သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

အမေရိကန် ခရီးစဉ်အတွင်း ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းအောင် ပြောနိုင်ခဲ့ သည်ဟု သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ် ပြောကြား


သမ္မတ ဦးသိန်းစိန်၏ သုံးရက်ကြာ အမေရိကန် ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ် များနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းသည်အထိ ရောက်သွားရန် ပြောနိုင် ခဲ့ သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်သည် မေ ၂၂ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ် ခရီးစဉ်သို့ ၎င်းနှင့် အတူ လိုက်ပါသွားခဲ့သော ဦးရဲထွဋ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးစဉ်နှင့် ပတ် သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

''မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ပိတ်ဆို့မှုတွေကို တရားဝင် ရုပ်သိမ်းနိုင်ဖို့ ကွန်ဂရက် လွှတ်တော်က ခေါင်းေ ဆာင်တွေ နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံက ပြောင်းလဲမှု အခြေအနေတွေကို သူတို့ပိုပြီး နားလည်အောင်၊ နောက် သူတို့နားလည်တဲ့အတွက် ပိတ်ဆို့မှုတွေ ဥပဒေအရ ရှိနေတာတွေကို ရုပ်သိမ်းတဲ့အထိ ရောက် သွားနိုင်ေ အာင် ပြောနိုင်ခဲ့တယ်'' ဟု ဦးရဲထွဋ်က ပြောကြားသည်။

သမ္မတ၏ အိမ်ဖြူတော် ခရီးစဉ်အပေါ် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်မှုများတွင် နှေးကွေးမှု အချို့ရှိနေသောကြောင့် ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းသည် အချိန် အနည်းငယ် စောလွန်းရာ ရောက်သည်ဟု အမေရိကန် လွှတ်တော်အမတ် အချို့က ဝေဖန်မှုများ ရှိခဲ့ပြီး ယင်း အပေါ်တွင်လည်း သမ္မတက နားလည်အောင် ရှင်းပြနိုင်ခဲ့သည်ဟု ဦးရဲထွဋ်က ဆိုသည်။

အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင် ပါက အမေရိကန် ကုမ္ပဏီများ အနေဖြင့် ရရှိနိုင်သော အခွင့်အလမ်းများကို ပြောပြခဲ့ပြီး ၎င်းတို့ဘက်မှ စိတ် ၀င် စားသည့် ကဏ္ဍများမှ သိချင်သော အချက်များကိုလည်း ရှင်းပြနိုင်ခဲ့သည်ဟု ၎င်းက ပြောကြား သည်။

ထို့ပြင် သမ္မတဦးသိန်းစိန်က ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် သယံဇာတ တစ်ခုတည်း သာမက မြန်မာနိုင်ငံကို နည်း ပညာ၊ အတတ်ပညာများ ပြောင်းလဲပေးနိုင်မည့် ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်ရန် ကိစ္စများ၊ အသေးစားနှင့် အလတ်စား စက်မှုကဏ္ဍများ ဖွံ့ဖြိုးလာစေမည့် ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုပြုလုပ်ရန် ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D