သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

နေပြည်တော် သတ္တသတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီး အနီးက အံ့ သြဖွယ် ဆွဲငင်အားတစ်ခု


နေပြည်တော် - တပ်ကုန်း အမှတ် (၁) လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ခြောက်မိုင် ငါးဖာလုံတွင် ထူးဆန်း သည့် ဆင်ခြေလျှော ကုန်းဆင်းလေးတစ်ခု ရှိနေပါသည်။

ဆင်ခြေလျှော ကုန်းဆင်းလေး ၏ အဆင်းပိုင်းနေရာသို့ရောက်ပါက တံတောင်ဆစ် ကွေ့ငယ်လေးတစ်ခု ရှိ သည်။

ထို့အတွက် မော်တော် ယာဉ်များအနေဖြင့် ကုန်းအဆင်း ဆင်ခြေလျှောဖြစ် သည့် ထိုနေရာ သို့ရောက် လျှင် ဂီ ယာဖြုတ် ကာ အရှိန်ဖြင့် အသာ အယာ လှိမ့်ဆင်းမောင်းနှင် သွားနိုင်ပေသည်။

သို့သော် အဆိုပါမိုင်တိုင်နှင့် တည့်တည့် ကျသည့် နေရာတွင် (ဓါတ်ပုံပါနေရာ) ကားကိုခေတ္တ ရပ်၍ စက် ပိတ် ရပ် တန့်ပါက ယင်းမော်တော် ယာဉ်သည် ကုန်းအဆင်း ဆင်ခြေလျှော အတိုင်း ထိုးဆင်း သွားရမည့် အ စား  ကုန်း အတက်ဘက်ဆီသို့ နောက်ပြန် ( ဘက်ဂီယာမထိုးဘဲ) အရှိန်နှင့် ပြန်ဆုတ်သွားသည်ကို မျက်မြင် ကိုယ်ေ တွ့ ကြုံခဲ့ရပါသည်။

အများပြောသည်ကိုမယုံကြည်သောယဉ်မောင်းများစွာ ထိုနေရာတွင်လာရောက် စမ်းသပ် ကြည့်ရှုကြ သည်ကို လည်း တွေ့မြင်ခဲ့ရသည်။ အချို့ က လူကိုယ်တိုင်ကားပေါ်မှ ဆင်းကာကား လမ်းမပေါ်မှ မတ် တတ် ရပ်ကြည့် ရှုကြသည်။ အံ့ သြဖွယ်ရာ ကောင်းလောက်အောင်ပင် အနည်း ဆုံး ပေ ၅၀ မှ ၁၀၀ ခန့် အထိ ကုန်း အတက် ဘက်ဆီ နောက်ပြန် ထိုးတက် သွားသည့် ကားများကိုတွေ့မြင်ရပေသည်။

ဇင်ယော် မိတ်ဆွေများလည်း သွားရောက်စူးစမ်းလို့ ရအောင် ဗဟုသုတအလို့ငှာ တင်ပေးလိုက်ပါသည်။
BY : CH
Credit: ကိုပေါက် ( နေပြည်တော်)
 မြန်မာ့အလင်း သတင်းစာ ၂၄-၅-၂၀၁၃ တွင်လည်း အဆိုပါ သတင်းပါရှိပြီး ဂျာနယ် အချို့တွင်လည်း ပါ ပါသည်။ နေပြည်တော်သို့ သွားရောက်၍ စမ်းသပ်ကြပါလေ။ 

Oppositeyes

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D