သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 23, 2013

ပါကစ္စတန် ခရစ်ယာန် ဘုရားကျောင်း အသေခံ ဗုံးခွဲမှု ၇၈ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ သမိုင်းဝင် Church ခရစ်ယာန် ဘုရားကျောင်း အပြင်မှာ
အသေခံ ဗုံးခွဲသမား ၂ ယောက်ရဲ့ ပြိုင်တူ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ၇၈ ယောက်ထက်မနည်း
သေဆုံးခဲ့ပါတယ်။

ဒါဟာ နှစ် အတော်ကြာအတွင်း ပါကစ္စတန်ရဲ့ ခရစ်ယာန်လူနည်းစုတွေကို အသေအပျောက်အများ
ဆုံးဖြစ်အောင် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

ဒဏ်ရာရသူ ၁၂၀ အနက် အတော်များများဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ Peshawar မြို့
ဆေးရုံအုပ်က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ Church ရဲ့ အပြင်
မှာ လုံခြုံရေး တာဝန်ယူထားသူ မူဆလင် ရဲအရာရှိ ၂ ဦး လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သက်တမ်း အနှစ် ၁၃၀ ရှိပြီဖြစ်တဲ့ All Saints Church ဘုရားကျောင်းမှာ ၀တ်တက်လာသူ ၆၀၀ အ
ထိရှိပြီး အပြင်ဘက်မြက်ခင်းပြင်မှာ အစားအသောက် အလှူပွဲအတွက် တန်းစီနေစဉ် အသေခံဗုံးခွဲ
သူတွေက တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု သူတို့ရဲ့ လက်ချက်ပါလို့ ပါကစ္စတန်-တာလီဗန်တွေက ကြေညာ ပါတယ်။ ပါကစ္စတန်ရဲ့
ဝေးလံ ခေါင်သီတဲ့ တိုင်းရင်းတောင်တန်းဒေသကို အမေရိကန်က အဝေးထိန်းမောင်းသူမဲ့ ဒုံးလက်
နက်တွေနဲ့ တိုက်ခိုက်တာ မရပ်မချင်း မူဆလင်မဟုတ်သူတွေကို ပစ်မှတ်ထားပြီး ဆက်လက် တိုက်
ခိုက်သွားမယ်လို့လည်း တာလီဗန် ကြုံးဝါးနေကြပါတယ်။

မောင်းသူမဲ့ အဝေးထိန်းဒုံးလက်နက်နဲ့ နောက်ဆုံးတိုက်ခိုက်တာဟာ တနင်္ဂနွေနေ့က ၀ါဇီရီစတန်
မြောက်ပိုင်းရှိ အိမ်ဝင်း ၂ ခုကို ဖြစ်ပြီး စစ်သွေးကြွလို့ မသင်္ကာသူ ၆ ယောက်ကို သုတ်သင်နိုင်ခဲ့
တယ်လို့ ပါကစ္စတန် ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D