သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

" တပ်မတော် ဘယ်လဲ…..ဘာလဲ … - ၄ "


---------------------------------------------------------------------------------

၁၉၈၈ခုနှစ် မတ်လ ၁၂ ရက်နေ့ ညမှာ ……အင်းစိန် ကြို့ ကုန်းဘူတာအနီး ....
လဘက်ရည်ဆိုင်တစ်ခုမှာ …… အာအိုင်တီကျောင်းသား အချို့ နဲ့ အရပ်သား လူငယ်အချို့ …..ခိုက်ရန်ဖြစ်ပွားခဲ့ ပါတယ်…… ဒီဖြစ်စဉ်ဟာ ညတွင်းချင်း ကြီးကျယ်သွားခဲ့ ပြီး ……ကျောင်းသားများက .....ရပ်ကွက်သမဆိုင် ကို မီးတင်ရှို့ ခဲ့ ရာက …… ရပ်ကွက်ကိုပါ ကူးစက်လောင်ကျွမ်းလာတဲ့ အတွက် …..
ရဲတပ်ဖွဲ့ က ပစ်ခတ်လူစုခွဲရာမှာ …..ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ ပြီး ……
ဆူပူမှုတွေ အစပျိုးလာလို့ …….ကျောင်းများကို ဇွန်လထိ ခဏပိတ်ခဲ့ ရပါ တယ်……

ဒါဟာ ဗကပ ယူဂျီ ဆဲလ် များအတွက်တော့ …..လူထုဖောက်ခွဲမှုလုပ်ဖို့ …..
အကောင်းဆုံး စနစ်တံတစ်ချောင်းကို ရလိုက်တာပဲဖြစ်ပါတယ်…..။

ဇွန်လ ကျောင်းတွေပြန်ဖွင့်တဲ့ အချိန်မှာတော့……. ဆူပူမှုများဟာ ......
တစ်နိုင်ငံ လုံးကို ကူးစက်ဖို့ တာစူနေပါပြီ……. အဲဒီနောက်မှာတော့ ……
တစ်နိုင်ငံလုံးအနှံ့ ကူးစက်ပြန့် ပွားသွားတဲ့  အရေးအခင်းကြီးဟာ …..
သုံးလအတွင်းလောက်မှာ .... ထိန်းချုပ်လို့  မရနိုင်တော့ပဲ ….. မဆလ ပါတီကို ဖျက်သိမ်းစေခဲ့ ရပြီး ……. ရက်ပိုင်း အတွင်းမှာပဲ ..... သမတ သုံးယောက်တိတိ အပြောင်းအလဲ ဖြစ်စေခဲ့ ပါတယ်……..။

ရှစ်လပိုင်း အရောက်မှာတော့ ……တိုင်းပြည်တစ်ခုလုံးရဲ့ .....n အုပ်ချုပ်ရေး ယန္တရား ဟာ …… တော်လှန်ရေး သမားတွေရဲ့  လက်ထဲကျရောက်သွားခဲ့ ပါပြီ
အကြမ်းဖက်မှုများကို ..... လူထုခေါင်းဆောင်များကိုယ်တိုင် ….. ထိန်းချုပ်လို့  မရတော့ တဲ့ အခြေအနေကို ..... ဆိုက်ရောက်လာပါတော့တယ်…….။

၆.၉.၈၈ ရက်နေ့ မှာ ….. ဗကပ ယူဂျီ များဟာ ရန်ကုန်မြို့ မှာ….. အထွေထွေ သပိတ်ကော်မတီ (GSC) ကို ဖွဲ့ စည်းနိုင်ခဲ့ ပြီး…… GSC အတွင်းမှာ ....
သပိတ်အဖွဲ့ ပေါင်း ၅၀ ကျော် ပါဝင်ခဲ့ ပါတယ်…… ဗကပ ဆဲလ်များဟာ GSC အတွင်း ….. အရေးပါတဲ့ နေရာ ၁၃ နေရာထိ ….. စိမ့်ဝင်ထားနိုင်ခဲ့ တဲ့ အတွက်
တစ်နိုင်ငံလုံးက သပိတ်ကော်မတီတွေနဲ့ ချိတ်ဆက်ကာ…. လူထုတိုက်ပွဲကြီး ကို အရှိန်မြှင့် ဆွဲတင်ရင်း ….. လိုသလို ထိန်းကျောင်း လာနိုင်ခဲ့ ပါတယ်…..။

