သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

" တပ်မတော် ဘာလဲ …ဘယ်လဲ... - ၂ "

-----------------------------------------------------------------------------
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မှာ …..တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် နေ၀င်း ဟာ ….နိုင်ငံရေးအာဏာကို ရယူခဲ့ပါတယ်……
တော်လှန်ရေးအစိုးရဟာ ….ဇူလိုင် ၄ ရက်နေ့ မှာ.... မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုဖွဲ့ စည်းခဲ့ ပြီး ….... ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို ခုတ်မောင်းဖို့ ပြင်ဆင်ခဲ့ တဲ့ အတွက် …. တပ်မတော်ဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ …. ဦးဆောင်မှုအောက်ကနေ ဆက်လက်ချီတက်ရပါတော့ တယ်….။

ဒီကာလမှာ…တပ်မတော်အနေနဲ့ အမြတ်ထွက်ခဲ့တာကတော့ …..
အရင်က နောက်ကျောဓါးနဲ့ ထောက်သလိုဖြစ်နေတဲ့ ….
နိုင်ငံရေးပါတီတွေက ကျောထောက်နောက်ခံပြုထားတဲ့  …..
ပြူစောထီးတပ်တွေ စစ်ဝန်ထမ်းတပ်တွေ ပြည်ထောင်စုစစ်ရဲတပ်တွေ အားလုံးကို ….. တပ်မတော်တပ်ရင်းတွေ အဖြစ် အသွင်ပြောင်း ဖွဲ့စည်းလိုက်နိုင်တာပါပဲ…… ကျန်တာကတော့ ဘာမှသိပ်မထူးလှပါဘူး…..။

တပ်မတော်သားအများစုဟာ…… ဆိုရှယ်လစ်စနစ်ဆိုတာကို သိပ်မသိသလို….
ဒီမိုကရေစီဆိုတာကိုလဲ သိပ်တော့ နားမလည်လှပါဘူး….. သူတို့ ဟာ တစ်နှစ်မှာ ရက်သုံးရာလောက် ….. ရှေ့ တန်းမှာ တိုက်ပွဲဝင်နေကြရတာပါ…..
သူတို့ သိတာက တစ်ခုပဲရှိပါတယ်…… အဲဒါကတော့ ……ရဲဘော်ရဲဘက်စိတ် ပါ……..

စစ်သားမဖြစ်ဘူးတဲ့ သူတစ်ဦး ဘယ်လိုမှ နားမလည်နိုင်တဲ့စိတ်ပါ……
အပြင်လူ နားလည်အောင် အနီးစပ်ဆုံးပြောရရင်တော့…..
အမြောက်ဗုံးဆံတွေ တဂျိမ်းဂျိမ်း ပစ်နေတဲ့ကြားထဲ ….
ဒဏ်ရာနဲ့ လဲနေတဲ့ သူငယ်ချင်းကို ပြန်တက်ဆွဲတာဟာ ……
ဒီစိတ်က မောင်းနှင်ပေးတဲ့ ခွန်အား တစ်ခုပေါ့…..…။

ဒါပေမယ့် ဘယ်လိုပဲ ပဲ့ကိုင်သူတွေပြောင်းပြောင်း …… တပ်မတော် အနေ နဲ့ ဆက်ရင်ဆိုင်ရတာကတော့ …… မဆုံးနိုင်တဲ့ တိုက်ပွဲခရီးကြမ်း အထပ်ထပ် ပါပဲ…..

အရေအတွက် လေးငါးဆယ်နီးပါးရှိတဲ့လက်နက်ကိုင်တွေနဲ့  ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်…. သူ့ ဖက် ကိုယ့်ဖက် အပြန်အလှန် အပြစ်ဖို့
နောက်ဆုံးတော့ …… ဒုံရင်းဒုံရင်း ကျောပိုးအိတ်လွယ်ပြီး ….. အမြဲတမ်း ပဲ သေနတ်ပဲ ပြန်ကိုင်ရနေကြမို့ ……. အသစ်ဝင်ရောက်လာတဲ့ ……
တပ်မတော်ရဲ့ ဒုတိယမျိုးဆက် ခေါင်းဆောင်ငယ်တွေဟာ…
အမှန်ပြောရရင်တော့ …….. ဘယ်သူ့ ကိုမှ သိပ်မယုံကြည်လှတော့ပါဘူး…..။

