သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, May 20, 2013

စနစ်တကျလုပ်ကြံခံလိုက်ရတဲ့ နန်းအသင်္ခယာဟူသည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်သည့် နောက်ကြောင်းနှင့် ရှုပ်ထွေးသည့်အမှု


ခင်ခင်ဆိုတဲ့အမျိုးသမီးအတွက် ဒီစာကိုကျုပ်စိတ်ရှည်လက်ရှည်ရေးလိုက်တယ် ။ မနန်းအသင်္ခယာရဲ့ အေ ကြာင်းေ တွကို ဆရာကြီးဂိုက်ဖမ်းပြီး ခပ်တည်တည်ရေးနေတဲ့ ခင်ခင် အတွက် ကျုပ်စာ က အသုံး ၀င်မယ် ထင် တယ်။

ခင်ခင်မှမဟုတ်ဘူး ဖြစ်ရပ်မှန်ကိုသိချင်နေတဲ့သူတွေအတွက် ဒီစာက ကျုပ်ရဲ့ဖြောင့်ချက်လဲဖြစ်တယ်။ ဒီ ကမ္ဘာ မှာ မနန်းအသင်္ခယာအကြောင်းကို သူပြီးရင်သူ့လောက်နီးပါးသိတယ်ဆိုတဲ့လူထဲမှာ ကျုပ်ပါတယ်။ ဒါပေမယ့် သူ့ကိုကျုပ်က  မိတ်ဆွေအဖြစ် သိခဲ့တာတော့မဟုတ်ဘူး။ ရန်သူစာရင်း ထဲမှာ ထားပြီးသိခဲ့တာ။ပြီး ခဲ့ တဲ့နှစ် ကုန်ပိုင်းလောက်မှာ ကျုပ်မိတ်ဆွေတစ်ယောက်ရခဲ့တယ်။ ကျုပ်ကလူဖြောင့်စိတ်တို။ သတ် ရဲသေ ရဲတဲ့ လူ။

အဲဒီလူက ကျုပ်ကိုမိန်းမတစ်ယောက်အကြောင်းရင်ဖွင့်တယ်။ သူ့ကိုအသဲခွဲပါတယ် ဘ၀ဖျက် သွားပါ တယ် ဆို တဲ့မိန်းမ ပါဆိုပြီး ထပ်တလဲလဲပြောတယ်။ ယောကျာ်းချင်း စာနာတဲ့ကျုပ်က သူ့အပြောမှာ ယုံပြီး သူသတ် ချင် တဲ့ မိန်းမကို သူ့လက်သွေးမစွန်းဘဲ ကျုပ်ကိုယ်တိုင် ဒုက္ခပေးပြမယ် သတ်ပြမယ်လို့ ကတိပေး ခဲ့ တယ်။ မနန်း အသင်္ခယာရဲ့နေရပ်တွေ ဖုန်းနံပါတ်တွေ ကျုပ်ကိုပေးတယ်။ အွန်လိုင်းလိပ်စာတွေရောပေါ့။ ကျုပ်က မနန်း အသင်္ခယာ ဘာတွေလုပ်လေ့ရှိလဲ ဆိုတဲ့အမေးမှာ အဲဒီ့လူက သနားအောင်ပြောတတ် အကူ အ ညီတောင်း တတ်ရင် နန်းအသင်္ခယာက ကူညီ တတ်တယ်လို့ ပြောခဲ့တယ်။

ဝမ်းနည်းစရာကောင်းတာက ကျုပ်မိတ်ဆွေက ငွေမရှိပါဘူး။ ဒီစားရိတ်တွေကိုကျုပ်ဆီကတောင်းပါတယ်။ ကျုပ်က လည်းဝင်ငွေကောင်းတဲ့ကောင်မဟုတ်တော့ မနန်းအသင်္ခယာက ကျုပ်အဘွား အတွက်လှူ တဲ့ဆေး ဖိုးတွေ ကို ဒိနေရာ မှာသုံးခဲ့ရတယ်။ မနန်းအသင်္ခယာကိုရေးတဲ့ pdfလည်းပြီးသွားပါပြီ။ မနန်း အသ င်္ခယာ လည်းသူ့အမျိုးသားနဲ့ပေါင်းသင်းနေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဗီဒီယိုလင့်တွေကို ကျကျနန တင်ပြီး ပါပြီ။ မဖြန့်သေး တာပဲရှိတာပါ။