တစ်ပြည်လုံးမှာ …. တစ်လအတွင်း အကြမ်းဖက်စီးနင်းခံရတဲ့ …..
ကောင်စီနဲ့ ပါတီယူနစ် ရုံးပေါင်း ၇၃ ရုံး ရှိခဲ့ ပြီး …. ပြည်နယ် ရဲမှူးကြီး တစ်ဦးအပါအ၀င် …. ရဲတပ်ဖွဲ့ ဝင် ၃၇ ဦး သေဆုံးကာ ….. ၈၃ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်…… ရန်ကုန်တိုင်း တစ်ခုတည်းမှာတင် ……
စက်ရုံ အလုပ်ရုံ ၄၅ ခု ၊ ဂိုဒေါင် ၆၁ခု ၊ အစိုးရ အဆောက်အအုံ ၇၅ခု ၊
ယာဉ် ၃၇ စီး …မီးရှို့ ဖျက်ဆီး ခံခဲ့ ရပါတယ်…….

တစ်နိုင်ငံလုံးက ထောင်တွေမှာ …… အုပ်စုလိုက် ထောင်ဖောက်ပြေးဖို့  ကြိုးစားခဲ့တဲ့ အတွက် ….. ထောင်တာဝန်ကျများမှ ပစ်ခတ်နှိမ်နှင်းခဲ့ ရာမှာ …..
အကျဉ်းသား ၈၄ ယောက်သေဆုံးပြီး ၂၀၁ ယောက်ဒဏ်ရာရခဲ့ပါတယ်……။

သြဂုတ်လ ၃ ရက်နေ့  မှာ …… အစိုးရ အဖွဲ့ က စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ လို့ 
လမ်းတွေပေါ်ကို လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ ….. ၀င်ရောက်လာ တဲ့  တပ်မတော်သားတွေဟာ…. သဘောထားပျော့ပျောင်းတဲ့ ….
သမတ အသစ် ဒေါက်တာမောင်မောင်ရဲ့  သြဂုတ် ၂၄ ရက်နေ့ မှာ …….
စစ်အုပ်ချုပ်ရေး ကို ပြန်ရုပ်သိမ်းလိုက်တဲ့  အမိန့် ကြောင့် …..
လမ်းတွေပေါ်က ပြန်ထွက်ခွာ သွားရပါတော့တယ်……..

ဒါပေမယ့် အခြေအနေဟာ ...အရမ်းနောက်ကျနေခဲ့ ပါပြီ..…..
စစ်ကားတန်းကြီးတွေ ပြန်ထွက်သွားပြီး ရက်ပိုင်းအတွင်းမှာပဲ ……
ဆူပူသူတွေဟာ ....တောင်ဥကလာပ မှာ တစ်ရက်တည်း ယောက်ကျားမိန်းမ ၂၃ ယောက် တိတိ ကို ….. ထောက်လှမ်းရေးလို့ စွပ်စွဲပြီး …..
ခေါင်းဖြတ် မီးရှို့ သတ်ပြစ်ခဲ့ပါတယ်……..။

သြဂုတ်လ အကုန်ပိုင်း မှာ ….. မြန်မာတစ်ပြည်လုံးက ……
မြို့ တစ်မြို့ နဲ့ တစ်မြို့ ကြား လမ်းတွေဟာ ….. ဒေသလိုက် သပိတ်ခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်မပါရင် …….
ဖြတ်သန်းလို့ မရတော့တဲ့ ကင်းစခန်းတွေနဲ့ ပြည့်နေပါတယ် …….
အစိုးရဌာနအားလုံး သပိတ်ထဲပါဝင်နေပြီဖြစ်လို့ …….
အုပ်ချုပ်ရေးဟာ လုံးဝရပ်ဆိုင်းသွားပြီး ……

