ဆယ့်ငါးနှစ်သားကလေးတယောက်
ဆယ့်ငါးနှစ်သားကလေးတယောက်
ခေါင်းထဲ ငိုသံတွေ စွဲနေတယ်...
ဆဲသံတွေ နားထဲကြားနေတယ်..
အော်သံခေါ်သံအတိနဲ့
ငါ့ရဲ့ကမ္ဘာသစ်ကြီးက
အမှောင်အတိပြီးနေတယ်..။
ဒိုင်းခနဲတစ်ချက်..
အင့်ခနဲပါသွားတဲ့အသက်
အလောင်းချင်းထပ်လို့...
အဖြူစိမ်းလေးတွေရေ...
ငါတို့ကဗျာရွှတ်သံ..
ငါတို့စာအံသံ
ငါတို့ခေါင်းလာင်းသံလေးတွေတိတ်
ကျောင်းရဲ့အလံ ထိပ်မှာ
ဒေါင်းရဲ့အလံတွေချိတ်ခဲ့ရတယ်....။
တောက်...ခတ်သံနင့်နင့်နဲ့
ရင်ကအသစ်မဖြစ်တော့တဲ့အနာဂတ်
ပေတ၇ာလမ်းမထက်မှာ
ငါ့ဘဝကို စုတ်ဖြဲလိုက်တယ်...
ငါ့ရဲ့စာသင်ခန်းမပျောက်လို့
ပေတရာလမ်းမထက်လျောက်ခဲ့တယ်...
သားပျောက်တဲ့အမေ..
အဖေပျောက်တဲ့ သား..
ညီလေးပျောက်သွားတဲ့ အစ်ကို..
အစ်ကို ပျောက်သွားတဲ့ နှမ...
အဲဒီလမ်းမထက်မှာ သူတို့တညံညံ..
ပျောက်သွားတဲ့ ငိုသံတွေ
ဘယ်ချောင်ထိုးထားသလဲ...
လမ်းဘေးမြောင်းထဲ..
တောထဲတောင်ထဲ..
မြေသားတွင်းထဲ...
လမ်းဘေးဝဲယာ..မမြင်ရတော့တဲ့
ဝိဥာဉ်တွေ သူတိုရဲ့ကျောင်းလွယ်အိတ်လေး
အမျှဝေပါ...။
အရှင်လတ်လတ် မြေတူးစက်ထဲ
ဝင်အိပ်ရဲခဲ့တဲ့
ကျောင်းလွယ်အိတ်လေးတွေရေ...
အရှင်လတ်လတ် မြောင်းထဲက
မတတ်နိုင်ခဲ့တဲ့
လွယ်အိတ်လေးတွေရေ...
ကြေးစည်တဝေဝေ အမျှစေလည်း
့ကျေနပ်မယ်မဟုတ်...
ကျောင်းရဲ့ခြံရိုးမှာ
သမိုင်းရဲ့ အဖြူစိမ်းပေါ်
အရောင်စွန်းခဲ့တာက...
သွေးးး...။
Posted by မောင်သစ္စာ at 06:57
ခေါင်းထဲ ငိုသံတွေ စွဲနေတယ်...
ဆဲသံတွေ နားထဲကြားနေတယ်..
အော်သံခေါ်သံအတိနဲ့
ငါ့ရဲ့ကမ္ဘာသစ်ကြီးက
အမှောင်အတိပြီးနေတယ်..။
ဒိုင်းခနဲတစ်ချက်..
အင့်ခနဲပါသွားတဲ့အသက်
အလောင်းချင်းထပ်လို့...
အဖြူစိမ်းလေးတွေရေ...
ငါတို့ကဗျာရွှတ်သံ..
ငါတို့စာအံသံ
ငါတို့ခေါင်းလာင်းသံလေးတွေတိတ်
ကျောင်းရဲ့အလံ ထိပ်မှာ
ဒေါင်းရဲ့အလံတွေချိတ်ခဲ့ရတယ်....။
တောက်...ခတ်သံနင့်နင့်နဲ့
ရင်ကအသစ်မဖြစ်တော့တဲ့အနာဂတ်
ပေတ၇ာလမ်းမထက်မှာ
ငါ့ဘဝကို စုတ်ဖြဲလိုက်တယ်...
ငါ့ရဲ့စာသင်ခန်းမပျောက်လို့
ပေတရာလမ်းမထက်လျောက်ခဲ့တယ်...
သားပျောက်တဲ့အမေ..
အဖေပျောက်တဲ့ သား..
ညီလေးပျောက်သွားတဲ့ အစ်ကို..
အစ်ကို ပျောက်သွားတဲ့ နှမ...
အဲဒီလမ်းမထက်မှာ သူတို့တညံညံ..
ပျောက်သွားတဲ့ ငိုသံတွေ
ဘယ်ချောင်ထိုးထားသလဲ...
လမ်းဘေးမြောင်းထဲ..
တောထဲတောင်ထဲ..
မြေသားတွင်းထဲ...
လမ်းဘေးဝဲယာ..မမြင်ရတော့တဲ့
ဝိဥာဉ်တွေ သူတိုရဲ့ကျောင်းလွယ်အိတ်လေး
အမျှဝေပါ...။
အရှင်လတ်လတ် မြေတူးစက်ထဲ
ဝင်အိပ်ရဲခဲ့တဲ့
ကျောင်းလွယ်အိတ်လေးတွေရေ...
အရှင်လတ်လတ် မြောင်းထဲက
မတတ်နိုင်ခဲ့တဲ့
လွယ်အိတ်လေးတွေရေ...
ကြေးစည်တဝေဝေ အမျှစေလည်း
့ကျေနပ်မယ်မဟုတ်...
ကျောင်းရဲ့ခြံရိုးမှာ
သမိုင်းရဲ့ အဖြူစိမ်းပေါ်
အရောင်စွန်းခဲ့တာက...
သွေးးး...။
Posted by မောင်သစ္စာ at 06:57
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...