်ပုံလည်း မမြင်တွေ့ရပါဘူး။

နောင်လာနောက်သားတွေ၊ တိုင်းပြည်ကို တာဝန်ယူသူတွေ ဦးသန်းရွှေ ဖန်တီးသွားခဲ့တဲ့ စစ်ဗျူရိုကရေစီ
ယန္တယားကြီးကို ပြုပြင်ဖို့ အသည်းအသန်ကြိုးစားနေရချိန် ငြိမ်းချမ်းရေးရအောင် ကြိုးစားနေရချိန် တိုင်း
ပြည် ကို ကုန်းကောက်စရာ မရှိအောင် ဖြစ်ရတဲ့ အခြေအနေကနေ ပြန်ပြီး ထူထူထောင်ထောင် ဖြစ်
အောင် ကြိုးစားနေရချိန်၊ အနောက်ကို ပြန်လှည့်ကြည့်ဖို့လောက်တောင် အချိန်မရချိန် နှစ်တစ်ချို့တိုင်
သည် အထိ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ ဘ၀ နေ၀င်ချိန်ကို အေးချမ်းစွာ ဖြတ်သန်း
သွားနိုင် မယ့် အနေအထားတစ်ခုကို ရယူပိုင်ဆိုင်ထားပါတယ်။

စည်သူအောင်မြင့် ~

အထက်ပါ စာစုကို စည်သူအောင်မြင့်၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ပြန်လည် ကူးယူဖော်ပြပါတယ်။

The Irrawaddy's Blog by အိမ့်သံစဉ်

1 comment:

  1. အင်းလေ...။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ အခုတင်ပြသွားတဲ့ အထဲမှာ ပြည်သူကိုကောင်းကျိုးပြုသွားတာ တစ်ကွက်မှမတွေ့ရဘူး။ သူတို့အာဏာတည်မြဲရေးနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်နေတာကချည်းလွဲရင်ပေါ့။ သူတို့ရဲ့ ဓနအင်အား မတရားကြီးမားတိုးပွားနေချိန် ပြည်သူတွေရဲ့ အားကိုးရာမဲ့ လက်ရှိဘဝတွေက ဘာတွေဖြစ်ပျက်နေလဲ။ ဘာတွေပြောင်းလဲသွားလဲ။ တော်တော်လေးကို စဉ်းစားစရာတောင် မလိုတဲ့အချက်ပါ။ သူသင်ခန်းစာယူတတ်တာ သူ့ကောင်းကျိုးအတွက်ပါ။ ပြည်သူ့အကျိုးအတွက်မပါဘူးဆိုတာလေးတော့ဗျာ... သတိချက်စေချင်ပါတယ်။
    လူထုဘဝ သာယာပါစေ မြန်မာပြည်...
    ဇော်မင်းအောင်
    (ခြောက်ထပ်ကြီး)

    ReplyDelete

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D