သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, May 22, 2013

ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံ ဒေါ်လာ သန်း ၆ ထောင် နစ်နာ



ဗွီအိုအေ (မြန်မာပိုင်း)

22.05.2013
တရုတ်နိုင်ငံရဲ့ မွေးမြူရေးကဏ္ဍဟာ နိုင်ငံတွင်းဖြစ်ပွားတဲ့ H7 N9  ငှက်တုပ်ကွေးရောဂါကြောင့် ဒေါ်လာငွေ သန်းပေါင်း ၆ ထောင့် ၅ ရာလောက် ဆုံးပါးခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေနဲ့ စီးပွါးရေးပညာရှင်တွေက ပြောပါတယ်။  ဒါဟာ စားသုံးသူတွေက ကြက်သားကို ရှောင်ရှားလာကြတာကြောင့်  ဖြစ်ပါတယ်။



ငှက်တုပ်ကွေးရောဂါဟာ မတ်လထဲမှာ စတင်ဖြစ်ပွားလာခဲ့ပြီး အခုထိ လူပေါင်း ၁၃၀ လောက်ကို ကူးစက်ခဲ့တာပါ။ ဒီအထဲက ၃၆ ယောက် သေဆုံးခဲ့ရတယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ ငှက်တုပ်ကွေးရောဂါ အများဆုံး ကူးစက်ပျံ့နှံ့ခဲ့တဲ့   တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသက ခရိုင်တွေနဲ့   ရှန်ဟိုင်း အပါအ၀င် မြို့ကြီး အတော်များများအတွက် ရောဂါပိုး မပျံ့နှံ့စေဖို့  ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို တရုတ်အာဏာပိုင်တွေက ရုပ်သိမ်းပေးခဲ့ပါတယ်။

H7 N9 ငှက်တုပ်ကွေး ဗိုင်းရပ်စ် ရောဂါကို ထိန်းချုပ်ဖို့ တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြီးအကဲ  မာဂရက် ချမ်း (Margaret Chan) က ချီးကျူးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက  SARS ရောဂါ  အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း၊ တရုတ်အစိုးရက လူထုကျန်းမာရေးဆိုင်ရာ မြှင့်တင်မှုတွေကို  ရင်းနှီးခဲ့တာမို့  ဒီလုပ်ဆောင်မှုရဲ့ ရလဒ်ကို အခု ခံစားလာရတာလို့ ဆိုပါတယ်။

SARS ရောဂါဖြစ်ပွားခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းက လူပေါင်း ၈၀၀ လောက် သေဆုံးခဲ့ရတာမို့  တရုတ်အစိုးရက ချက်ချင်း အရေးတယူ မဆောင်ရွက်နိုင်ခဲ့တာကို  ဝေဖန်ပြစ်တင်ခဲ့ကြတာပါ။

အခုအချိန်မှာ ဒီငှက်တုပ်ကွေးရောဂါကို ထိန်းချုပ်ထားနိုင်ပေမဲ့ လုံးဝ ပပျောက်သွားဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂ ကျန်းမာရေး တာဝန်ခံတွေက ပြောပါတယ်။  ဒီဗိုင်းရပ်စ်ပိုးဟာ ကြက်ငှက်တွေကနေ လူကို ကူးစက်တဲ့ အထောက်အထားတွေ တွေ့ခဲ့ရပေမဲ့  လူသားအချင်းချင်းကြား ကူးစက်တာကိုတော့ မတွေ့ရဘူးလို့လည်း ပြောပါတယ်။

(VOA)    မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D