သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, May 23, 2013

မိုးသီးဇွန်တို့ ဒူးတုန်ရမည့် ပါဂျောင်စခန်းလူသတ်မှု့များစုံစမ်းရန် ABSDF စုံစမ်းရေးကော်မရှင်ကို အစိုးရက ခွင့်ပြုလိုက်ပြီ

ကချင်ပြည်နယ်မြောက်ပိုင်း ပါဂျောင်စခန်း၌၁၉၉၂ခုနှစ်က ဖြစ်ပွားခဲ့သောကျောင်းသားများ ကို အစုလိုက် အပြုံ လိုက် သတ်ဖြတ် မှု့များကိုစုံစမ်းစစ်ဆေးရန်ABSDF(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမို ကရက် တစ်တပ်ဦး) စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မြန်မာနိုင်ငံအစိုးရကစုံစမ်းစစ်ဆေး ခွင့်ပြု သဘောတူ လိုက်ပြီ ဟုသတင်း ရရှိသည်။

မေလ၂၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သောပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော် မတီနှင့် ABSDF ခေါင်းဆောင်များတွေ့ဆုံပွဲတွင် သဘောတူခဲ့ခြင်းဖြစ်သည်။ ABSDF တပ်ဖွဲ့ မှစုံစမ်း စစ်ဆေး ရေးကော်မရှင်အဖွဲ့ဝင်သုံးဦးကို ခွင့်ပြုပေးရန်တင်ပြညှိနှိုင်းအပြီး တွင်အစိုးရ ဘက်က သဘော တူ ခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်းနှစ်ဖက် စလုံးမှထုတ်ဖော်ပြောကြားပါသည်။

မေလ၁၉ရက်နေ့တွင်လည်းပါ ဂျောင်အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုတွင်ပါဝင်အသတ်ခံလိုက် ရသည့် (ဗကသ) အထက်မြန်မာ နိုင်ငံဥက္ကဋ္ဌဟောင်းကိုထွန်းအောင် ကျော်၏မိခင်ဒေါ်တင်မမက သူမ၏သားဖြစ်သူ အသတ် ခံရမှု့ အတွက်တိုင်ချက်စတင်ဖွင့်လိုက် သည်ဟုသိရသည်။မန္တလေးတိုင်း ချမ်းအေးသာစံ အမှတ် ၈ ရဲစခန်း တွင်လူသတ်မှု အဖြစ် တိုင်ချက်ဖွင့် ခဲ့သည်ဟုသတင်းရရှိသည်။ABSDF(ဗဟို) ကလည်း ယခုအမှု့ တွင် ပါဝင်ပတ်သတ်ခဲ့ သူများသက် ရှိထင်ရှား ရှိနေကြစဉ် စုံစမ်းစစ်ဆေး နိုင်သည် ဟုပြောပြ ခဲ့သည်။

၁၉၉၂ခုနှစ်တွင် ကချင်ပြည် နယ်မြောက်ပိုင်း ပါဂျောင်ဒေသတွင် တောခိုကျောင်းသား ၁၀၇ဦး ကို စစ်တပ် မှထောက် လှမ်းရေးများဟု စွပ်စွဲ ဖမ်းဆီးခဲ့ သည်၊ကျောင်းသား တပ်ဖွဲ့ဝင် ၁၄ဦးမှာ စစ်ကြော့ရေး ဒဏ် များကြောင့်ေ သဆုံး ခဲ့ရပြီး ၁၅ဦးမှာ အာဆံကုန်းတွင် အစု လိုက် အပြုံလိုက် အသတ်ခံခဲ့ရပါသည်၊၁၀ဦးခန့်မှာ အကြောင်း အမျိုးမျိုးကြောင့်သတ်ဖြတ်ခံခဲ့ရ သည်။၇၀ဦးခန့်မှာထွက်ပြေး လွတ်မြောက်ခဲ့ ရပြီး ထွက်ပြေး စဉ် တစ်ဦးသေဆုံးမှု့လည်းဖြစ်ပေါ်ခဲ့ သည်။

ဥယျာဉ်မှူး
Hot News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D