ကျုပ်လည်း မှားလားမှန်လားမသိကူညီနေရာက ကျုပ်မိတ်ဆွေဖုန်းကို ခဏယူပြောရင်းမွှေကြည့်တဲ့အခါ မနန်း အသင်္ခယာနဲ့ ပတ်သက်တာတွေတွေ့လာ ရပါတယ်။ မနန်းအသင်္ခယာကို တဖက်သတ် ဆန် ဆန်တောင်း ဆိုလို့ငြင်းထားတဲ့မ တ်ဆိတ်တွေနဲ့ ကျုပ်ပါဝင် ကူညီထားတဲ့ pdfကြီး ကိုပြပြီး ငွေသုံးဆယ့် ငါး သိန်းတောင်း ထားတဲ့ အကြောင်းပါ သိခဲ့ရတယ်။ အစက သူပြောသလို သူကကြွယ်ဝသူဖြစ်ပြီး မနန်းအသင်္ခ ယာ ကချူ စားတယ်ဘ၀ ဖျက်တယ်ဆိုတဲ့ကိစ်စကို ကျုပ်သံသယ လုံးလုံးဝင်သွားတယ်။

ကျုပ်နဲ့သူနဲ့တွဲနေတဲ့အချိန်မှာဒီလူ့မှာငွေ တစ်ထောင်ပြည့်အောင် မပါတဲ့ရက်တွေ ရှိတယ်။သူ့အပြော ကတော့ မနန်း အသင်္ခယာ လုပ်လို့။ ဒါပေမယ့် မနန်းအသင်္ခယာ ကိုလေ့လာတဲ့ အခါ မိဘမျိုး ရိုးငွေကြေး ဥစ္စာ ရုပ် ရည် ရူပ ကာအနေနဲ့ ဒီလိုလုပ်စရာဘာကြောင့်မှမရှိဘူး။ မနန်းအသင်္ခယာကသာလျှင် လူမှုရေး လုပ် ငန်းတွေ ကို ကူ ညီနေသူဖြစ်တယ်။

အိမ်မှာဆယ့်လေးလက်မတီဗီအစုတ်ပဲရှိတဲ့သူနဲ့ သိန်းငါးဆယ်နီးပါးတန်တဲ့ တီဗီကြည့်နိုင်သူ အခြေ အနေနှ စ် ခုမှာ ဘယ်သူက ဘယ်သူကို မျှော်လင့်တယ် ဖျက်ဆီးလိုတယ် ဆိုတာ ထင်ရှားလာတယ်။ ကျုပ် က ထပ်ပြီး ဒီလူနောက်ကြောင်းကို လိုက်တဲ့အခါ ပညာတပိုင်းတစနဲ့ကျောင်းထွက်ထားရပြီး ကျောင်းမှာ ရန်ဖြစ် တတ် သူ အရက်အလွန် အကျွံသောက် တတ်တဲ့ နာမည်ဆိုးနဲ့ လူဖြစ်တယ်။

ဘယ်တုန်းကမှချမ်းသာခဲ့သူမဟုတ်ခဲ့ပြီး လက်ရှိကြွေးတင်နေ တဲ့ အပြင် မလေးရှားမှာ အလုပ်လုပ် ခဲ့တယ်။ ရည်းစား မိန်းကလေးကို ရိုက်နှက်နှိပ် စက်တတ်လို့ မိန်းကလေးက ထွက်ပြေးရတယ် ဆိုတဲ့အကြောင်း သိ လာရ တယ်။ မနန်းအသင်္ခယာကို အွန်လိုင်းကစသိခဲ့ပြီး သဘောကောင်းတဲ့ ကူညီတတ်တဲ့ မနန်း အသ င်္ခယာ ဆီက မက်စ ရာငွေကြေးနဲ့ ခပ်အေးအေးနေ တတ်တဲ့ အနိုင်ကျင့်မယ် ဆိုကျင့်နိုင်တဲ့ အနေအ ထားေ တွ ကို တွက်ဆပြီး ဒီအစီ အစဉ်ကို လုပ်ခဲ့တယ်။ ကျုပ်လိုပဲ သူ့အပြောမှာ ယုံသွားတဲ့လူတွေ လည်း ရှိမှာ ပဲ။ ကျုပ် ကတော့ အားလုံး သိသွားတဲ့ အချိန်မှာတားတယ်။