အချိန်တန်ရင် အိမ်ပြန်ရတာ မဟုတ်ပဲ ……. တောတွင်းတစ်နေရာမှာ……..
သူ့ သူငယ်ချင်းကို …. ကျင်းတူးမြုပ်နှံရတာပဲ ဖြစ်နေတော့….
ဘယ်သူတွေ ဘယ်လိုပြောပြော ….. မြန်မာပြည်လို တိုင်းပြည်မျိုးမှာ…...
" သူတို့ အင်အားရှိမှ သူတို့ အသက်ရှင်မယ် " ဆိုတဲ့ သင်ခန်းစာကို ……
အတော်များများဟာ အရိုးထဲစွဲသွားခဲ့ပါတယ်………..။

၁၉၆၂ တော်လှန်ရေးအစိုးရရဲ့ အဖွဲ့ ဝင်အများစုဟာ… တပ်မတော်သားတွေ
ဖြစ်တဲ့အတိုင်း …. သူတို့ လက်ထက်မှာ ….. ပြည်တွင်းသောင်းကျန်း မူ အမြစ်ပြတ်ချေမှုန်းရေးကို ဦးစားပေးခဲ့ပါတယ်
ငြိမ်းချမ်ရေး ဆွေးနွေးပွဲတွေ အဆင်မပြေတဲ့ နောက်…. အစိုးရရဲ့ မူဝါဒအတိုင်း…..
တပ်မတော်ဟာ ၁၉၆၄ ဒီဇင်ဘာမှာ ….. ကေအိုင်အေကို စတင်ပြီး ထိုးစစ်တွေ ဆင်နွဲပါတော့တယ်….

၁၉၆၆အရောက်မှာ ကေအိုင်အေဟာ ….. နယ်စပ်ကိုထွက်ပြေးခဲ့ ရတဲ့  အဆင့်ထိဖြစ်လာခဲ့ ပြီး…….. ၁၉၈၇ မေလမှာ တော့ ……
ကေအိုင်အေရဲ့ ဗဟိုဌာနချုပ် ပါဂျိုနားဖော့စခန်းကြီးနဲ့ …… ဂျာပူ ၊နမ့်ဆန်ယန်၊ ကဇူး စခန်းတွေကို ……တပ်မတော်က သိမ်းပိုက်ချေမှုန်းပြစ်လိုက်ပါတယ်

ဒါပေမယ့် ….သူတို့ ကို မဆုံးနိုင်တဲ့ နောက်ထပ်တာဝန်ကြီးတစ်ခုက …
အသင့်စောင့်ကြိုနေပါပြီ……ထောင့်တစ်ညပုံပြင် ဇာတ်လမ်းတွေထဲကလို …
လွတ်လပ်ရေးရတဲ့  အချိန်ကနေ…… ၁၉၈၉ ထိ ..... အနှစ်လေးဆယ်ကျော်
ဆက်တိုက်ထမ်းဆောင်ရတော့မယ့် တာဝန်ကြီးလဲဖြစ်ပါတယ်……
အဲဒါကတော့ ….သူတို့ ရဲ့ မဟာရန်သူတော်ကြီး ဗမာပြည်ကွန်မြူနစ်ပါတီပါပဲ။

ဗကပ ကိုအမြစ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တဲ့  တပ်မတော်ဟာ….
၁၉၆၆ နှစ်ဦးပိုင်း မှာ …. လက်ရှိတပ်မတော်ရဲ့  အဓိက တိုက်ခိုက်ရေး အင်အားစုတွေဖြစ်တဲ့ ခြေမြန်တိုက်ခိုက်ရေး တပ်မတွေကို စတင် ဖွဲ့ စည်းခဲ့  ပါတယ်…..…..။

၁၉၆၈ စက်တင်ဘာ မှာ …… တပ်မ ၇၇ ဟာ ဗကပ ဗဟိုဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ……သခင်သန်းထွန်းကိုပါ အသေဖမ်းဆီး ရမိခဲ့တဲ့အတွက်
ကာလရှည်တိုက်ပွဲကြီးမှာ ......တပ်မတော်က အသာစီးရလာတယ် ဆိုနိုင်ပေမယ့် ….ကိုယ်ကိုယ်တိုင် မကြာခဏ အထိနာခဲ့ရတဲ့ ....
ဖြစ်စဉ်တွေဟာလဲ မနည်းမနောပါ….။

