သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 23, 2013

မိတ္ထီလာ ပဋိပက္ခ ပြီးဆုံးသည်မှာ ခြောက်လ ပြည့်သော်လည်း ဒုက္ခသည် လေးထောင်ကျော် အိမ်ပြန်ရေး ခက်ခဲနေဆဲ

မိတ္ထီလာ၊ စက်တင်ဘာ ၂၂
မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ခြောက်လ ပြည့်ပြီ ဖြစ်သော်လည်း ကယ်
ဆယ်ရေးစခန်းငါးခုရှိ ဒုက္ခသည် ၄,၀၀၀ ကျော်အတွက် မြေနေရာ ပြန်လည်ရရှိရေးနှင့် အိုးအိမ် ပြန်လည်
ထူထောင်ရေး ကိစ္စများမှာ တိကျသည့်အဖြေ ထွက်ပေါ်ခြင်းမရှိဘဲ ခက်ခဲလျက် ရှိကြောင်း အဆိုပါ ဒုက္ခ
သည်များက တညီတညွှတ်တည်း ပြောကြားသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ထိ မိတ္ထီလာ ပဋိပက္ခဒုက္ခသည် ကယ်ဆယ်ရေးစခန်း ငါးခုတွင် နေထိုင်နေသူ
၄၁၅၆ ဦး ကျန်ရှိပြီး ၎င်းတို့ နေရပ်ပြန်ရမည့် ရက်ကို တိကျစွာ မသိရသေးကြောင်း၊ ယင်းသို့ ကယ်ဆယ်
ရေး စခန်းများ၌ အချိန်မည်မျှထိ နေရဦးမည်ကို တိကျစွာ မသိရ၍ ဒုက္ခသည် များ၏ ကျန်းမာရေး၊ လူမှု
ရေးနှင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်လာကြောင်း ကယ်ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များက ပြောကြား
သည်။

လက်ရှိ အစ္စလာမ် ဘာသာဝင်များ၏ ကယ်ဆယ်ရေးစခန်း သုံးခုဖြစ်သော မိတ္ထီလာခရိုင် အားကစားကွင်း
တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၂၆၉ စု လူဦးရေ ၈၉၅ ဦး ဗဟို ပို့ဆောင်
ဆက်သွယ်ရေးကျောင်းတွင် အိမ်ထောင်စု ၃၀၀ စု၊ လူဦးရေ ၁၅၄၆ ဦးနှင့် ရေအရင်းအမြစ် ဦးစီးဌာနရှိ
ကယ်ဆယ်ရေးစခန်းတွင် ၁၈၅ စု လူဦးရေ ၈၆၈ ဦးရှိပြီး ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း နှစ်ခုဖြစ်သော
သာသနရက္ခိတ (အင်းကုန်း) ကျောင်းတွင် အိမ်ထောင်စု ၁၆၉ စု၊ လူဦးရေ ၆၅၆ ဦး၊ အုတ်ဖို ကယ်ဆယ်
ရေးစခန်းတွင် အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၁၉၁ ဦး နေထိုင်လျက် ရှိကြောင်း အဆိုပါ ကယ်ဆယ်ရေး စ
ခန်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

“အိမ်ထောင်သည်တွေနဲ့ လူလွတ်တွေ တစ်နေရာတည်းမှာ တွဲနေရတယ်။ နေရာက ကျဉ်းလို့ ပြွတ်သိပ်
နေရတယ်။ ညအိပ်ချိန်မှာ လိုက်ကာတစ်ခုသာ ခြားတယ်။ လူမှုရေး ပြဿနာတွေ ပေါ်လာနိုင်တယ်။ အိမ်
သာတွေလည်း မိုးရွာတော့ ရေလျှံပြီး ညစ်ပတ်နေတယ်။ အိမ်သာ အရေအတွက်ကလည်း နည်းတယ်။
လူတွေက အကျဉ်းကျနေသလို ခံစားရတယ်” ဟု မိတ္ထီလာမြို့ ရေအရင်းအမြစ် ကယ်ဆယ်ရေးစခန်းရှိ
ဦးယာကွတ်က ဆိုသည်။