ကျုပ် အွန်လိုင်းကနေ ကျုပ်အဘွားဆေးဖိုးမတတ်နိုင်လို့ ကူညီဖို့မနန်းအသင်္ခယာကို အကူအညီတောင်းရင်း စည်း ရုံး ခဲ့တယ်။ မနန်း အသင်္ခယာက သူ့ကိုလာတွေ့ဖို့ပြောတယ်။ ကျုပ်သွားတွေ့တယ်။ အလှူငွေ ထုတ်ပေး ရင်း နောက်လည်း လိုတဲ့ အကူအညီရှိရင်တောင်းပါလို့ပြောတယ်။ ကျုပ်မိတ်ဆွေ ရဲ့စေခိုင်းချက် အရ မနန်းအသင်္ခယာကို ကျုပ် ရင်းနှီးအောင်ပေါင်း ရတယ်။ တချိန်ထဲမှာဘဲ ကျုပ်မိတ်ဆွေ ကိုလည်း နည်း ပညာ အကူအညီပေး ရတယ်။ သူ့ရည်ရွယ် ချက်က သူ့ကိုအသဲခွဲတဲ့ မိန်းမကို အရှက်ပြန်ခွဲမယ်။

ကျုပ်က မနန်းအသင်္ခယာရဲ့လေယူလေသိမ်းအရေးအသားကို မှတ်ရတယ်။ ညဆိုမိုးလင်းချိန်တိုင်အောင် အကောင့် တုတွေနဲ့မနန်းအသင်္ခယာရဲ့မိတ်ဆွေပေါင်းများတွေ ကိုပို့ဖို့ ကျုပ်မိတ်ဆွေနဲ့ ကျုပ်နဲ့အပြန် အလှန် ချက်ကြရ သလို စခရင်ရှုတွေလည်း ယူကြရတယ်။ ဖုန်းမတ်ဆိတ်တွေလည်း အတုလုပ် ရတယ်။မနန်း အသင်္ခ ယာနဲ့ကျုပ် လည်းပိုပြီး ရင်းနှီးလာတယ်။ ပြောမနာဆိုမနာ မိတ်ရင်းဆွေ ရင်းဖြစ်လာတယ်။

ဒီနည်းလမ်းနဲ့ကျုပ်က မနန်းအသင်္ခယာပိုင်တဲ့ကိုယ်ရေးကိုယ်တာ တွေကို ကျုပ်မိတ်ဆွေ ဆီခိုးထုတ်ပေး တယ်။ ဒါပေမယ့် ကျုပ်ကမိုက်သာ မိုက်တာ လူတိုင်းကို မယုံတတ်ဘူး။ ဒါကြောင့် ရင်းနှီးလာတဲ့ အချိန်မှာ မနန်း အသင်္ခယာ ကိုစကားအစ်တာတွေ လေ့လာတာတွေလုပ်တယ်။

မနန်းအသင်္ခယာကမချွင်းမချန်ပြောပြခဲ့တယ်။ ကျုပ်နဲ့ခင်မင်နေ တဲ့ ဒီမိန်းမဟာ စာရိတ္တ ပျက်ယွင်းမှုနဲ့ ပတ် သက်တဲ့ အကြောင်း ဘာမှမတွေ့ရဘူး။ ပြီးတော့လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းလည်းပြောတယ်။ သဘောေ ကာင်းပြီးနည်း ပညာ နားမလည်တဲ့ မိန်းမတစ်ယောက် ဆီက အချက်အလက် ခိုးရတာလောက် လွယ် တာ ဘာရှိမှာလဲ။ အဲဒီလို ခိုးပေးတဲ့ အထဲမှာ ပစ္စည်းတွေလည်းပါခဲ့တယ်။ ကျုပ် တို့နှစ်ယောက်ေ ပါင်းပြီး စာမျက်နျာ၄၁ မျက်နှာရှည်တဲ့ pdfဖိုင်တစ်ခုလုပ်ခဲ့ကြတယ်။ မနန်းအသင်္ခယာနဲ့ ရင်းနှီးကျွမ်း ၀င်တယ် လို့ ထင်ရတဲ့ လူတိုင်းနဲ့ ဇာတ်လမ်းဖြစ်အောင်ေ ရးကြတယ်။