၁၉၇၀ ၊ ၇၁ တစ်ဝိုက်မှာ စဖြစ်ခဲ့ တဲ့  …. ဗကပ အရှေ့ မြောက် စစ်ဒေသရဲ့  နာမည်ကျော် ကြူကုတ်ပန်ဆိုင်း တိုက်ပွဲ ….ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ
တွေအပြီး ….. ၁၉၇၅ ပဲခူးရိုးမ တိုက်ပွဲစဉ်တွေမှာ …….
သခင်ဇင် ၊ သခင်ချစ် ကျဆုံးပြီး ဗကပ ဗဟို ပြိုလဲသွားတဲ့ အတွက်
အထိနာသွားတဲ့ ဗကပဟာ ……. ၁၉၇၇ မှာ ခြူးရွှေပန်ကောက် တိုက်ပွဲ …..
၁၉၇၈ မှာ နောင်လိုင် ပါဖန် တိုက်ပွဲ နဲ့  ……၁၉၈၆ မှာ စီစီ ၀န်တာပန်
တိုက်ပွဲကို ဆက် ဆင်နွဲခဲ့ပါတယ်….

အဲတိုက်ပွဲတွေ အပြီးမှာ… တပ်မတော်က ဗကပ ခြေကုပ်စခန်းကြီးတွေဖြစ်တဲ့ …
ကြူကုတ် ပန်ဆိုင်း ၊ကွန်ဟိုင်း၊နောင်မ၊မာန်ဟီးရိုး စခန်းတွေကိုပါ …..
ဆက်တိုက် သိမ်းပြစ်ခဲ့ လို့  ……ဗကပဟာ အကြီးအကျယ် အထိနာသွားခဲ့
တယ် ဆိုပေမယ့် …. တပ်မတော်ဘက်က အကျအဆုံးလဲ နည်းလှတယ်တော့ မဟုတ်ပါဘူး …..။

အထူးသဖြင့် ……အရှေ့ မြောက်ဒေသ တိုက်ပွဲတွေမှာ ရင်ဆိုင်ရတဲ့  ရန်သူဟာ
ပြောက်ကျားစစ် ၊ တောတွင်းတိုက်ပွဲ စတာတွေ မဟုတ်တော့ပဲ ……
နိုင်ငံနှစ်ခုက စစ်တပ်တွေ တိုက်ကျသလို …… သမားရိုးကျ စစ်ဆင်တိုက်ခိုက် နည်းတွေနဲ့ တိုက်လာပြီး ……လူလက်နက် ခဲယမ်း….စတာတွေဟာ…..
ပြည်တွင်း သောင်းကျန်းသူအဆင့်ကို ကျော်လွန်နေပြီဖြစ်တဲ့ အတွက် ……
တပ်မတော်ဘက်ကလဲ အတော်အကျအဆုံးများခဲ့ ရပါတယ်…။

ရှိစုမဲ့စု တပ်မ ၇၇ ၊ ၈၈ ၊ ၉၉ သုံးခုထဲက …. နှစ်ခုကို အရှေ့ မြောက်ဒေသ မှာ အမြဲလိုလို တပ်စွဲထားခဲ့ရပြီး သူတို့ ရဲ့ ရန်သူတော်ကြီးကို ရင်ဆိုင်ခဲ့ ရပါတယ်။

ဒါဟာ …အနာဂတ်မှာ …..ပြည်ပအထောက်အပံ့ရတဲ့ ရန်သူနဲ့ ရင်ဆိုင်တိုက်ဖို့ 
ဒါမှမဟုတ်လဲ…အိမ်နီးချင်း နိုင်ငံတွေ ရဲ့ တပ်မတော်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့  အတွက်…တပ်မတော်ရဲ့ ဖွဲ့ စည်းပုံကို တိုးချဲ့  ပြင်ဆင်ဖို့ လိုလာမယ်ဆိုတာကို
တပ်မတော်ရဲ့  ဒုတိယမျိုးဆက်ခေါင်းဆောင်တွေကို…… ဘသတိပြုမိစေခဲ့ ပါတယ်…..။

ရေးသားသူ- ရဲမိုး
(ဆက်လက်တင်ပြပါမည်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D