မကြာသေးခင်က ထွက်ရှိထားတဲ့ ဘောလိဝုဒ် ဆူပါအကျော်အမော် ရှာရွတ်ခန်းရဲ့
ဇာတ်ကားသစ် Chennai Express ဇာတ်ကားကို ကြော်ငြာတဲ့ သဘောအဖြစ်
ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေကို ရှာရွတ်ခန်းရဲ့ ပရိသတ်တွေဟာ
Facebook မှာ တိုက်ရိုက်စကားပြောနိုင်တဲ့ အစီအစဉ်တစ်ခု ပြုလုပ်ခဲ့တယ်လို့
Zee News သတင်းတစ်ရပ်မှာ ဆိုထားပါတယ်။
သရုပ်ဆောင် ရှာရွတ်ခန်းနဲ့ ဇာတ်ကားရဲ့ ဒါရိုက်တာ ရိုဟစ်ရှက်တီးတို့ဟာ သြဂုတ် လ ၁၄ရက်နေ့ည ၉ နာရီအချိန်မှာ Facebook ပေါ်ကို တက်လာမှာ ဖြစ်ပြီးတော့ ပရိသတ်တွေနဲ့ ဇာတ်ကား အကြောင်း ပြောခဲ့ကြတယ်လို့လည်း ဒီသတင်းမှာ ဖော်ပြထားပါတယ်။
ရှာရွတ်ခန်းဟာ သူ့ရဲ့ Facebook စာမျက်နှာ I am srk ကနေ တစ်ကမ္ဘာလုံးက ပရိသတ်နဲ့ တိုက်ရိုက် စကားပြောခဲ့ခြင်းဟာ ဘောလိဝုဒ် အကျော်အမော်တွေထဲမှာတော့ ပထမဆုံး ဖြစ်ပါတယ်။
“Chennai Express ဇာတ်ကား ရိုက်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရုပ်ရှင်အကြောင်း၊ လူတွေမေးချင်တဲ့အကြောင်းတွေကို ဖြေရတာကို စိတ်လှုပ်ရှားမိပါတယ်” ဟု ရှာရွတ်ခန်းက ပြောကြားပါတယ်။
လက်ရှိ ရုံတင်နေပြီဖြစ်တဲ့ ရှာရွတ်ခန်း ဇာတ်ကားသစ်ဟာ ဝင်ငွေကောင်းပြီး အောင်မြင်လိမ့်မယ်လို့ ရုပ်ရှင် အကဲဖြတ်သူတွေက ပြောကြပါတယ်။
The Voice Weekly

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...