သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, May 21, 2013

ပင်လယ်ကမ်းခြေမှာ မြင်းထိန်းပြီး ငွေရှာတဲ့ ကလေးများ


မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ စက်စဲပင်လယ်ကမ်းခြေရှိ မြင်းအပျော်စီးလုပ်ငန်းတွင် လုပ်ကိုင်နေကြသူတို့မှာ ပုံတွင် တွေ့ရသည့်အတိုင်း အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများ  ဖြစ်သည်။ "ဒီမှာလာတဲ့ဧည့်သည်တွေစီးဖို့ မြင်း ထိန်းရတယ်။ မြင်းတခါစီးရင် ၁ဝ မိနစ်စာအတွက်  ၁,ဝဝဝ ယူတယ်" ဟု အသက် ၁၂ နှစ်အရွယ် မြင်းထိန်းလုပ်သားလေးတယောက်က ရှင်းပြသည်။
ဝင်ငွေအများစုကို မြင်းပိုင်ရှင်က ယူသည်။
မြင်းပိုင်ရှင်များက ကမ်းခြေတွင် စားသောက်ဆိုင်နှင့် တည်းခိုခန်းအသေးစားဖွင့်ထားသူများဖြစ်သည်။

ထို့ကြောင့် မြင်းထိန်း ကောင်လေး၏  ဝင်ငွေက တရက် ၂,၅ဝဝ ဝန်းကျင် ရှိသည်ဟု ဆိုသည်။

ကမ်းခြေတလျှောက် မြင်းကောင်ရေ ၄၀ ခန့်ရှိသောကြောင့် မြင်းထိန်းအလုပ် လုပ်ကိုင်နေသူ ကလေး အရေအတွက်ကလည်း ၄၀ ခန့် ရှိကြောင်း ဒုတိယတန်းကျောင်းသားဟောင်း ကလေးငယ်တယောက်က ပြောသည်။

"မြင်းပိုင်ရှင်တွေက ခုနောက်ပိုင်း ကလေးတွေပဲ သုံးကြတော့တယ်။  ကလေးတွေက လူကြီးတွေလို ခံစားခွင့်တွေ ဘာတွေ ပေးဘို့မလိုဘူး။ သူတို့ပေးချင် သလောက်ပေးလို့ရတယ်" ဟု သက်ကြီးမြင်းထိန်းသမားဟောင်းတဦးက  ပြောသည်။

မြင်းထိန်း ကလေးငယ်တယောက်က "ဧရာဝတီတိုင်းက လာတာပါ။ မိဘတွေ မရှိတော့ဘူး။ အကို အမတွေနဲ့ နေတယ်။ ဒီမှာက သားတို့အရွယ်အလုပ်က ဒါပဲ ရှိတယ်။
နည်းပေမဲ့ ရွေးစရာ အလုပ်မရှိဘူး။ ဆူဆဲလည်း ခံရတာပဲ။ ဒီကမ်းခြေမှာက သားတို့လို အခြေမဲ့တွေများတယ်။ ကိုယ်မလုပ်ရင် အစားဝင်မဲ့လူက အများကြီးပဲ" ဟု လုပ်ငန်း အခြေအနေကို ပြောပြသည်။

မြင်းထိန်းကလေးငယ်များ နေထိုင်မကောင်းဖြစ်ပါက မြင်းပိုင်ရှင်က တစုံတရာတာဝန်ယူမှု မရှိသည့်အပြင် မြင်းကို အခြား ကလေးငယ်များထံသို့ လွှဲပြောင်းပေးလိုက်သည်ဟုလည်း ပြောသည်။

 ၎င်းတို့၏ လုပ်ငန်းခွင်အတွင်း ကလေးအခွင့်အရေး ဆိုင်ရာ စံချိန်စံညွှန်းတို့နှင့် ကိုက်ညီခြင်း ရှိမရှိ အာဏာပိုင်တို့က ကြပ်ကြပ်မတ်မတ် စစ်ဆေးလာပါက ဤဒေသတွင် မြင်းထိန်းကလေးငယ်များကို တွေ့နိုင်မည်မဟုတ်ဟု ယူဆရသည်။

မော်လမြိုင်မြို့ တောင်ဘက်မိုင် ၆၀ ခန့်အကွာတွင် တည်ရှိသော စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တခုတည်းသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။
   ဧရာဝတီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D