သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

““တပ်မတော် ဘာလဲ ဘယ်လဲ- ၅””

----------------------------------------------------------------------------------------
၁၅.၉.၈၈ရက်နေ့  နံနက် ၄ နာရီ ၄၅ မိနစ်မှာ ….. တပ်မတော်ရဲ့ ရှေ့ တန်းခံစစ် စခန်း ဖြစ်တဲ့ ….. ကစို စခန်းပေါ်က ဘန်ကာ တစ်လုံးဟာ ….
ရန်သူ့ လက်နက်ကြီးကျည်ထိမှန်ပြီး မွမွကြေ သွားခဲ့ ပါတယ်…….
ဒါဟာ မဲသဝေါ ဒေသ တိုက်ပွဲစဉ်ကြီးရဲ့  ….. အချက်ပေးခရာသံလို့ ဆိုနိုင်သလို
တပ်မတော် ရဲ့ သမိုင်းတစ်လျောက် ……. ခါးသီးလှတဲ့ စာမျက်နှာတစ်ခုကို ......
ထပ်ဖွင့်လိုက်ရတယ်ဆိုလဲ မမှားပါဘူး…..။

ကေအန်ယူ တပ်မဟာ ( ၇ ) တစ်ခုလုံး ဟာ ….. မဒတ (အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု) ရဲ့ အစီအစဉ်နဲ့  ……. မဲသဝေါဒေသ တစ်ခုလုံးကို ……
အင်အား ၂၀၀၀ ကျော်နဲ့ ….. ထိုးစစ်ဆင်နွှဲ ခဲ့တာဖြစ်ပါတယ်……
စက်တင်ဘာ ၂၆ ရက်နေ့ မှာတော့ ……. တပ်မတော်ဟာ မဲသဝေါဒေသ ရဲ့  ကာကင်းကုန်းတစ်ခုဖြစ်တဲ့  ….. အံ့ကျော်ကုန်းစခန်း ၊ပွိုင့် ၁၇၇၈ စခန်း တို့ ကို လက်လွှတ်ခဲ့ရပြီး…… မနေးမနောင်းမှာပဲ ကဆာနလီတောင်ကြောနဲ့  …….
မဲသဝေါ ပင်မစခန်းတို့ ကပါ ဆုတ်ခွာရပါတော့တယ်…….။

၁၉၈၈ ခုနှစ်ထိ …… ခြေမြန်တပ်မ (၈) မပဲရှိသေးတဲ့ တပ်မတော်အဖို့ ကတော့
တစ်ခြား တိုက်ခိုက်ရေး တပ်မတွေကို …… အဲဒေသကို စစ်ကူလွှတ်နိုင်လိမ့်မယ် မဟုတ်ပါဘူး……. ဘာကြောင့်လဲ ဆိုတော့ ……. တပ်မတွေဟာ နယ်မြေခံ မြို့ စောင့်တပ်တွေနဲ့ မနိုင်တော့ပဲ …… ဆူပူမှူတွေ အပြင်း အထန်ဖြစ်နေတဲ့ …… မြို့ ကြီး အတော်များများကို ၀င်ရောက်တာဝန်ယူနေရပြီး
အရှေ့ မြောက် မိုင်းယန်း ဒေသ နဲ့  ကချင်ပြည်နယ် ဒေါ့ဖုန်းယန် တို့ မှာလဲ ….
ဗကပ နဲ့  ကေအိုင်အေတို့ က တစ်ပြိုင်တည်း ထိုးစစ်ဆင်နွှဲတာကို …….
အပြင်းအထန် ခုခံ နေရ ပြီဖြစ်ပါတယ်…။


၁၉၈၈ခု စက်တင်ဘာ ၂၃ ရက်မှာ ….. ဗကပ ပန်ဆန်းဗဟို ရဲ့ တိုက်ရိုက် ကွပ်ကဲမူနဲ့  ချီတက်လာတဲ့  …… လက်ရွေးစင်တပ်ရင်း ၁၃ ရင်းဟာ …….
မိုင်းယန်းဒေသမှာ တပ်စွဲထားတဲ့ ……. တစ်ခုတည်းသော တပ်မတော် ခြေလျင် တပ်ရင်း တစ်ရင်းကို ….. စတင်တိုက်ခိုက်ခဲ့ပါတယ်……..

နယ်မြေတွင်းက စစ်ကူ စစ်ကြောင်းတွေ မလာနိုင်အောင်…… အဖက်ဖက်က ပိတ်ဆို့ ဖြတ်တောက်ပြီးမှ …….အပိုင် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်…….
ဒီတိုက်ပွဲ ဟာ တိုက်ပွဲကြီး ၁၄ ကြိမ် တိုက်ပွဲငယ် ၂၃ ကြိမ် …..
အနီးကပ် လှံစွပ်ထိုးတိုက်ပွဲ အကြိမ် ၃၀ ထိ တိုက်ခိုက်ခဲ့ပေမယ့် …….
အဲဒီ တပ်မတော် ခြေလျင်တပ်ရင်းဟာ …… စစ်ကူစစ်ကြောင်းတွေ ကို စောင့်ဆိုင်းရင်း ……..(၈) ရက်လုံးလုံး မဆုတ်ခွာပဲ အသေခံ ခုခံနေတာကြောင့် ……. ဗကပ တို့ ရဲ့ မိုင်းယန်းကနေ ......
မူဆယ် နမ့်ခမ်း ကြူကုတ် ထိ သိမ်းပိုက်မယ့် စစ်ရေးစီမံချက်ဟာ …….
သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်……..။