အရပ်သား ၀န်ထမ်းတွေလစာမရတာလဲ ……. သုံးလနီးပါးရှိနေပါပြီ…....
ရေဒီယို ရုပ်မြင်သံကြားနဲ့ သတင်းစာ အားလုံးဟာလဲ ……
သပိတ်မှောက်သမားများရဲ့ လက်ကိုကျရောက်သွားခဲ့ ပြီး ……
တော်လှန်ရေး သတင်းတွေကိုပဲ ...... အချိန်ပြည့်ထုတ်လွှင့်နေပြီဖြစ်ပါတယ်
တပ်မတော် အနေနဲ့  စိတ်အပူပန်ဆုံး ကိစ္စ ဟာလဲ …..
အရိပ်အယောင်တော့ စနေပါပြီ …. သပိတ် စစ်ကြောင်းတွေရဲ့ ရှေ့ မှာ ……
တပ်မတော် ယူနီဖောင်း ၀တ်ဆင်ထားသူအချို့ ကို…….
စပြီး တွေ့ မြင်နေ ရပြီဖြစ်ပါတယ်..….။

၁၉၈၈ ခုနှစ် စက်တင်ဘာလရဲ့  နံနက်ခင်းတစ်ခုမှာ ……
မြန်မာ့ ကြယ်ငါးပွင့် ကော်ပိုရေးရှင်းပိုင် " အင်းဝ " သင်္ဘော ဟာ……
ရန်ကုန်ကို ဦးတည်ခုတ်မောင်းရင်း ….အရေးကြီး ကြေးနန်းတစ်စောင်ကို ……
အမြန်ဆုံးပေးပို့ နေပါတယ်……..ရန်ကုန်မြစ်ဝ ကရေမိုင် ၁၉၀ အကွာ ……
မြန်မာ့ရေပိုင်နက်အတွင်းမှာ…… လေယာဉ်တင် စစ်သင်္ဘော အုပ်စုကြီးတစ်ခု ကို တွေ့ ရတဲ့ အကြောင်းပါ……။

အဲဒီထဲက သင်္ဘောအမှတ် ၄၃ ဟာ …..
ကမ်းတက်ရေယာဉ်တွေနဲ့ လေ့ကျင့်နေတယ်ဆိုတဲ့ သတင်း နဲ့ …….
တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ ကတင်ပြလာတဲ့  ……
တရုတ်နယ်စပ်မှာ ရောက်လာတဲ့ သံချပ်ကာတပ်မကြီး ရဲ့ သတင်းဟာ….
တပ်မတော်ကို တစ်ကယ်ပဲ ….. မျက်စိမျက်နှာ ပျက်အောင် ခြိမ်းခြောက်နိုင်စွမ်း ရှိခဲ့ ပါတယ်…….။

တစ်ဆက်တည်း တက်လာတဲ့ သတင်းတစ်ခုကတော့….
ကုန်သွယ်ရေး ၀န်ကြီးဌာနမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ 
ဗိုလ်ကြီး ခင်မောင်ချို ဦးစီး တိုက်ခိုက်ရေးတပ်ခွဲ တစ်ခွဲကို
လူအုပ်ကြီးက ၀ိုင်းဝန်း ပိတ်ဆို့ ပြီး ….. လက်နက်အပ်ခိုင်းနေတာပါပဲ ….
နာရီအတော်ကြာ စောင့်ဆိုင်းနေပြီး …… ပစ်မိန့် မရခဲ့တဲ့ တပ်ခွဲမှူးဟာ…..
နောက်ဆုံးမှာတော့ လူအုပ်ကြီး လက်ကို … လက်နက်အပ်လိုက်ရပါတော့ တယ်…..

