သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, May 23, 2013

၈၀ ကျော် ဂျပန်ဖိုးဖိုး ဧ၀ရက်တောင် တက်ရောက်


အသက် ၈၀ 
အရွယ် Yuichiro Miura နဲ့အဖွဲ့ ဧ၀ရက်တောင်ထိပ် တက်ရောက်နေစဉ်။ (မေလ ၂၃ ရက်၊
 ၂၀၁၃)။
ဗွီအိုအေ (မြန်မာဌာန)

23.05.2013
အသက် ၈၀ အရွယ် ဂျပန်နိုင်ငံသား ဖိုးသက်ရှည်ဟာ ဧ၀ရက်တောင်ကို တက်နိုင်တဲ့ ကမ္ဘာ့ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်လိုက်ပြီ ဖြစ်ပါတယ်။ 

ဖိုးသက်ရှည် Yuichiro Miura ဟာ သူ့အနေနဲ့ အသက် ၇၀ ကျော် ကာလတွေမှာတုန်းကလည်း အမြင့်ပေ ၃ သောင်းလောက်ရှိတဲ့ ဧ၀ရက်တောင်ကို ၂ ကြိမ်တိုင်တိုင် တက်ခဲ့ဖူးသူ ဖြစ်တယ်လို့ သူ့ရဲ့ကိုယ်ပိုင် အင်တာနက် ၀က်ဘ်ဆိုက်မှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။



ဒါပေမဲ့ သူ့ရဲ့ စံချိန်သစ်ဟာ မကြာခင်မှာ ကျိုးသွားနိုင်ပါတယ်။ အသက် ၈၁ နှစ်အရွယ် နီပေါလ်နိုင်ငံသား ဖိုးသက်ရှည်တဦးကလည်း ရှေ့သီတင်းပတ်ထဲ ဧ၀ရက်တောင်ကိုတက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အရင်က ဗြိတိသျှအစိုးရလက်အောက်ခံ ဂေါ်ရခါးတပ်မှာ တာဝန် ထမ်းဆောင်ခဲ့သူ Min Bahadur Sherchan ဟာ ၁၉၆၀ ခုနှစ်တွေ ကတည်းကစပြီးတော့ တောင်တက်လာခဲ့သူ တဦးဖြစ်ပါတယ်။

ဒီ ဖိုးသက်ရှည် ၂ ဦးဟာ အရင်ကလည်း တောင်တက်ပြိုင်ခဲ့ကြဖူးပါတယ်။ ဂျပန်နိုင်ငံသား Miura က ၂၀၀၈ ခုနှစ် အသက် ၇၅ နှစ်မှာ အသက်အကြီးဆုံး ဧ၀ရက်တောင်ကို တက်နိုင်သူအဖြစ် စံချိန် တင်လိုက်ပေမဲ့၊ နီပေါလ်နိုင်ငံသား Sherchan က အသက် ၇၆ နှစ်ပြည့်ဖို့ တစ်ရက်အလိုမှာ ဧ၀ရက်တောင် ကို အောင်မြင်စွာ တက်ပြလိုက်ပြီး စံချိန်အသစ်ကို ထပ်တင်ပြလိုက်တာပါ။

(VOA)    မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D