စစ်ကူ စစ်ကြောင်းတွေ ရောက်လာချိန် မှာတော့ …… အဲဒီ တပ်ရင်းဟာ ......
တပ်ရင်းမှူး နဲ့ အရာရှိ လေးဦး အပါအ၀င် …… စစ်သည် ၄၇ ဦး ရဲ့  အလောင်းတွေ ပြန့် ကျဲနေပြီး …… ၁၂၄ ဦး ကိုတော့ ဒဏ်ရာအပြင်းအထန် နဲ့ ……. သူတို့ ကတုတ်ကျင်းတွေထဲမှာ တွေ့ ခဲ့ရပါတယ်…….. သူတို့ စခန်းပေါ်က မြန်မာနိုင်ငံ အလံကတော့ ...... တစ်လူလူ လွှင့်လျက်ပါပဲ။

မိုင်းယန်းတိုက်ပွဲကို အနိုင်တိုက်လိုက်နိုင်တဲ့  တပ်မတော်ဟာ……
မဲသဝေါ ဒေသ တိုက်ပွဲ တွေရဲ့ အစ မှာတော့ …… အကြီးအကျယ် အထိနာ ခဲ့ ပါတယ်….. တိုက်ပွဲကာလ သုံးလကျော် ကြာမြင့်ခဲ့ပြီး ….
ဒီဇင်ဘာ ၂၂ ရက်နေ့ မှာတော့ ……. ဆုံးရှုံးခဲ့ရတဲ့ မဲသဝေါ ပင်မစခန်းကြီး ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပေမယ့်  …… တိုက်ပွဲစဉ်တစ်ခုလုံး ……
တိုက်ပွဲကြီး ၈၅ ကြိမ် တိုက်ပွဲငယ်၁၄၅ ကြိမ် နဲ့  …… အနီးကပ် လှံစွပ်ထိုးတိုက်ပွဲ ၄၇ ကြိမ် ဆင်နွှဲခဲ့ရပြီး …… တပ်မတော်ဘက်က အရာရှိ ၁၂နှစ်ဦး အပါအ၀င်
၂၄၂ ဦးကျဆုံးခဲ့ရပါတယ်…….. အရာရှိ ၄၉ ဦး အပါအ၀င် ၉၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်….. ဒါဟာ တပ်မတော် အတွက်တော့ ………
အမြဲတန်း သတိရနေတော့မယ့် ……. ကိန်းဂဏန်း အရေအတွက် တစ်ခုလည်း ဖြစ်ပါတယ်……..။

မျက်မှောက်ခေတ် နိုင်ငံရေးသမားအတော်များများဟာ ………
၈၈ အရေးအခင်းကြီးကို ……. ဒီမိုကရေစီ အတွက် ICON တစ်ခုအဖြစ် …..
သတ်မှတ် ဂုဏ်ယူခဲ့ ကြပြီး …… အရေးအခင်းတစ်ခုတည်း ကိုသာ ကွက်ပြီး စဉ်းစားလေ့ရှိပေမယ့် ……. တပ်မတော် အနေနဲ့ ကတော့ …….
၈၈ အရေးအခင်းလို့ ဆိုလိုက်တာနဲ့  …….. မြေပေါ်ဗကပ လှုပ်ရှားမှူတွေ…….
တိုက်ခိုက်ရေးတပ်မတွေကို မြို့ ကြီးတွေမှာ လုံခြုံရေးတာဝန် ထမ်းဆောင်ဖို့ စေလွှတ်လိုက်ချိန်မှာ…… အချိန်ကိုက် ၀င်တိုက်ခံရတဲ့ မိုင်းယန်း ၊ မဲသဝေါ တိုက်ပွဲစဉ်တွေ ……. မိုးညှင်းမြို့ ကိုဝင်တိုက်ခဲ့ တဲ့ ကေအိုင်အေ အင်အား၄၀၀….. ဒေါ့ဖုန်းယန် တိုက်ပွဲက ကေအိုင်အေ အင်အား ၉၀၀ကျော်
ဒါတွေကိုပဲ တစ်စုတစ်စည်းတည်းပြေးမြင်လေ့ရှိပြီး …… တပ်မတော် ကို ချေမှူန်းဖို့  ….. အချိန်ကိုက် ဟန်ချက်ညီ ဆောင်ရွက်ခဲ့ တဲ့ ….
စစ်ရေး နိုင်ငံရေး ဖြစ်စဉ်ကြီးလို့ ပဲ ယူဆလေ့ရှိပါတယ်…....။

ဒါဟာ လက်ရှိ ဖြစ်နေတဲ့  ……. နိုင်ငံရေးသမားတွေနဲ့ တပ်မတော် ကြားက ......
အမြင်မတူညီမှူတွေရဲ့  အဓိက ကွဲလဲချက်လဲ ဖြစ်နိုင်ပြီး ……..
၁၉၉၀ ရွေးကောက်ပွဲ အပြီး အာဏာကို ချက်ချင်းပြန်မလွှဲတော့ပဲ …….
တပ်မတော်ရဲ့ စစ်ရေးအင်အားကို ……. ခိုင်မာအောင်တည်ဆောက် ဖို့ ကြိုးစားခဲ့ တဲ့ဖြစ်ရပ်ကို ...... ဖြစ်ပေါ်စေခဲ့တဲ့ အတွေးအခေါ် တစ်ခုလို့ လဲ ....
မလွှဲမသွေ ဆိုနိုင်ပါတယ်….....။

ရေးသားသူ- ရဲမိုး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D