သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, May 22, 2013

သို့ / ဆရာတော် ဦးဝီရသူ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း မန္တလေးမြို့



ဆရာတော် အရှင်သူမြတ်ဘုရား .............
တပည့်တော်ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
အရှင်ဘုရားက မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများနှင့် ဗုဒ္ဓသာသနာတော် မပျောက်ကွယ် မတိမ်းကောစေရန် သက်စွန့်ကြိုးပမ်း ထမ်းရွက်တော်မူနေသည့် အတွက် အထူးပင်ကြည်ညိုစွာဖြင့် တင်ပြလျှောက်ထားရခြင်း ဖြစ်ပါသည်ဘုရား။
တပည့်တော်သည် အမျိုးဘာသာ သာသနာကို အလွန်တရာ ချစ်မြတ်နိုးသူများတွင် တစ်ဦး အပါအဝင် ဖြစ်ပါသည်ဘုရား။ ထို့ကြောင့် တပည့်တော်သည် (1982)ခုနှစ် မှစ၍ ယခုအချိန်အထိ အမျိုးဘာသာ သာသနာအတွက် လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပါသည်ဘုရား။
တပည့်တော်အနေဖြင့် အရှင်ဘုရားထံ အချက်(၂)ချက် တင်ပြလိုပါသည်ဘုရား။
ပထမ အချက်အနေဖြင့် မိတ္ထီလာမြို့နေ ဗုဒ္ဓဘာသာဝင်များသည် ယခင်မွတ်ဆလင်များ၏ စီးပွားရေးအရ အုပ်စီးမှုအောက် ကျရောက်နေ၍ တစ်ကြောင်း၊ ငွေများတရားနိုင် ခေတ်တစ်လျှောက် ပြဿနာဖြစ်တိုင်း မိမိတို့ဘက်ကချည်း ရှုံးခဲ့သောကြောင့် လူမှုရေးအားဖြင့်လည်း အောက်ကျခဲ့ရသောကြောင့် တစ်ကြောင်း မျိုးချစ်စိတ် ဘာသာချစ်စိတ်များ မှေးမိန်ခဲ့ကြပါသည်ဘုရား။
သို့ရာတွင် မတရား အနိုင်ကျင့်စော်ကားမှုများ လွန်ကဲသောကြောင့် မကြာမီက ပဋိပက္ခများ ဖြစ်ပွားခဲ့ရသည်ကို အရှင်ဘုရားသိတော်မူသည့်အတိုင်း ဖြစ်ပါသည်ဘုရား။
ယခုအခါမှာတော့ မိတ္ထီလာမြို့မှာ မျိုးချစ်စိတ်၊ ဘာသာချစ်စိတ်များ ပြန်လည်နိုးကြားလာခဲ့ပါပြီဘုရား။
သို့ရာတွင် ကာလကြာလာသည်နှင့်အမျှ ပွဲပြီးမီးသေ ဖြစ်လာမည့်အရိပ့်အယောင်များကို တွေ့နေရ ပါသည် ဘုရား။
သို့ပါ၍ မျိုးချစ်စိတ် ဘာသာချစ်စိတ်များ ဆက်လက်နိုးကြား ရှင်သန်နေစေရန် မည်သို့ စီမံဆောင်ရွက် သင့်ကြောင်း လမ်းညွန်သြဝါဒ ပေးစေလိုပါသည်ဘုရား။
ဒုတိယ အချက်အနေဖြင့် တင်ပြလျှောက်ထားပါမည်ဘုရား မွတ်ဆလင်တို့နောက်ပါသွားသည့် ဗုဒ္ဓဘာသာဝင် မိန်းကလေးများအနေဖြင့် မိမိတို့ ကိုးကွယ်သည့် ဘာသာကို မစွန့်လွှတ်ဘဲ နေနိုင်အောင် အကာအကွယ်ပေးထားသည့် ဥပဒေရှိကြောင်းကို မသိရှိကြသည့်အတွက် ၎င်းတို့ခြိမ်းခြောက်သမျှ အနိုင်ကျင့်သမျှ ခံရပြီး သူတို့ဘာသာထဲ မဝင်ချင်ဘဲ ဝင်နေရသည့် ကိစ္စဖြစ်ပါသည်ဘုရား။
(1954)ခုနှစ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ ဆိုတာ ရှိပါသည်ဘုရား။
ထိုဥပဒေအရ မွတ်ဆလင်ဘာသာထုံးစံက မည်သို့ပင် ဆိုစေကာမူ ဗုဒ္ဓဘာသာဝင်မိန်းကလေးတွင် ဗုဒ္ဓဘာသာ ထုံးတမ်းဓမ္မသတ်အရ တရားဝင် ဇနီးအရာရောက်ခြင်း၊ အမွေဆက်ခံခွင့်၊ သားသမီးအုပ် ထိမ်းခွင့်တို့ကို ဗုဒ္ဓဘာသာထုံးတမ်း ဓမ္မသတ်အရ ဆုံးဖြတ်ရခြင်းအပြင် အကယ်၍ ထိုမွတ်ဆလင်ယောက်ျားက ၎င်းတို့ဘာသာထဲ မဝင်သဖြင့် ဗုဒ္ဓဘာသာဝင်မိန်းကလေးကို စိတ်ဆင်းရဲအောင် ညှင်းဆဲလျှင် ထိုယောက်ျားအား ဤ ဥပဒေအရ အရေးယူနိုင်ကြောင်း ပြည့်စုံစွာ အကာအကွယ် ပေးထားပါသည်ဘုရား။
သို့ပါ၍ ထိုကဲ့သို့ ဥပဒေရှိကြောင်းနှင့် ဥပဒေပါ အကျိုးခံစားခွင့်များကို အသိပညာပေးခြင်းအားဖြင့် မွတ်ဆလင်ဘာသာဖြင့် ယူမိသော မိန်းကလေးများကို ဗုဒ္ဓဘာသာကို မစွန့်လွှတ်ရလေအောင် ကာကွယ်စောင့်ရှောက်နိုင်မည့်အပြင် မွတ်ဆလင်ဘာသာထဲ မဝင်ချင်ဘဲ ဝင်နေမိသော မိန်းကလေးများကိုလည်း၊ ဗုဒ္ဓဘာသာထဲ ပြန်ရောက်အောင် ကယ်တင်နိုင်ပါလိမ့်မည်ဘုရား။
သို့ဖြစ်ပါ၍ ဤ ဥပဒေ အကြောင်းကို ဗုဒ္ဓဘာသာဝင် ရှင်လူအပေါင်းတို့သိရှိစေရန် အရှင်ဘုရားမှ ထည့်သွင်းဟောကြားနိုင်တော်မူပါရန်၊ တင်ပြလျှောက်ထားအပ်ပါသည်ဘုရား။
( ..ဥပဒေ ကောက်နှုတ်ချက် ပူးတွဲထားပါသည်ဘုရား)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D