ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ပြုမည်ဟု သတင်းရရှိ သဖြင့် သက်ဆိုင်ရာ မြို့နယ်မှူး များမှ နော်အုန်းလှနှင့်အဖွဲ့အား ဥပဒေနှင့်အညီ ခွင့်ပြုချက်တောင်းရန်နှင့် ခွင့်ပြု ချက်တောင်းခံပါက ခွင့်ပြု မည်ဖြစ်ကြောင်းပြောသော်လည်း ၄င်းတို့အဖွဲ့အနေဖြင့် ဒီမိုကရေစီလမ်း စဉ်အား စည်းကမ်းရှိရှိ ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ဆောင်ရွက်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာဆောင်ရွက် သင့်သော် လည်း ဥပဒေနှင့်အညီ ခွင့်ပြုချက်ရယူဆောင်ရွက်ခြင်းမရှိဘဲ စီတန်းလှည့်လည်ခြင်းမပြုရန် သက်ဆိုင် ရာမြို့ နယ် ရဲတပ်ဖွဲ့မှူးများ တားဆီးသော်လည်း စီတန်းလှည့်လည်ခြင်းအားဆက်စပ်မြို့နယ်များကို ဖြတ် သန်းဆောင်ရွက် သဖြင့် တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတားမြို့ နယ် များမှ အောက်ပါအတိုင်း အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါ သည် -
(၁) တာမွေရဲစခန်း (ပ) ၂၁၅/၁၃ ၊ ပုဒ်မ ၁၈
(၂) မင်္ဂလာတောင်ညွှန့်ရဲစခန်း (ပ) ၃၇၄/၁၃ ၊ ပုဒ်မ ၁၈
(၃) ပုဇွန်တောင်ရဲစခန်း (ပ) ၁၀၀/၁၃ ၊ ပုဒ်မ ၁၈
(၄) ဗိုလ်တထောင်ရဲစခန်း (ပ) ၁၀၀/၁၃ ၊ ပုဒ်မ ၁၈
(၅) ကျောက်တံတားရဲစခန်း (ပ) ၁၈၇/၁၃ ၊ ပုဒ်မ ၁၈
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ဓာတ်ပုံ- အချုပ်ကားပေါ်ရောက် ထောင်ကျလျှင် ပြုံးပျော်ရသည့် နော်အုံးလှ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...