သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

““တပ်မတော် ဘာလဲ ဘယ်လဲ - ၃ ””

----------------------------------------------------------------------------------
၁၉၆၂ တော်လှန်ရေးအစိုးရဟာ…..ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်နေတဲ့ ….
တိုင်းပြည်ကို အုပ်ချုပ်တဲ့ နေရာမှာ အထောက်အကူပြုဖို့ ရည်ရွယ်ပြီး …
လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကော်မတီတွေကို ……
ဗဟို ၊တိုင်း၊ခရိုင်နဲ့ မြို့ နယ် အထိ အဆင့်လိုက် စတင်ဖွဲ့ စည်းခဲ့ ပါတယ်…..
ကော်မတီ အဖွဲ့ ဝင်တွေဟာ သက်ဆိုင်ရာနယ်မြေတွေမှာ …
လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့  တပ်မတော်သားတွေ ဖြစ်ပြီး ….
ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ နဲ့  ပါတီကို …. အထောက်အကူပြုဖို့ ရည်ရွယ် ခဲ့ပါတယ်…… ဒီဆောင်ရွက်ချက်ဟာ …… တပ်မတော် အနေနဲ့ မြို့ ပြအုပ်ချုပ်ရေး ဘက်မှာ …..တရားဝင် စပြီး ပါဝင်လာတယ်လို့ ပြောရင်လဲ မမှားပါဘူး…..။

ဒီနေ့ ခေတ် အခြေအနေနဲ့ စဉ်းစားရင် …….
ဒါဟာ အင်မတန်နားလည်ရခက်ခဲတဲ့ ကိစ္စ ဖြစ်ပေမယ့်လို့ ….
အဲဒီခေတ် အနေအထားကတော့ ……
ကျေးလက်ဒေသတွေ အတော်များများမှာ …..
သောင်းကျန်းသူ အမာခံတွေ စိမ့်ဝင်ချုပ်ကိုင်နေတဲ့ ကာလမို့ …..
အုပ်ချုပ်ရေး ယန္တရား ကို အမှန်တကယ်ပဲ အထောက်အကူပြုနိုင်ခဲ့ ပါတယ်……
တစ်ခါ ….၁၉၄၈ ကနေ ၆၂ ခုနှစ် အတွင်း ……
သူရင်ဆိုင်ခဲ့ ရတဲ့ ခရီးကြမ်းအတွေ့ အကြုံ တွေအရ …….
တပ်မတော်ဟာ…….
အရပ်သားနိုင်ငံရေးသမား အများစုအပေါ်
မယုံကြည်ရဘူးလို့ ပဲ ကောက်ချက်ချခဲ့ပြီး …..
အုပ်ချုပ်ရေးအာဏာ တစ်စိတ်တစ်ပိုင်းထဲမှာ ….
ပါတီရဲ့ အမာခံကေဒါတွေ အနေနဲ့  …..
နေရာဝင်ရောက်ရယူခဲ့တာလဲ တစ်ချက်ပါဝင်နိုင်ပါတယ်…။

တပ်မတော်အနေနဲ့ …….
မြို့ ပြအုပ်ချုပ်ရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်လာပြီ ဖြစ်ပြီး
တပ်မတော်ခေါင်းဆောင် အတော်များများဟာလဲ ….
တော်လှန်ရေးကောင်စီဝင်တွေ ဖြစ်နေတဲ့ အတွက်….
ဘေးပယောဂ ပါ မပါ ……..
ဒီနေ့ ထိ အငြင်းပွားနေရတဲ့  လူထုအရေးအခင်းတွေမှာ …….
လူထုနဲ့ ထိပ်တိုက်ရင်ဆိုင်မူတွေကိုလဲ ရှောင်လွဲလို့ မရနိုင်ခဲ့ပါဘူး…..။

