သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, May 19, 2013

မြောက်ကိုရီးယား လက်နက်စမ်းသပ်မှု စွန့်လွှတ်ဖို့ ကုလမျှော်လင့်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
ဗွီအိုအေ (မြန်မာဌာန)

19.05.2013
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို စွန့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ စတာလင်ဝါဒကျင့်သုံး တဲ့ မြောက်ကိုရီးယားနိုင်ငံက စနေနေ့တုန်းက တာတိုပစ် ဒုံးပျံသုံးစင်းကို ပင်လယ်အတွင်းပစ်လွှတ်ခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။



ပြုံယမ်းအစိုရအနေနဲ့ နောက်ထပ် ဒုံးပျံပစ်လွှတ်တာမျိုးမလုပ်ဖို့နဲ့ ရပ်ဆိုင်းနေတဲ့ နျူကလီးယားအရေး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ နဲ့ ဆွေးနွေးမှုတွေကို ပြန်စတင်ဖို့ ရုရှားနိုင်ငံမှာရောက်ရှိနေတဲ့ မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ ရုရှားသမ္မတ ဗလက်ဒီမီယာ ပူတင်နဲ့ ဆီးရီးယားအရေး ဆွေးနွေးဖို့အတွက် ပင်လယ်နက် အတွင်းမှာရှိတဲ့ အပမ်းဖြေစခန်းမြို့ဖြစ်တဲ့ ဆိုချီမြို့ကို ရောက်ရှိနေတာပါ။

မြောက်ကိုရီးယားနိုင်ငံဟာ စနေနေ့မနက်ပိုင်းမှာ ဂျပန်ပင်လယ်လို့ သိကြတဲ့ အရှေ့ပင်လယ်အတွင်းကို တာတိုပစ် ဒုံးပျံ ၂ စင်းပစ်လွှတ်ခဲ့ပြီး စနေနေ့ နေ့လည်ပိုင်းမှာ နောက်ထပ်တစင်း ထပ်မံပစ်လွှတ်ခဲ့တယ် လို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။ မြောက်ကိုရီးယားက ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ပစ်ခတ်တာဖြစ်ကြောင်း မသိရသေးကြောင်းနဲ့ ခြိမ်းခြောက်တဲ့ အနေနဲ့ လုပ်ဆောင်တာဟုတ်မဟုတ်ကို တောင်ကိုရီးယားက အနီးကပ်စောင့်ကြည့်နေကြောင်း၊ တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရသူကပြောပါတယ်။

(VOA)    မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D