ထားဝယ်မြို့ ၏ အထင်ကရ တံတား တစ်စင်း ဖြစ်သော ကမြောကင်း တံတား ပေါ်တွင် မေလ ၂၁ ရက်နေ့  မွန်းလွဲပိုင်းက အမျိုးသမီး တစ်ဦး တံတား ပေါ်မှ ခုန်ချပြီး အဆုံး စီရင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အလောင်းကိုညနေ ၅ နာရီကျော်အထိ ရှာဖွေ နေသော်လည်း မတွေ့ ရှိ ရသေးကြောင်း သိရသည်။
တံတားပေါ်မှ ခုန်ချ ခဲ့သူ အမျိုးသမီးမှာ ထားဝယ်မြို့ ပေါ်မှ ဖြစ်ပြီး ကျောင်းဆရာမ တစ်ဦး ဖြစ်ကြောင်း၊ တည်ငြိမ် အေးဆေးစွာ နေတတ်သူ တစ်ဦး ဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ယခု ကဲ့သို့ ခုန်ချ ခဲ့သည်ကို မသိရှိကြောင်း ကာယကံရှင် မိသားစုများ ထံမှ သိရှိ ရသည်။ လွန်ခဲ့သော ၁၀ နှစ်ခန့် ကလည်း အဆိုပါ တံတားပေါ်မှ ကျောင်းဆရာမ တစ်ဦး ခုန်ချ၍ အဆုံးစီရင်ခဲ့ပြီး ၁ ပတ်ခန့် အကြာမှ အလောင်းကို ထားဝယ်မြစ်တွင်း ပြန်လည် ရှာဖွေတွေ့ ရှိခဲ့ဖူးကြောင်းသိရှိရသည်။
သတင်း ဓါတ်ပုံ - Phyo Zin
exitzone1

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...