ဝါဒရေးရာ အားကောင်းလွန်းပြီး
မြန်မာပြည်ရဲ့ ရေခံမြေခံ နဲ့ အင်မတန် ကြီးထွားလွယ်တဲ့  …….
တပ်မတော်ရဲ့ အင်အား သုံးပုံတစ်ပုံလောက်ကို
တောခိုသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ………..
အရှေ့ တောင်အာရှမှာ
တိုက်ရည်ခိုက်ရည် အကောင်းဆုံး တပ်မတော်တစ်ခုတောင်
အနှစ်လေးဆယ်လောက် တိုက်ခဲ့ ရတဲ့  ……....
ဗကပ အန္တာရယ် ကို
တပ်မတော်ဟာ အင်မတန်ပဲ စိုးရိမ်စိတ် ကြီးခဲ့ ပါတယ်…....
လူထု အရေးအခင်းအတော်များများကိုလဲ …....
ပြီးခဲ့ တဲ့  ဆယ့်လေး ငါးနှစ် အတွေ့ အကြုံတွေအရ …..
လူထုတိုက်ပွဲနည်းနဲ့ တိုက်ခိုက်လာတဲ့
ဗကပ ယူဂျီတွေရဲ့ လှုံ့ ဆော်မှု အဖြစ်ပဲ ရူမြင်ခဲ့ ပါတယ်…….
ဒီ စိုးရိမ်စိတ် ဟာ ……
ဒီကနေ့ စတုတ္ထ မျိုးဆက် တပ်မတော် အရာရှိတွေအထိ ……
ကူးစက်ခဲ့ တယ်ဆိုရင်လဲ မမှားဘူးလို့ ဆိုနိုင်ပါတယ်………။

တော်လှန်ရေး အစိုးရဟာ ….
၁၉၆၂ နောက်ပိုင်းမှာ….
၂နှစ်လောက်စောင့်ဆိုင်းပြီး
လက်နက်ကိုင် အဖွဲ့ တွေကို ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ ပေမယ့် …..
မအောင်မြင်တဲ့ ဖြစ်ရပ်……
ဦးနု၊ဦးဘဆွေ၊ဦးကျော်ငြိမ်း၊ ၀ိဒူရ သခင်ချစ်မောင် …စတဲ့ …….
နိုင်ငံရေးသမားကြီး ၃၃ဦးကို ဖိတ်ခေါ်ပြီး ……
၃၃ဦး ကော်မရှင်ဖွဲ့ ကာ ……
တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မလဲ ဆွေးနွေးပေမယ့် ……
အချင်းချင်းသာ အငြင်းပွားပြီး အဖြေမထွက်ခဲ့တဲ့ ဖြစ်ရပ်….
ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်ခဲ့ပြီး
ကျန်ပါတီများကိုပါ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ သော်လည်း …......
မအောင်မြင်တဲ့ ဖြစ်ရပ် တွေကြောင့် …..
၁၉၆၄ မတ် ၂၈ မှာ တစ်ပါတီ စနစ်နဲ့ သွားဖို့ ပဲ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်……။

မဆလ ပါတီ လုပ်ဆောင်ခဲ့ တဲ့ …..
အမှားတွေ အများကြီးရှိခဲ့ တဲ့ အထဲက….
လုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းဆည်းခဲ့ ခြင်း ……
တာဝန်ကျေ စပါးရောင်းချရခြင်းနဲ့ ……..
ငွေစက္ကူ တရားမ၀င်ကြေငြာခြင်း တို့ ဟာ ……
လူထုကို တိုက်ရိုက် အကြီးအကျယ်ထိခိုက်ခဲ့တဲ့ လုပ်ရပ်တွေ ဖြစ်လို့  …..
အုပ်ချုပ်သူ အစိုးရကို မကျေနပ်ချက်များလာတဲ့  ပြည်သူဟာ……
အစိုးရအပေါ် အယုံအကြည်လျော့နည်းလာပြီး ……
တပ်မတော်အပေါ်လဲ မကျေမနပ်ဖြစ်စ ပြုလာခဲ့ ပါတယ်……။

