သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, May 22, 2013

ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် တည်ဆောက်ရန် မသင့်လျော်သော သုံးထပ်အမြင့်ရှိ Shopping Mall အား ဆောက်လုပ်ခွင့် ပြုထား

ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် တည်ဆောက်ရန် မသင့်လျော်သော သုံးထပ်အမြင့်ရှိ Shopping Mall အား ဆောက်လုပ်ခွင့် ပြုထားကြောင်း သတင်းရရှိသည်။
ပြည်သူ့ရင်ပြင် ဧရိယာ တစ်ခုလုံး၏ ရာခိုင်နှုန်း ၆၀ ကျော်အား ကုမ္ပဏီ သုံးခုမှ ရယူကာ စီးပွားဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ အဆိုပါ နေရာသည် ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာဖြစ်ပြီး ယင်းကဲ့သို့ ဆောက်လုပ်မှုကြောင့် ရွှေတိဂုံဘုရား၏ ကြည်ညိုဖွယ် မြင်ကွင်းကို ထိခိုက်စေကာ မြို့တော်အလှအပမြင်ကွင်း ပိတ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ပြည်သူ့ရင်ပြင်အတွင်း ပုဂ္ဂလိက ကုမ္ပဏီသုံးခုဖြစ်သော Natural World၊ Happy Zone နှင့် ရေလွှာလျှောစီးကွင်း တည်ဆောက်မည့် ကုမ္ပဏီတို့ကို လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့် ပြုထားကြောင်း၊ ပြည်သူ့ရင်ပြင် တစ်ခုလုံးမှာ ဧက ၁၀၀ ကျော် ကျယ်ဝန်းပြီး အဆိုပါ ကုမ္ပဏီသုံးခုကို လုပ်ကိုင်ခွင့်ပြုထားသော ဧကမှာ ၆၀ ကျော် ရှိကြောင်း သိရသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း အရက်ဘီယာ စားသောက်ဆိုင်များအပြင် ယခုအခါ ရှော့ပင်းမောလ်ပါ တည်ဆောက်ခွင့် ပြုပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် မျက်နှာချင်းဆိုင်ဘက် အခြမ်း၊ ဦးဝိစာရလမ်းပေါ်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ရှော့ပင်းမောလ်တစ်ခု တည်ဆောက်နေပြီး Natural World ကုမ္ပဏီမှ တည်ဆောက်ခွင့် ရရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှော့ပင်းမောလ်ကို အလျား ၁၈၆ မီတာ၊ အနံ ၄၂ မီတာ ကျယ်ဝန်းပြီး Basement အပါအ၀င် သုံးထပ်အဆောက်အအုံ ဖြစ်ကြောင်း၊ မြန်မာမှု လက်ရာများကို အဓိကထား ရောင်းချမည်ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်များကို ဆွဲဆောင်ရန် ရည်ရွယ်သည်ဟု သိရသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း အများပြည်သူ အပန်းဖြေခြင်းနှင့် မသက်ဆိုင်သည့် အရက်ဘီယာ အပါအ၀င် စားသောက်ဆိုင်ပေါင်း ယခုအခါ များပြားစွာ ဖွင့်လှစ်ခွင့် ပြုထားကြောင်း သိရသည်။

(ပြည်သူ့ရင်ပြင် ၀င်းအတွင်း ကုမ္ပဏီတစ်ခုမှ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ်)
(ဓာတ်ပုံ-ကျော်ထင်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D