ငယ်ငယ်ထဲကမိဘနဲ့ ခွဲနေရတဲ့ မနန်းအသင်္ခယာရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဆယ့်လေးနှစ် သမီး ထဲက မနန်းအသင်္ခယာက ဦးလေး အရင်းနဲ့ဖြစ်နေ ပါတယ်လို့ ကျုပ်မိတ်ဆွေ ကရေးခဲ့တယ် တ ကယ့်တော့ မနန်းအသင်္ခယာရဲ့ ဦးလေးက ရှစ်ဆယ့်ရှစ်ခု(မနန်းအသင်္ခယာ သုံးနှစ်)အရွယ်တည်းက ပြည်ပ ထွက် သွားပြီး အခုကနေဒါမှာနေနေတာ ကျုပ်အသိပါပဲ။

မနန်းအသင်္ခယာ မြေဇင်းတောရမှာတရားစခန်းဝင်တော့တင်တဲ့ဓာတ်ပုံဘုရားပုံတွေကို ကျုပ်မိတ်ဆွေက သူ့pdf ထဲမှာ အချစ်စခန်းဝင်တယ်ဆိုတဲ့ အသုံးမျိုးနဲ့ ထည့်ရေး ခဲ့တယ်။ ကျုပ်ကလိုလို့လားမေးတဲ့အခါ ဒီကောင် မကို လူတွေများများမုန်းဖို့ရွံဖို့လို တယ်လို့ ဖြေတယ်။ pdf ပြီးခါနီးအချိန်မှာ ကျုပ်မိတ်ဆွေဟာ လမ်း သွား ရင်း စိတ်ကူးရလာတယ်။

သိမ်ကြီးဈေးအောက် ဖက်နားက ရပ်စောင့်တတ်တဲ့ မိန်းမတွေကြား ထဲမှာ ငယ်ဆိုတဲ့ မိန်းကလေး တယောက် ကို ခေါ်လာတယ်။ မနန်းအသင်္ခယာနဲ့မျက်နှာပေါက် ချင်း ဆင်ပေမယ့် ကိုယ်လုံးသွယ်တဲ့ မနန်း အသင်္ခယာ ထက်တော့ မီးငယ်က ပိုတောင့်ပါတယ်။ မီးငယ်နဲ့ သုံးလေးခါလောက် ရင်းနှီးပြီးတဲ့ အချိန်မှာ ကျုပ် ကို မနန်းအသင်္ခယာရဲ့ ဆွဲကြိုးနဲ့အ၀တ်အစားတချို့ ခိုးခိုင်းခဲ့ပါတယ်။

လက်စွပ်လည်း ခိုးခိုင်းခဲ့တယ်။ မနန်းအသင်္ခယာက ဆွဲကြိုး အမြဲမ၀တ် တတ်တော့ သူ့အိမ်ကိုသွားလည်ရင်း ဆွဲကြိုး ခိုးရတာ လွယ်ပါတယ်။ လက်စွပ်ကတော့ ခိုးမရခဲ့ပါဘူး။ ၂၈လမ်းထိပ်က အသဲဆိုတဲ့ငွေဆိုင်မှာ မောင်း ကွင်းငွေကွင်း တကွင်းဝယ်ပြီး ရွှေရည်စိမ်ရပါတယ်။ မောင်းကွင်းက ခြောက်ထောင်ပေးရပြီး ရွှေစိမ် တာ ထောင့်နှစ်ရာကျပါတယ်။

ကျုပ်မှာဘောင်ချာရှိပါတယ်။ ပြီးတော့ မီးငယ်ကို ချော့မော့ပြီး ငွေလည်းပိုပေးပြီး ဆံပင်ညှပ်ခိုင်းရပါတယ်။ မနန်း အသင်္ခယာရဲ့ လုံးချင်းဝတ္တုစာအုပ်အဖုံး တွေကိုလည်း အွန်လိုင်းကနေဒေါင်းလော့လုပ်ပြီး တက် ကနိုလန်း ဆိုတဲ့ ဆိုင်မှာဓာတ်ပုံ သွားထုတ်ပါတယ်။ ကျုပ်မိတ်ဆွေက မီးငယ်ကိုခေါ်ပြီး စာအုပ် အဖုံးနှစ်ခု လည်း ယူပြီး ထွက်သွားပါတယ်။ နောက်ရက်ကျတော့ ကျုပ်ကို ဗီဒီယိုလင့် တွေလာပြတယ်။ အဲဒိ အချိန် တုန်းက အကြမ်းဆင့်ပါ။ မီးငယ်ကိုပဲ ပိုက်ဆံပေးပြီး ဗီးဇက်အိုရှေ့မှာ ကာမဖျော်ဖြေမှု လုပ်ခိုင်းတဲ့ ပုံတွေ လည်း ပါပါတယ်။