တပ်မတော်အနေနဲ့ ကတော့ …..
၁၉၆၂ နှောင်းပိုင်း မြို့ ပြ အုပ်ချုပ်ရေးမှာ…..
တပ်မတော် ခေါင်းဆောင်ပိုင်း နဲ့ ….
ဦးစီးအရာရှိ တစ်ချို့ သာပါဝင်ခဲ့ တာဖြစ်ပြီး
တပ်မတော်ရဲ့ ၉၀ ရာခိုင်နူန်းကတော့ ……
မြန်မာပြည် အနှံ့ အပြားက တောနက်တွေထဲမှာ …
မရပ်မနား တိုက်ပွဲဝင်နေရတာ ဖြစ်ပေမယ့် ….
မြေပေါ် မြေအောက် နိုင်ငံရေးပါတီတွေ ရှုပ်ပွ နေတဲ့  မြန်မာပြည်မှာ….
၁၉၆၂ ခုနှစ် အာဏာရယူခဲ့ တာကို မှန်ကန်တဲ့ လုပ်ရပ်အဖြစ် ……
ဒီကနေ့ ထိ တပ်မတော် တစ်ခုလုံးက ရူမြင်ခဲ့ ပါတယ်…….။

ပြည်တွင်းစစ်ရဲ့ …….
အဆိုးဝါးဆုံးကာလတွေကို ကျော်လွန်ခဲ့ တာ ……
နှစ်အတော်ကြာရှိနေပြီး
ဒေသ အသီးသီးမှာ ငြိမ်းချမ်းစပြုလာတဲ့ အချိန်မှာ….
လက်ရှိအစိုးရအပေါ် ......
အဆင်မပြေမှုနဲ့ မကျေနပ်ချက်တွေ
တစ်စတစ်စ များပြားလာတဲ့  ပြည်သူလူထုဟာ…..
၁၉၈၆ ခုနှစ်လောက်မှာ…
ဗကပ တို့ ရဲ့ လူထုတိုက်ပွဲနည်းအတွက် ……
အကောင်းဆုံးပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်…....။

အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဟာ……
၁၉၇၆၊ ၇၈၊ ၇၉၊ဂ၂ ၊ ၈၇ ခုနှစ်တွေမှာ….
အင်းဒေသ စစ်ဆင်ရေး ၊ ၀ရဇိန် ၊ စွန်ရဲ စစ်ဆင်ရေးတွေနဲ့ …….
ဗကပ မြေအောက် ဆဲလ် ၄၀၀ကျော်ကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ ပေမယ့် …
၁၉၈၆ ခုနှစ်တည်းက …….
မြေပေါ်လှုပ်ရှားမှု အတွက် ကြိုတင်ပြင်ဆင်နေပြီ ဖြစ်တဲ့  …….
ဗကပ ယူဂျီ ၄၈၂၈ ဒေသပါတီ ကော်မတီရဲ့  လှုပ်ရှားမှုကို …….
ဒီတစ်ခါတော့ ကြိုတင်မထိန်းချုပ်နိုင်တော့ပါဘူး ……
ပြည်တွင်းသောင်းကျန်းမှု ပေါင်းစုံကို တလကြမ်း နှိမ်နင်းရင်း…..
သောင်းကျန်းသူအများစုကို …..
နယ်စပ်ထိရောက်အောင် တိုက်ထုတ်နိုင်လိုက်တဲ့ အတွက်
အသက်ရူချောင်စ ဖြစ်လာတဲ့ တပ်မတော်ဟာ…
အနားယူဖို့ စဉ်းစားလို့ ရအုန်းမယ် မဟုတ်ပါဘူး…..
စစ်ရေးမှာ ဆက်တိုက်အထိနာခဲ့တဲ့  ….
သူတို့  ရန်သူတော်ကြီးက .....
နောက်ဆုံးပိတ် အိတ်နဲ့ လွယ် တိုက်ပွဲကြီးကို ဆင်နွှဲဖို့ ......
အစပျိုးပြင်ဆင်စပြုနေပြီဖြစ်ပါတယ် ……..

ရေးသားသူ- ရဲမိုး
(ဆက်လက်တင်ပြပါမည်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D