သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""
MOUSE
ကြိုဆိုပါ၏
top up
Related Posts Plugin for WordPress, Blogger...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Tuesday, May 21, 2013
နိုင်ငံ့ဝန်ထမ်းကို နိုင်ငံ့အစိုးရက ကာကွယ်ပေးရမယ့် အချိန် မကျသေးလို့လား
Photo: နိုင်ငံ့ဝန်ထမ်းကို နိုင်ငံ့အစိုးရက ကာကွယ်ပေးရမယ့် အချိန် 
မကျသေးလို့လား
===========================================
လပွတ်တာမြို့နယ်၊ (၈)ရပ်ကွက်မှ မျိုးထူး အမည်ရှိ လူသတ်မှုနှင့် ထောင်ကျထားသူ
 တစ်ဦးသည် ထောင်မှ လွတ်ပြီးနောက် ဓားထိုးမှုနှင့် ထောင်ထပ်ကျသည့် အတွက် 
ရပ်ကွက်အတွင်း ၄င်း၏ ညီအစ်ကိုများ ဖြစ်သူ ဇော်မင်း၊ ရန်နိုင်ကျော်နှင့် 
ထက်အောင်ကျော်တို့မှ ဓားတစ်ရမ်းရမ်းဖြင့် သောင်းကျန်းခဲ့ကြကြောင်း သိရသည်။
၎င်းတို့ ညီအစ်ကိုများမှ လူသတ်လဲ ထောင်(၃)နှစ်ပဲကွ၊ တိုင်ချင်ရာကို တိုင်၊ 
တိုင်တဲ့သူကို ထွက်လာရင် ထပ် သတ်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့ကြသည်။
 အဆိုပါ ညီအစ်ကို တစ်စုမှ ရှေ့နေ တစ်ဦးအား ခေါ်ဆောင် လာခဲ့ပြီး အချုပ်ခန်းမှ
ရဲတပ်ဖွဲ့ ၀င် တစ်ဦးအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များအား တင်းကြပ်သည့် စည်းကမ်းသတ်မှတ်ချက်များ ပြုလုပ်ထားသည့် 
အတွက် ထိုသို့ ရမ်းကားမှု များ ရှိသော်လည်း အရေးယူခံရခြင်း မရှိဘဲ၊ 
၎င်းတို့အဖွဲ့မှ မြို့တွင်းလှည့်လည် ရမ်းကားခဲ့သည်။ နောက်ဆုံး တွင် 
ရဲစခန်းရှေ့သို့ ပြန်ရောက်လာပြီး ဆဲဆို ရမ်းကားသဖြင့် ရဲတပ်ဖွဲ့မှ 
မူးယစ်ရမ်းကားမှုဖြင့် အရေးယူခဲ့ရသည်။
မလက်တိုတွင် ရဲတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ 
လက်ပံတောင်းတွင် ဒုတ်၊ဓား၊ ဓာတ်ဆီဗူးများဖြင့် ပစ်ခြင်း၊ 
နေမျိုးဇင်ကဲ့သို့သော လူများမှ ရိုင်းစိုင်းသော စကားများ ပြောဆိုခြင်း 
တို့အပေါ် ဥပဒေ အတိုင်း အရေးယူနိုင်သော်လည်း ဥပဒေနှင့် နိုင်ငံရေး 
ရောယှက်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များ အခက်ကြုံနေ ရကြောင်း သိရသည်။
ကျွန်တော်တို့မှာ ဘာအကာအကွယ်မှ မရှိဘူး။ တစ်ယောက်တည်းသွားလို့ 
တစ်ခုခုဖြစ်ရင် ဆက် သွယ်စရာ စက် အစုတ် ၁ လုံးတောင် မရှိဘူး။ ဖမ်းရင် 
ဖမ်းတယ်ပြောတယ်။ ပြီးရင် လွှတ်ပေးလိုက် လုပ်တယ်။ ကိုယ့်အစိုးရက ကိုယ့်ကို 
အကာအကွယ် မပေးရင် ကျွန်တော်တို့ဘ၀က ဘာလဲဟု ရဲတပ်သား တစ်ဦးမှ ပြောဆိုခဲ့သည်။
မကောင်းမှု တစ်ခုလုပ်တိုင်း ရဲတိုင်လိုက်ရမလား ဆိုကာ ပြောရသည့် 
မြန်မာနိုင်ငံအတွက် မရှိ မဖြစ်သော ရဲတပ်ဖွဲ့ဝင်များ အတွက် အစိုးရမှ 
အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် များ မတရား လုပ်ပါက 
တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ ပေးထားကာ ပြည်သူအကြိုက် 
လုပ်ပေးနေသော်လည်း၊ တကယ်တမ်း ဖြစ်လာ သမျှတွင် လတ်တလော ခံရသူမှာ 
ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ယခုအတိုင်း ဆက်သွားပါက ရဲတပ်ဖွဲ့ ၀င်များ၏ 
စိတ်ဓာတ်များကို ဖျက်ဆီးသကဲ့သို့ ဖြစ်နိုင်ကြောင်း ရဲတပ်ရင်းမှ 