အစက မနန်းအသင်္ခယာနာမည်ကို ဖျက်ဆီးဖို့ အားတက်သရော ကူညီခဲ့တဲ့ ကျုပ်တော်ေ တ်ာနောက် ကျနေပြီ ဆိုတာ သိရတယ်။ ဒီလူက ဖြန့်သင့် သလောက်ဖြန့်ပြီးပြီ။ မနန်းအသင်္ခယာကတော့ သာမာန်ငွေ ညှစ်ခြိမ်ြးေ ခာက် မှုလို့ ထင်ပြီး ဘယ်သူ့ကိုမှမဖြေရှင်းခဲ့ဘူး။ ကျုပ်က မိတ်ဆွေဟန်ဆောင်ရင်း မနန်း အသင်္ခယာ ရဲ့ခြေလှမ်းတွေကို အကဲခတ်ကြည့်တယ်။

စိတ်ဆင်း ရဲနေပေမယ့် အပြုံးမပျက်ဘဲ လူမှုရေး လုပ်ငန်းတွေ အတွက်ခရီးတွေ ထွက်လိုက်၊ မိသားစုကို အချိန်ေ ပး လိုက်နေနေရတဲ့ မနန်းအသင်္ခယာ ကိုကြည့်ပြီး ကျုပ်အားနာတယ်။ ဒီအကောင့်ဟာ ကျုပ် မိတ်ေ ဆွ လုပ်ပေးတဲ့အကောင့်တုတစ်ခုပဲ။ ကျုပ်က သူ့လုပ်ငန်း ပါဝင်ပြီး မနန်းအသင်္ခယာရဲ့ လူမှုရေးအဖွဲ့တွေကို နာမည် ဖျက်ဖို့။ ဒါကြောင့် အခုလည်း ဒီအကောင့်ကနေပဲကျုပ်ရှင်းတမ်းကိုရေးလိုက်တယ်။

ကျုပ်ဇာတိက ပေါင်းတည်။ နာမည်အရင်းအောင်ကျော်ဦး။ စက်မှုဇုန်တစ်ခုက အစားအသောက် လုပ်ငန်း တစ်ခု မှာလုပ်တယ်။ ကျုပ်အဘွားက ဒေါ်ခင်ထွေး။ လွန်ခဲ့တဲ့နှစ်လက ရန်ကုန်ဆေးရုံကြီးမှာ တက်သေး တယ်။ သွေးလိုတော့ မနန်းအသင်္ခယာပဲ ရှာပေးခဲ့တယ်။ အစကတော့ ကျုပ်ခြေရာဖျောက်ပြီး ထွက်ပြေးမ လို့ ဘဲ။

ည ကခိုင်စိုးလွန်ဆိုတဲ့ မိန်းမနဲ့ ဒီနေ့မှာ ခင်ခင်ဆိုတဲ့ မိန်းမရေးထားတာ ဖတ်ပြီး ကျုပ်ရေးလိုက်တာ။ ဒီစာကို မရေး ခင် မနန်းအသင်္ခယာဆီမှာ ကျုပ်အကုန် ၀န်ခံပြီးပြီ။ အခုလည်း ဒီစာတင်ပြီးရင် ကျုပ်ကိုယ်တိုင် ရဲစ ခန်း သွားမယ်။

ကျုပ်မှာရှိတဲ့သက်သေပစ္စည်းတွေယူသွားမယ်။ ကျုပ်ခိုးခဲ့တဲ့မနန်းအသင်္ခယာဆီက ပစ္စည်းစာရင်းတွေ လည်း အကု န်ရှိတယ်။ ကျုပ်မနက်က ဖုန်းဆက်တဲ့အခါ ငိုနေတဲ့ မနန်းအသင်္ခယာရဲ့ အသံကိုကြား ရတယ်။ တ လုတ် စားဖူး သူ့ကျေးဇူးဆို ကျုပ်ဆီမှာသူ့ကျေးဇူးတွေများလွန်းနေတယ်။ အကုန်ပြန်မ ဆပ်နိုင် ရင်ေ တာင် ရနိုင် သလောက် ကျုပ်ဆပ်မှာပဲ။မနန်းအသင်္ခယာက ကျုပ်ဝန်ခံတဲ့အခါမှာ သူ့ကြွေးရှိလို့ ဆပ်ရတာ ခွင့် လွှတ် တယ် အဖမ်းခံစရာမလိုပါဘူးတဲ့။

