သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, May 25, 2013

သမ္မတအား ၀ါရှင်တန်တွင် ဆန္ဒပြသူများ ပြဿနာတက်


၈၈ ဇော်ဝင်း (RFA သတင်းထောက် ဒေါ်စုမွန်၏ ယောင်္ကျား၊ မိန်းမထဘီနားခိုစားနေရသူ) နှင့် ၀ါကာအူဒင် (ပြည်ပရောက်ရိုဟင်ဂျာခေါင်းဆောင်ကြီးဟု VOA တွေ့ဆုံပွဲတွင် ကိုယ့်ကိုယ်ကို အမွှန်းတင်ခဲ့သူ) နှစ်ဦး ကြိုတင်ကြံစည်ခဲ့သော ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဆန္ဒပြမှုများ မအောင်မြင်ခြင်းကြောင့် ငွေကြေးစိုက်ထုတ်ကျခံသည့် အဖွဲ့အစည်းများနှင့် အချေအတင် အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

ငွေကြေးစိုက်ထုတ်ပေးသော အဖွဲ့အစည်းများ (၃ ခုသာ ရှိသည်)က ဆန္ဒပြရာတွင် လူအင်အား နည်းပါးခြင်း၊ ထိုသို့နည်းပါးခြင်းကြောင့် ထိထိရောက်ရောက် မရှိခြင်းတို့ ဖြစ်ပေါ်စေကြောင်း၊ အမေရိကန်အစိုးရ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့်လည်း စနစ်တကျ ကြိုတင်ချိတ်ဆက်မှု အားနည်းခဲ့ကြောင်း၊ ထို့ကြောင့် ငွေကြေးစိုက်ထုတ်ကျခံရကျိုး မနပ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည် ဟု သိရှိရပါသည်။

၈၈ ဇော်ဝင်းနှင့် ၀ါကာအူဒင်တို့ကလည်း အမေရိကန်အစိုးရကသာ အဓိကဖြစ်ပြီး မူလကတည်းက အများ ဝေဖန်နေသည့်ကြားမှ ဦးသိန်းစိန်ကို ဖိတ်ခေါ်ခဲ့ခြင်းမှာ ယခုကဲ့သို့ ဆန်ရှင်များ ဖယ်ရှားပေးရန် ကြိုတင်စီစဉ်ထားသောကြောင့် ဖြစ်ကြောင်း၊ ဆန္ဒပြပွဲနှင့်ပတ်သက်၍ အမေရိကန် နှင့် မြန်မာ အစိုးရနှစ်ဘက်စလုံးမှ ကြိုတင်သတင်း ရရှိမှု အားနည်းခဲ့ကြောင်း၊ ဦးသိန်းစိန် သွားလာမည့် ခရီးစဉ်အစီအစဉ်များ မသိရှိရသဖြင့် ဆန္ဒပြမှုများ ကြိုတင်စီစဉ်ရန် အချိန် မရရှိခဲ့သောကြောင့် ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ဟု ဒီစီရှိ သတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့ပါသည်။

ထို့ပြင် အိမ်ဖြူတော်ရှေ့၊ ဖြတ်သန်းသွားရာ လမ်းမဘေး စသည်တို့တွင် ဆန္ဒပြခဲ့ရာ၌ ပါဝင်ခဲ့ကြသူများအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၂၀၀)စီ ခွဲဝေပေးရာတွင် ကြားမှဖြတ်၍ ယူထားခြင်း၊ စားစရိတ်ကို ဒေါ်လာ(၂၀၀)မှ ဖြတ်တောက်ခြင်း၊ မိမိဆန္ဒဖြင့် လာရောက်ဆန္ဒပြသူများ ကို ငွေမပေးဘဲ မသိချင်ယောင်ဆောင်နေခြင်း စသည်တို့ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ မဟုတ်မမှန် လုပ်ဆောင်မှုများကြောင့် ဆန္ဒပြသူအချို့က မကျေမနပ်ဖြစ်ကာ အခကြေးငွေယူ၍ ဆန္ဒပြခြင်း ဖြစ်သည်ကို မီဒီယာများသို့ ထုတ်ဖော်ပြောကြား ရန် ပြုမူလာခြင်းကြောင့် ၈၈ ဇော်ဝင်းက လိုက်လံဖုံးဖိနေကြောင်း သိရှိရပါသည်။

အမေရိကန်ရောက် မြန်မာနိုင်ငံသား အများစုမှာ ဦးသိန်းစိန်၏ ခရီးစဉ်အပေါ် များစွာ ထောက်ခံ ကြိုဆိုလျက် ရှိကြပြီး ဆန္ဒပြသူများ၏ အတွင်းရေးကို ဖွင့်ချရန် စီစဉ်နေသူများပင် ရှိနေကြောင်း သိရှိရပါသည်။

"ဒီလူတွေအကြောင်း ကျနော်တို့ အတော်များများ သိရှိထားပါတယ်။ အချို့ကိစ္စတွေက ပုဂ္ဂိုလ်ရေး တွေ ဖြစ်နေလို့ အကျယ်တော့ မပြောလိုပါဘူး။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ။ သူတို့ကို တွေ့ရင် အသေးစိတ် မေးကြည့်ကြပါ။ ဒီလိုအချိန်မှာ ဘာသာရေးတွေ ထည့်မပြောသင့်ပေမယ့် အဓိက ငွေကြေးစိုက်ထုတ်တာက အစ္စလာမ်ဘာသာဝင်တွေကို တောက်လျှောက် လော်ဘီလုပ်ပေးခဲ့တဲ့ အဖွဲ့အစည်းတွေပါပဲ။ ခွပ်ဒေါင်းအလံတွေသုံးတယ်၊ တိုင်းရင်းသားအလံတွေသုံးတယ်။ ရောကြိတ်တဲ့ သဘောပေါ့ဗျာ" ဟု အမည်မဖော်လိုသူ နယူးယောက်နေ မြန်မာလူမျိုးတစ်ဦးက ပြောပါသည်။

ဆန်ဖရန်စစ္စကိုနေ မြန်မာလူမျိုးတစ်ဦးကလည်း "အခု သမ္မတကြီးကို အမေရိကန်က ထောက်ခံကြောင်း ပြလိုက်ပြီ။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမယ်လို့ အထက်လွှတ်တော်က ပြောလိုက်ပြီဗျ။ ဆန္ဒပြတဲ့သူတွေကတော့ မပြောချင်တော့ပါဘူး။ ဆွမ်းဆန်ထဲမှာ ကြွက်ချေးလည်း ရှိတတ်တာပါပဲ။ သူတို့ကြောင့် အမေရိကားရောက် မြန်မာတွေ ကို သိမ်းကျုံးမပြောစေချင်ဘူး။ ဒီလူတွေက ဆန္ဒပြတာတောင် ဒေါ်လာစားရမှ ဆန္ဒပြကြတာဗျ" ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

မည်သို့ပင် ဆိုစေ ဦးသိန်းစိန်၏ ခရီးစဉ်မှာ အောင်မြင်လှသော ခရီးစဉ်ဖြစ်ပြီး ပိတ်ဆို့မှုများ မကြာခင် ဖယ်ရှားပေးမည် ဖြစ်ပြီး နောက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ဖြစ်ပေါ်လာဖွယ်ရာ ရှိကြောင်း သိရှိရပါသည်။ (Source-PLT News)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D