သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, May 25, 2013

၅ နှစ် သမီးကို အမှိုက်ပုံးထဲက အစားအစာများအား စားခိုင်းသည့်ဆရာမအား အရေးယူခိုင်း

ဆရာမတစ်ဦးက၅ နှစ်သမီးလေးကိုအမှိုက်ပုံးထဲရှိအစားအစာများ ကောက်စားခိုင်းသည့် ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့သည်။မူကြိုကျောင်းမှအိမ်သို့ပြန်လာသော သမီးဖြစ်သူ ဟဲရစ်က မိခင်ကို ဆရာမသည် အမှိုက်ပုံးထဲမှ အစားအစာ များကို ကောက်စားခိုင်းခဲ့သည်ဟု တိုင်ကြားခဲ့သည်။

မိခင်ဖြစ်သူ ကင်းဒိုက်စ် ဟဲရစ်က ရဲစခန်းသို့လာပြီး ဤသို့အရှက်ရစေသည့် အပြူအမူမျိုးကို ကျူးလွန်သည့် ဆရာမအား အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။ မိမိ၏သမီးဖြစ်သူသည် ပေါင်မုန့်မကြိုက်သဖြင့် မစားဘဲ အမှိုက်ပုံးထဲသို့ လွှင့်ပစ်ခဲ့ကြောင်း၊ ဆရာမက သမီးဖြစ်သူထံ အမှိုက်ပုံးကို ဆွဲယူလာပြီး ပုံးထဲမှ ပေါင်မုန့်ကို ပြန်ပြီး ကောက်စားခိုင်းကြောင်း၊ ကျောင်းသားအများရှေ့တွင် ဤသို့အရှက်ရစေမည့် အပြုအမူကို လုပ်ခိုင်းခြင်း ကြောင့် အရေးယူပေးပါရန် မိခင်ကတိုင်ကြားခဲ့သည်။
ကင်းဒိုက်စ်က ကျောင်းသို့ ပထမဦးဆုံး ရောက်လာပြီး အာဏာပိုင်များကို အရေးယူပေးပါရန် တောင်းဆိုခဲ့သည်။ သက်ဆိုင်ရာ ဆရာမက မိဘများကို မတောင်းပန်နိုင်ကြောင်း ပြောကြားသည့်အပြင် မချေမငံပြောဆိုသောကြောင့် ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ရဲစခန်းကလည်း ကျောင်း ပြဿနာဖြစ်နေသဖြင့် ကျောင်းတွင်ပြေလည်စွာ ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။
မိခင်ဖြစ်သူက မကျေနပ်ဖြင့် ရှေ့နေငှားကာ တရားရုံးတွင် အမှုကိုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။ မိမိတို့သည် ဆင်းရဲသည့် လူမည်းများဖြစ်ကြောင်း၊ ထိုကျောင်းတွင် တက်နေသူအများစုမှာ လူဖြူများဖြစ်ကြကြောင်း၊ ယခုလို ဆင်းရဲသည့်အတွက်ရော၊ လူမည်းဖြစ်သည့်အတွက်ပါ နှိမ်ခြင်းကို ကန့်ကွက်ကြောင်း မိခင်ကပြော ကြားခဲ့သည်။
သမီးဖြစ်သူသည် မိဘအခြေအနေအရ နေ့လည်စာကို ကျောင်းတွင်စားစေသည့် ထောက်ပံ့မှုကို ရရှိထားသည်။ ကျောင်းကကျွေးသည့်ပေါင်မုန့်ကို ကလေးက မကြိုက်သဖြင့် လွှင့်ပစ်လိုက်သည်ကို ဆရာမက ရိုင်းစိုင်းစွာ ပြန်ကောက်စားခိုင်းသည့်အပေါ် လူဖြူလူမည်းခွဲခြားသည့်အသွင်ဆောင်လာသဖြင့် ကျောင်းအာဏာပိုင်များ အနေဖြင့် ခေါင်းခဲစရာ ကိစ္စတစ်ရပ်ဖြစ်လာခဲ့သည်။
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D