အွန်လိုင်း မှာလည်း မရှင်းပါနဲ့။ ပြန်လှန်ပြော ဆိုနေကြတာတွေ ပူလွန်းတယ်တဲ့။ ကျုပ်ပူးပေါင်းကြံစည်ခဲ့တဲ့ အမှုေ တွကြီး တယ် ဆိုတာ သိပါတယ်။ ကျုပ်အဘွား ကိုဆေးကုဖို့လည်း မနန်းအသင်္ခယာ ကတာဝန်
ယူပြီး သား ဆိုတော့ ကျုပ်အဖမ်းပဲခံမယ်။ ဒါပိုပြီးလိပ်ပြာသန့်တယ်။ဟိုလူနဲ့ပတ်သက်သမျှလည်း ကျုပ် သိ သ မျှ အကုန်ဖွင့်ချမယ်။ ဟိုလူကတော့ နယ်ကိုပြေးပြီ မနန်းအသင်္ခယာ။

မပြေးခင် ခွေးမျိုးက သူ့အကောင့်တွေရော ကျုပ်အကောင့်တွေရော အကုန် ဖျက်ချ သွားတယ်။ တကယ် တမ်း ဖမ်းခံရမယ်ဆိုတော့ ကိုယ်လွတ်ရုန်းပြေးသွားတယ်။ဒါကြောင့် ကျုပ်ဆုံးဖြတ်ချက် ချပြီးတာနဲ့ အကောင့် သစ်တန်းဖွင့်လိုက်ပြီး ၀င်ရေးတာပဲ။ ကျုပ်ရေးတဲ့ထဲ နည်းနည်းတော့ လိုနိုင်တယ်။ဒါပေမယ့် ရုံးေ ရာက် တဲ့အခါ ကျုပ်ဒီထက်ပိုပြီး အသေးစိတ် အစစ်ခံမှာ ယုံကြည်ပါ။ သိသမျှ ဖွင့်ချမယ်။

နောက်ထပ် ဘယ်သူတွေနဲ့ ဘာပြောတယ်။ ဘယ်သူက ဘယ်လို ဆိုတာ ကျုပ်မှာ သက်သေအကုန်ရှိတယ်။ခင်ဗျားတို့ ကို ပြောချင်တာက မနန်းအသင်္ခယာက သူ့လင်ကြိး ငုတ်တုတ်နဲ့ တခြားယောကျာ်းနဲ့ဖြစ်တာ မဟုတ် ဘူး။ တရားရုံးရောက်ရင် သရုပ်ဆောင်ပေးတဲ့ ဟာမအပြင် တရားခံရော သက်သေတွေပါ ကျုပ်ပြ မယ်။

မိန်းမတစ်ယောက်ကို အပြင်မှာလည်း မမြင်ဖူးဘဲနဲ့ ဟုတ်ပါတယ်အော်နေတဲ့ လူတွေ စောင့်ကြည့်ကြပေါ့။
မနန်း အသင်္ခယာရေ ခင်ဗျားအမြဲတမ်းပြောတဲ့ ဆေးနဲ့တူတဲ့မိတ်ဆွေ ကျုပ်ဖြစ်ခွင့်ရပြီထင်ပါတယ်။ ဆုံးဖြတ် ချက်ပြတ် သားခိုင်မာပြီး လူယုတ်မာတွေ ကို အားမနာတမ်း အရေးယူပါ။ ခပ်အေးအေးနေ ချင်တဲ့လူ တိုင်း
ကိုယုံလွယ်တဲ့ ကူညီ ချင်တဲ့ အကျင့်ကို လည်းပြင်ပါ။

(အမှုအစအဆုံးပါဝင်ခဲ့သည့် ကိုအောင်ကျော်ဦးရဲ့ ၀န်ခံချက်)
https://www.facebook.com/oakkarkoko?fref=ts
ဥက္ကာ ကိုကို

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D