မိတ္ထီလာ ပဋိပက္ခတွင် အများဆုံး မီးသင့်ခံခဲ့ရသည့် ရပ်ကွက်ကြီး နှစ်ခုဖြစ်သော သီရိမင်္ဂလာနှင့် ချမ်းအေး
သာ ရပ်ကွက် အပါအဝင် မီးလောင်အိမ်များ၏ မြေယာပိုင်ဆိုင်မှုကို စိစစ်ပြီး ဖြစ်ကြောင်း ယင်းသို့ မြေယာ
ပိုင်ဆိုင်မှုများကို စစ်ဆေးရာ၌ မူလပိုင်ရှင်မရှိတော့ခြင်း အရပ်ကတိဖြင့် ရောင်းဝယ်မှုများနှင့် မြေကို ခွဲခြမ်း
စိတ်ဖြာ၍ ၈x၂၀ ပေ ၊ ၄x၃၂ ပေ မြေကွက်များအထိ ခွဲခြမ်းစိတ်ဖြာ၍ အမွေခွဲ၊ ရောင်းချထားမှုများကို တွေ့
ရကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက The Voice ကို ပြောကြားသည်။

ယင်းသို့ မြေကွက်များ အပိုင်းပိုင်း ဖြစ်၍ အိမ်ထောင်စုဦးရေနှင့် မြေကွက် မမျှမတ ဖြစ်နေခြင်းများကြောင့်
မြို့ပြဆိုင်ရာ စီမံကိန်းနှင့်အညီ ပြန်လည် နေရာချထားရေး ဆောင်ရွက်ရာ၌ အခက်အခဲများ ရှိကြောင်း၊သို့
ရာတွင် ကယ်ဆယ်ရေးစခန်းရောက် ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကို သက်ဆိုင်ရာသို့ တင်ပြ
ထားပြီးဖြစ်၍ မကြာမီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

၁၉၉၁ ခုနှစ် ဧပြီလ ၇ ရက်နေ့က မိတ္ထီလာမြို့လုံးကျွတ် မီးလောင်မှု ဖြစ်ပွားခဲ့စဉ်က ရပ်ကွက်သစ်များ ဖော်
ထုတ်၍ မီးဘေးဒုက္ခသည်များကို တစ်လအတွင်း ပြန်လည် နေရာ ချထား ပေးနိုင်ခဲ့ကြောင်း၊ ယင်းမီး
လောင်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေပေါင်းသည် ပဋိပက္ခ ဖြစ်စဉ်ကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေထက်
အဆမတန် များခဲ့သော်လည်း အချိန်တစ်လအတွင်း ပြန်လည် နေရာ ချထားပေး နိုင်ခဲ့ကြောင်း မီးဘေးနှင့်
ပဋိပက္ခဘေး နှစ်မျိုးလုံး တွေ့ကြုံ ခဲ့သည့် မိတ္ထီလာဒေသခံ တစ်ဦးက ဆိုသည်။

“ဒုက္ခသည်တွေကို ဘယ်တော့ နေရာပြန်ပေးမယ်၊ ဘယ်လို ပြန်လုပ်ပေးမယ်ဆိုတာ တိကျတဲ့ အဖြေမျိုး မ
သိရသေးပါဘူး။ အစီအစဉ်တွေကတော့ တစ်မျိုးပြီးတစ်မျိုး ကြားနေရတယ်။ အကောင် အထည်တော့ ပေါ်
မလာဘူး။ ဒါဟာမဖြစ်သင့်တဲ့ ကိစ္စပါ။ မိတ္ထီလာ ပဋိပက္ခမှာ ပျက်စီးခဲ့တဲ့ အိမ်ခြေထက် ၁၉၉၁ ခုနှစ်က မြို့
လုံးကျွတ် လောင်တဲ့မီးက အဆမတန် များခဲ့တယ်။ မြို့တစ်လုံး ကုန်သွားခဲ့တယ်။ အဲဒါတောင် အချိန်မီ နေ
ရာပြန်ပေးနိုင်ခဲ့တယ်၊ အခု စခန်းထဲမှာနေရတာ အဆင်မပြေတာ များနေတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ရာသီဥတုအရ နေ့ခင်းပူ၍ ညပိုင်း မိုးရွာသဖြင့် ဒုက္ခသည်များ နေထိုင်ရသည့် ယာယီတဲတန်းများ
သည် အမိုးအကာမကောင်း ဟင်းလင်းပြင်တဲများ ဖြစ်သောကြောင့် ရာသီဥတုဒဏ် ခံရသည့်အတွက်
သက်ကြီးရွယ်အိုနှင့် ကလေးများမှာ ကျန်းမာရေး ပြဿနာများ ရှိလာကြောင်း၊ ယင်းအပြင် ခြင်ပေါက်ပွား
များ၍ အစားအသောက် ထောက်ပံ့မှု အပိုင်းတွင်လည်း လိုအပ်ချက်များ ရှိလာသည်ဟု သာသနရက္ခိတ
(အင်းကုန်း) ကျောင်းရှိ ဒေါ်ဝေချိုက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D