အရာရှိတစ်ဦးကလည်း ပြောခဲ့သည်။
ဓာတ်ပုံ- မြို့တွင်း လှည့်လည် ရမ်းကား ဆဲဆိုနေသည့် ညီအစ်ကို ၁ စု
Credit to ►
Opposite Eye
 ဓာတ်ပုံ- မြို့တွင်း လှည့်လည် ရမ်းကား ဆဲဆိုနေသည့် ညီအစ်ကို ၁ စု
လပွတ်တာမြို့နယ်၊ (၈)ရပ်ကွက်မှ မျိုးထူး အမည်ရှိ လူသတ်မှုနှင့် ထောင်ကျထားသူ တစ်ဦးသည် ထောင်မှ လွတ်ပြီးနောက် ဓားထိုးမှုနှင့် ထောင်ထပ်ကျသည့် အတွက် ရပ်ကွက်အတွင်း ၄င်း၏ ညီအစ်ကိုများ ဖြစ်သူ ဇော်မင်း၊ ရန်နိုင်ကျော်နှင့် ထက်အောင်ကျော်တို့မှ ဓားတစ်ရမ်းရမ်းဖြင့် သောင်းကျန်းခဲ့ကြကြောင်း သိရသည်။
၎င်းတို့ ညီအစ်ကိုများမှ လူသတ်လဲ ထောင်(၃)နှစ်ပဲကွ၊ တိုင်ချင်ရာကို တိုင်၊ တိုင်တဲ့သူကို ထွက်လာရင် ထပ် သတ်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့ကြသည်။ အဆိုပါ ညီအစ်ကို တစ်စုမှ ရှေ့နေ တစ်ဦးအား ခေါ်ဆောင် လာခဲ့ပြီး အချုပ်ခန်းမှ ၄င်းတို့ အစ်ကို အား သွားရောက်တွေ့ ဆုံရာ၌ ငါ့အစ်ကိုကို ဖမ်းရမလား ဆိုကာ ရဲတပ်ဖွဲ့ ၀င် တစ်ဦးအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များအား တင်းကြပ်သည့် စည်းကမ်းသတ်မှတ်ချက်များ ပြုလုပ်ထားသည့် အတွက် ထိုသို့ ရမ်းကားမှု များ ရှိသော်လည်း အရေးယူခံရခြင်း မရှိဘဲ၊ ၄င်းတို့အဖွဲ့မှ မြို့တွင်းလှည့်လည် ရမ်းကားခဲ့သည်။ နောက်ဆုံး တွင် ရဲစခန်းရှေ့သို့ ပြန်ရောက်လာပြီး ဆဲဆို ရမ်းကားသဖြင့် ရဲတပ်ဖွဲ့မှ မူးယစ်ရမ်းကားမှုဖြင့် အရေးယူခဲ့ရသည်။
မလက်တိုတွင် ရဲတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ လက်ပံတောင်းတွင် ဒုတ်၊ဓား၊ ဓာတ်ဆီဗူးများဖြင့် ပစ်ခြင်း၊ နေမျိုးဇင်ကဲ့သို့သော လူများမှ ရိုင်းစိုင်းသော စကားများ ပြောဆိုခြင်း တို့အပေါ် ဥပဒေ အတိုင်း အရေးယူနိုင်သော်လည်း ဥပဒေနှင့် နိုင်ငံရေး ရောယှက်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များ အခက်ကြုံနေ ရကြောင်း သိရသည်။
ကျွန်တော်တို့မှာ ဘာအကာအကွယ်မှ မရှိဘူး။ တစ်ယောက်တည်းသွားလို့ တစ်ခုခုဖြစ်ရင် ဆက် သွယ်စရာ စက် အစုတ် ၁ လုံးတောင် မရှိဘူး။ ဖမ်းရင် ဖမ်းတယ်ပြောတယ်။ ပြီးရင် လွှတ်ပေးလိုက် လုပ်တယ်။ ကိုယ့်အစိုးရက ကိုယ့်ကို အကာအကွယ် မပေးရင် ကျွန်တော်တို့ဘ၀က ဘာလဲဟု ရဲတပ်သား တစ်ဦးမှ ပြောဆိုခဲ့သည်။
မကောင်းမှု တစ်ခုလုပ်တိုင်း ရဲတိုင်လိုက်ရမလား ဆိုကာ ပြောရသည့် မြန်မာနိုင်ငံအတွက် မရှိ မဖြစ်သော ရဲတပ်ဖွဲ့ဝင်များ အတွက် အစိုးရမှ အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် များ မတရား လုပ်ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ ပေးထားကာ ပြည်သူအကြိုက် လုပ်ပေးနေသော်လည်း၊ တကယ်တမ်း ဖြစ်လာ သမျှတွင် လတ်တလော ခံရသူမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ယခုအတိုင်း ဆက်သွားပါက ရဲတပ်ဖွဲ့ ၀င်များ၏ စိတ်ဓာတ်များကို ဖျက်ဆီးသကဲ့သို့ ဖြစ်နိုင်ကြောင်း ရဲတပ်ရင်းမှ အရာရှိတစ်ဦးကလည်း ပြောခဲ့သည်။
Opposite Eye
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...
တင်ပြီးသား post များ
3D