ဗကပ နဲ့  အနှစ်လေးဆယ်ကျော် တိုက်လာတဲ့ ….. တပ်မတော် တစ်ခု အနေနဲ့ တော့…. ဘဗကပရဲ့  လူထုတိုက်ပွဲ စစ်နည်းဗျုဟာတွေကို …..
အတော်များများ ခန့် မှန်းလို့ ရနေပါပြီ……..။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဟာ…. နောက်ဆုံးအခြေအနေတွေ အားလုံးကို သုံးသပ်ပြီး စက်တင်ဘာလထဲမှာပဲ ….. ထိပ်တန်းလျို့ ဝှက် အဆင့်ရှိတဲ့  ……. တပ်လှဲလှယ်ရွေ့ ပြောင်းမှု အစီအစဉ် တစ်ခုကို …….
စတင်လိုက်ပါတယ်……...

အဲဒီ အစီအစဉ်အရ ဒေါနတောင်တန်းရဲ့ တောင်ဘက်နဲ့ မြောက်ဘက်ခြမ်းမှာ
ရန်သူနဲ့ ရင်ဆိုင်နေရာယူထားတဲ့  ခြေမြန် တိုက်ခိုက်ရေး တပ်မ နှစ်ခုထဲကနေ
တစ်ခုကို ပြန်ရုပ်သိမ်းနေပြီ ဖြစ်ပါတယ်…. ရှေ့ တန်းမှာ တစ်နှစ်နီးပါးရှိပြီ ဖြစ်တဲ့ 
အဲဒီ တပ်မက စစ်သည်တွေဟာ …… အတော်ပျော်ရွှင်နေကြပါတယ်…….

ဒါပေမယ့် သူတို့ မသိတာက …… သူတို့ ဟာ အိမ်ပြန်ကြရမယ် မဟုတ်ပါဘူး။
ဘယ်သူမှ မထိန်းသိန်းနိုင်တော့တဲ့  …… မြို့ လယ်ခေါင်တွေက အိပ်မက်ဆိုးကြီး ကို …..၀င်ပြီး ထိန်းသိမ်းရတော့မှာပါ……..။

အိပ်မက်ဆိုးကြီး အပြီးမှာ ……. တစ်နိုင်ငံလုံး သေဆုံးသူ ၆၉၁ ယောက်…….
ဒဏ်ရာ ရသူ ၆၄၃ ယောက် ရှိကြောင်း ….. အကြိမ်ကြိမ် ရှင်းပြခဲ့ ပေမယ့် …..
ပြည်သူတွေကတော့ မယုံကြည်ကြတော့ပါဘူး……. ဒီ မယုံကြည်မူဟာ….
နောက်ထပ် ၂၂ နှစ်တိတိ တပ်မတော်အပေါ်….. ဆက်လက်ကူးစက်ခံ ရတော့မှာလဲ ဖြစ်ပါတယ်….

တပ် တွေ အရွေ့ အပြောင်း လုပ်နေတဲ့ ကာလ မှာ ကေအန်ယူ အဖွဲ့  က ……စစ်ရေးအရ တိုက်ကွက် ဖော်ထုတ်ခဲ့ တဲ့အတွက်…
သမိုင်းဝင် မဲသဝေါ ဒေသ တိုက်ပွဲကြီး ပေါ်ပေါက်ခဲ့ ရပါတယ်….
တကယ်တော့….အဲဒီတပ်ရွေ့ ပြောင်းမှုဟာ ……
တပ်မတော် အတွက်တော့ မိအေး နှစ်ခါနာ ဖြစ်ခဲ့ ရတဲ့ ……
သမိုင်းဝင် တပ် ရွေ့ ပြောင်းမှု ပါ ပဲ……။

ရေးသားသူ- ရဲမိုး
(ဆက်လက်တင်ပြပါမည်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D