သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

ကိုယ်ပျောက် ကင်းလှည့်ရေယာဉ် အသုံးပြုရန် အမေရိကန်နှင့်ဗြိတိန် ပြင်ဆင်

Friday, May 24, 2013

အမေရိကန်နှင့် ဗြိတိန် ရေတပ်တို့သည် မောင်းသူမဲ့ ကိုယ်ပျောက် ကင်းလှည့်ရေယာဉ်များကို စတင် အသုံးပြုရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ Eclipseဟု အမည်ပေးထားသော လှေငယ်များတွင် လက်နက်တပ်ဆင်ထားပြီး အဓိကအားဖြင့် ပင်လယ်ဓားပြဂိုဏ်းများကို ဖြိုခွင်းရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။ အဆိုပါ ရေယာဉ်များ တည်ဆောက်ရာတွင် အသုံးပြုထားသော နည်းပညာအရ ရေဒါဖြင့် နေရာရှာ ထောက်လှမ်းမှု ပြုလုပ်နိုင်ခြင်း မရှိသည့် ကိုယ်ပျောက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ခေတ်မီ မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်များတွင် အသုံးပြုထားသည့် နည်းပညာကို ရေတပ်ကပါ ပြောင်းလဲလက်ခံ အသုံးပြုလာသည့် သဘောမျိုး ဖြစ်ပြီး ယင်းတို့ကို အဝေးထိန်းစနစ်ဖြင့် စေညွှန်ထိန်းချုပ်နိုင်မည်ဟု သိရှိရသည်။

အဆိုပါ မောင်းသူမဲ့ ရေယာဉ်များသည် ရေမိုင် (၆၀၀)မျှထိ ခရီးသွားနိုင်ပြီး (၁၀)ရက်ကြာအောင် လောင်စာဆီ မဖြည့်တင်းဘဲ တာဝန်ထမ်းဆောင်နိုင်သည်။ စစ်ဘက်ဆိုင်ရာ သုတေသီများက ယင်းတို့သည် ပထမဆုံးသော ရေတပ်တာဝန် ထမ်းဆောင်နိုင်မည့် မောင်းသူမဲ့ ကိုယ်ပျောက်ယန္တရားများ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုထားသည်။ (၃၅)ပေ အရှည်ရှိသော လှေငယ်များသည် သမုဒ္ဒရာကို ဖြတ်သန်းကာ ထောက်လှမ်းရေး လုပ်ငန်းများနှင့် ပင်လယ်ဓားပြများကို ခြေရာခံ ရှာဖွေမှု လုပ်ငန်းများ ဆောင်ရွက်နိုင်စွမ်း ရှိနေသည်။ စစ်အင်အားကြီး မဟာမိတ် နှစ်နိုင်ငံသည် ပထမဆုံးသော စက်ရုပ်ရေတပ်ကို တည်ဆောက်ရန် စိတ်ကူးယဉ်နေဖွယ် ရှိသည်။

Roll Royceက ထုတ်လုပ်သည့် မြင်းကောင်ရေ (၅၀၀)အား အင်ဂျင်နှစ်လုံးကို တပ်ဆင်ထားသော ရေယာဉ်ငယ်များသည် တစ်နာရီ မိုင်(၆၀)နှုန်း မောင်းနှင်ကာ (၂၄)နာရီပတ်လုံး လှုပ်ရှားနေနိုင်သည်။ ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်တစ်စင်းနှင့်ရော၊ အသေးစား တိုက်သင်္ဘော တစ်စင်းနှင့်ပါ ပုံသဏ္ဍန် ခပ်ဆင်ဆင်တူသည့် Eclipseတွင် 50 Calibre သေနတ် တစ်လက်နှင့် စက်အမြောက်တစ်လက် အပါအဝင် လက်နက်များ တပ်ဆင်ထားသည်။ ထို့အပြင် HDအရည်အသွေး မှတ်တမ်းတင်နိုင်သည့် ဗီဒီယို ကင်မရာလည်း ပါရှိမည် ဖြစ်သည်။ အဆိုပါ ရေယာဉ်များ၏ တန်ကြေးသည် တစ်စင်းလျှင် ပေါင်စတာလင် (၆၅၀၀၀၀)မျှ ကျသင့်မည်ဟု ဆိုသည်။

ယခုရေတပ် သင်္ဘောငယ်များကို အမေရိကန် စစ်ဘက်ဆိုင်ရာ စက်ရုပ်ကျွမ်းကျင်သူ အင်ဂျင်နီယာများက အဘူဒါဘီတွင် စမ်းသပ် တီထွင်လျှက် ရှိနေကြောင်း သိရသည်။ ယခုလုပ်ငန်းကို တာဝန်ယူထားသည့် Al Seer Marineမှ ပြောရေးဆိုခွင့်ရ အရာရှိ ကိတ်သ်ဟန်ဒါဆန်က "ကျွန်တော်တို့ရဲ့ ဖန်တီးမှု လက်ရာက လုံးဝကောင်းမွန်ပြီး ပြိုင်ဘက်ကင်းပါတယ်။ အရွယ်အစားရော အမျိုးအစားကပါ စင်းလုံးချောပါပဲ။ အသုံးဝင်မှု စွမ်းရည်ကတော့ ကိုယ်က ဘယ်လောက်ထိ Mission အရေအတွက် များများစားစားမှာ သုံးမလဲဆိုတဲ့အပေါ် မူတည်မှာပါ။ ကျွန်တော်တို့ရဲ့ စက်ရုပ်ရေတပ်ဖွဲ့ဟာ ကမ္ဘာ့ပထမဆုံး ဖြစ်လာနိုင်ပါတယ်။ လှေတွေမှာ ပါရှိတဲ့ ရေဒါတန်ပြန် ဖျက်ဆီးနိုင်တဲ့ အကောင်းဆုံး တည်ဆောက်ပုံကြောင့် ရေဒါနဲ့ ထောက်လှမ်းမှုကို လှည့်စားနိုင်ပါတယ်။ ရေတိမ်ရော၊ ရေနက်ပိုင်းမှာပါ သွားလာနိုင်ပြီး ရာသီဥတုဒဏ်ကိုလည်း အဆိုးဆုံး အခြေအနေတွေမှာတောင် ခံနိုင်ရည် ရှိပါတယ်"ဟု ပြောကြားသွားခဲ့သည်။

Source: DailyMail

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D