သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

" တပ်မတော် ဘာလဲ….ဘယ်လဲ ….( ၁ ) "

မြန်မာ့နိုင်ငံရေးခရီးမှာ…တပ်မတော်ရဲ့ ရည်ရွယ်ချက်ကို ….အရပ်စကား နဲ့ နားလည်အောင်ပြောပြပါလို့ ….ကျွန်တော့်ကို လာမေးရင်တော့ ….ဘယ် အစိုးရတက်တက် ဘယ်ဝါဒကို ကျင့်သုံးကျင့်သုံး …..တိုက်စရာရှိရင် သူပဲ တိုက်ရမှာပဲလို့ စဉ်းစားပြီးတပ်မတော်ရဲ့  ရပ်တည်မှုကို မခြိမ်းခြောက်နိုင်အောင် ….ဖြိုခွဲလို့ မရအောင် အင်အားတည်ဆောက်ထားရမယ် လို့ ….ယူဆ တဲ့  အတွေးအခေါ်လို့  ကျွန်တော်ပြောရမှာပါ.....…။

တပ်မတော်ဟာ …..လွတ်လပ်ရေးမရခင်ကတည်းက စခဲ့တဲ့ ….လူမျိုးရေး ၀ါဒရေးရာမှိုင်းများအောက်မှာ…....ပြိုကွဲလုနည်းပါးဖြစ်ခဲ့တဲ့  အတွေ့ အကြုံကို အခြေခံပြီး ….ဒီအတွေးအခေါ် ပေါ်ထွက်လာတာလို့ ပြောရင်လဲ …..မှားမယ် မထင်ပါဘူး……။

၁၉၄၈ လွတ်လပ်ရေးရပြီးခါစမှာ……တပ်မတော်ရဲ့ ရှိစုမဲ့စု တပ်ရင်း ၁၀ရင်းထဲက ….တပ်ရင်းတစ်ချို့ ဟာ တောခိုသွားခဲ့ပါတယ်……တစ်ဖက်မှာလဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ရင်းတွေအတော်များများက တစ်ပြိုင်တည်း ပုန်ကန်ခဲ့တဲ့ဖြစ်ရပ်အတွက်….တပ်မတော်ဟာ အတော်အထိနာသွားခဲ့ပြီး ….
ရန်သူက ….မန်းလေးအပါအ၀င် မြန်မာပြည်တစ်ပြည်လုံးနီးပါးနဲ့  ….ရန်ကုန်မြို့ အင်းစိန်ထိထိုးစစ်ဆင်သိမ်းပိုက်လိုက်တဲ့ ဖြစ်ရပ်……
တပ်ရင်းတွေဟာ တပ်ရင်းလိုက်တောင်တိုက်ပွဲမ၀င်နိုင်တော့ပဲ ….တပ်ခွဲ လိုက် မြန်မာပြည် အနှံ.အပြားပြန့် ကျဲ ခံစစ်ဆင်ခဲ့ရတဲ့ ဖြစ်ရပ်......

လက်တစ်ဆုပ်စာလောက် တပ်တွေဟာ....မြန်မာပြည် အရှေ့  အနောက် တောင်မြောက်.....အရူးမီးဝိုင်း အပြေးအလွှား ချီတက် တိုက်ခိုက်ရင်း.....ကိုယ့်ထက် အင်အားငါးဆလောက်များတဲ့ ရန်သူကို ...... အသေခံ ကာကွယ်ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ....... သက်တမ်းနုနယ်လှသေးတဲ့ အမြဲတန်းတပ်မတော်တစ်ခုရဲ့ စိတ်ကို …... အင်မတန် အနာတရ ဖြစ်စေခဲ့ပါတယ်……။

အဲဒီနောက် ထပ်ပြီးခါးသီးစရာ ဖြစ်ခဲ့ရတာကတော့ ….ပြည်ပနိုင်ငံတွေရဲ့ အထောက်အပံ့ ရထားတဲ့  ……ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ရင်ဆိုင်ရ တဲ့ ကာလရှည်စစ်ပွဲကြီးရယ်.....ဗူးလေးရာ ဖရုံဆင့်ဆိုသလို…နောက်ထပ်
စစ်မျက်နှာ အသစ်တစ်ခုဖွင့်လိုက်ရတဲ့  …တရုတ်ဖြူကျူးကျော်မှု ၇ယ်…..အဲဒါနဲ့ အတူ တစ်ပြိုင်တည်းပေါ်လာတဲ့…ရခိုင်မြောက်ပိုင်းနယ်စပ်က မူဂျာဟစ်လှုပ်ရှားမှုရယ်…ပါ …။

တပ်မတော်ဟာ လွတ်လပ်ရေးရခါစတိုင်းပြည်မှာ ….အရပ်ဆယ်မျက်နှာကို လှည့်ပတ်စစ်တိုက်နေရတဲ့ ဘ၀ကနေ ….သတိပြုမိလာတာ ကတော့ ……
အစိုးရ အဖွဲ့ ရဲ့ ဆောင်ရွက်ချက်အားလုံးဟာ…တပ်မတော်ရဲ့ အနာဂတ်ကို ဖန်တီးပေးနေတယ်ဆိုတာပါ…။ အစိုးရအဖွဲ့ ထဲက နိုင်ငံရေးသမားများရဲ့  နိုင်ငံရေးကစားကွက်တွေဟာ ….တပ်ထဲက စစ်သည်အတော်များများ ရဲ့ အသက်ကို ချွေပစ်နိုင်တယ်ဆိုတာ…

၁၉၆၁ သြဂုတ် ၂၆ရက်နေ့ မှာ …..ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာလို့  ကြေငြာလိုက်ပြီး ….တစ်လအတွင်း ဒီရေလိုတိုးလာတဲ့ …….
KIA သောင်းကျန်းသူ အရေအတွက်ကိုကြည့်ပြီး ….ကောင်းကောင်း သဘောပေါက်လာခဲ့ပါတယ်…….။

ဒါဟာ မြန်မာ့တပ်မတော်ရဲ့  …….အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ပါကို ပါရမယ်……ဒါမှ ….နိုင်ငံရေးသမားတွေ မဲရဖို့ ……တပ်ကိုထိုးကျွေးတဲ့ ကိစ္စမျိုးကို တားဆီးနိုင်မယ်ဆိုတဲ့ …..အယူအဆ တစ်ခုကို ထွက်ပေါ်စေခဲ့ပါတယ်…….။

(ရေးသားသူ- ရဲမိုး)
ဆက်လက်တင်ဆက်ပါမည်.......

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D