သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

သူတို့ကိုယ်စား ပြောပေးပါသည်..

ဦးသိန်းစိန်။ အမေရိကန် သွားတဲ့ ခရီးစဉ်အတွင်း ပိတ်ဆို့မှုအားလုံးကို အပြီးတိုင် ရုပ်သိမ်းစေဖို့ ပြောဆိုနိုင်ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ပိတ်ဆို့မှုတွေ မရှိပေမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရပြီလို့ ပြောလို့ မရသေးဘူး။ အာဏာလိုချင်လား ဆိုရင် လိုချင်တယ်လို့ ကျွန်မက ပြောရအုံးမှာပဲ။ အာဏာရမှ ဒီမိုကရေစီ ဖော်ဆောင်နိုင်မှာ ပါ။

သူရ ဦးရွှေမန်း။ ဒေါက်တာ ဆိတ်ဖွားကြောင့် လွှတ်တော် ဂုဏ်သိက္ခာကျတယ် ဆိုတာထက် မီဒီယာတွေ စည်း ကမ်းမဲ့ ရေးတာကြောင့် လွှတ်တော်အားလုံးရဲ့ လုပ်ဆောင်ချက်တွေ မှေးမှိန်ပြီး ဂုဏ်သိက္ခာ ကျဆင်းရတယ် ဆိုတာ ကျွန်တော် သဘောပေါက်စပြုလာပါပြီ။

အိုဘားမား။ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ အားလုံးအတွက် မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ခွင့် ရစေဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ စွမ်းဆောင်နိုင်ခဲ့ပါပြီ။

မင်းကိုနိုင်။ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းတာဟာ မြန်မာနိုင်ငံကို စစ်ဖိနပ်အောက် ရောက်အောင် တွန်းပို့ လိုက်သလိုပါပဲ။ နိုင်ငံတကာက ပညာတတ်တွေ၊ စီးပွားရေး သမားတွေ ရောက်လာချိန်မှာ ကျွန်တော်တို့ ကျောင်းသား ခေါင်းဆောင် ဆိုတဲ့ ဂုဏ်ပုဒ်ကို မြောင်းထဲ လွှင့်ပစ်ရတော့မှာပါ။

မိုးသီးဇွန်။ မြောက်ပိုင်း လူသတ်မှုတွေကြောင့် ကျွန်တော်တို့အုပ်စုတွေကို အရေးယူဖို့ အစိုးရချင်း ကမ်းလှမ်း လာရင် ကျွန်တော် ဘယ်ပြေးရမလဲ။

ဒေါက်တာ သန်းထွဋ်အောင်။ ကျွန်တော့်ရဲ့ မီဒီယာ လုပ်ငန်းကြီးကို အတင်းအဖျင်းမီဒီယာ အသွင်ပြောင်းပြီး နောက်ကြောင်း ပြန်မလှည့်မချင်း ဆက်လက်အပုပ်ချသွားအုံးမှာပါ။

အင်တာနက် ပရိသတ်ကြီး။ ဟိုလိုမကောင်းဘူး။ ဒီဟာမကောင်းဘူး။ အားလုံးကောင်းတယ်။ (ဖြောင်း..ဖြောင်း.. ဖြောင်း)

Oppositeyes

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D