သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, May 20, 2013

နဝဒေးတံတားအောက်မှ လူသတ်မှုအား တရားလို ရပ်ကွက်သားများအား စစ်ဆေး

ပြည်၊ မေ ၁၉။

မေလ(၁၈)ရက်နေ့ ညနေ၅နာရီတွင် ပြည်မြို့ နဝင်းနယ်မြေ ရွှေလက်လှရပ်ကွက်တွင် နေထိုင်သူ ငါးဦးအား ခလရ(၇၅) စစ် တပ်မှ တပ်နယ် မြေကျူးကျော်မှုအား မေးမြန်းရန် အကြောင်းပြ ခေါ်ဆောင်ခဲ့ပြီး စရဖတောင်ပေါ် တွင် နဝဒေး တံတားအောက်မှ ဧရာဝတီမြစ်ကမ်းနား သောင်ပြင် လူသတ် မှုအား ခေါ် ယူမေးမြန်း ခဲ့ကြောင်း ရွှေလက်လှရပ်ကွက်မှ သိရသည်။
“တပ်နယ်မြေ ကျူးကျော်မှုနဲ့ ပတ်သတ်ပြီး မေးမြန်းချင်တယ်ဆိုပြီး ခေါ်သွားတယ်။ နယ်မြေခံရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က ကိုအေးကိုနဲ့ ကျော် ဆန်းဦးကော ပါတယ်။ ကောင်းကောင်းမွန်မွန်ပါဘဲ။ ဟိုကျတော့ တံတားအောက်က လူသတ်မှုကို စစ်တယ်။ နောက်နေ့ တစ်နာရီကို ပြန်ခေါ် ထားသေးတယ်”ဟု ခေါ်ယူစစ်မေးခံရသူ ကိုအသေးလေး မိသားစုက ပြောကြားသည်။
ကိုချမ်းမြေ့၊ ကိုစန်းလှိုင်၊ ကိုစိုးမင်းထွေး၊ ကိုထိပ်ကြီး၊ ကိုအသေးလေးတို့ ငါးဦးကို ခေါ်ယူစစ်မေးခဲ့ပြီး ည(၈)နာရီခွဲအချိန်တွင် ပြန်လွှတ်ခဲ့ ကြောင်း လွန်ခဲ့သော သုံးရက်ခန့်က ခေါ်ယူစစ်ဆေးခံရသူ ကိုတင်မိုးဇော်ဆိုသူမှာ ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ၎င်း၏ ဇနီးမနီလာထံမှ သိ ရသည်။

“လက်ရှိ ဖမ်းထားတဲ့ တင်မိုးဇော်ဆိုတဲ့လူနဲ့ အခင်းဖြစ်တဲ့ညက ခင်ဗျားတို့နဲ့ အတူရှိလား။ စက်ဘီးပေါင်တာ သိလား။ အဲဒီညက သူနဲ့မင်းတို့ အရက် အတူသောက်တာ ဟုတ်လား။ တံတားအောက်က အမှုနဲ့ ပတ်သတ်ပြီး မေးတာပါ။ တံတားအောက်က ကောင်မလေးဖြစ်တဲ့ သတင်း ကြားလား။ အဲဒါလောက်ပါဘဲ”ဟု ခေါ်ယူစစ်ဆေးမေးမြန်းခံရသူ ကိုချမ်းမြေ့က ပြောကြားသည်။

၎င်းတို့အား စစ်တပ်မှ ဟိုင်းလတ်ကား အဖြူရောင်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ပြီး အရာရှိတစ်ဦးနှင့် အခြားလေးဦးမှ စစ်ဆေးခဲ့ကြောင်း၊ တစ်ဦးကို တစ်နာရီကြာ စစ်မေးခဲ့ကြောင်း၊ အဆိုပါ တင်မိုးဇော်မှာ ရွှေလက်လှရပ်ကွက်နေသူဖြစ်ပြီး အခင်းဖြစ်နေရာအနီး southernstar စားသောက်ဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မေလ (၁၉)ရက် မွန်းလွဲ(၁)နာရီခန့်တွင် ကိုတင်မိုးဇော်၏ ဇနီးမြင့်ဉ္ဇူ၊ ကိုသက်ဆွေ၊ ကိုဖိုးပါသုံးဦးအား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအေး ကို နေအိမ်တွင် ခေါ်ယူမေးမြန်းခဲ့ကြောင်း၊ ကိုတင်မိုးဇော်ဆိုသူအား ကျောက်ပန်းတောင်းရဲစခန်းမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း နဝင်းနယ်မြေ ရပ်ကွက်အုပ်ချုပ်ရေးဦးနေလင်းက ပြောကြားသည်။

“သေချာတော့ မသိဘူး။ ကိုယ့်ရပ်ကွက်က လူဆိုတော့ ကျွန်တော်က ခေါ်ပေးရတယ်။ မေးပြီးပြန်လာမှ ပထမရက်က မေးတယ်ဆိုတာ သိရ တယ်။ တံတားအောက်က အမှုကိုစစ်တာပါ။ စစ်တပ်က သုံးယောက်လာမေးတာ။ စစ်တာ မဟုတ်ပါဘူး။ မေးမြန်းစုံစမ်းတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နဝဒေးတံတားအောက် လူသတ်မှုအား အတူပါ မိန်းကလေးဖခင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး ၎င်းနေထိုင်သော ရပ်ကွက်အတွင်းမှ ကိုတင်မိုးဇော်အား (၄)ရက်တိုင် ထိန်းသိမ်း ထားပြီး ရွှေ လက်လှ ရပ်ကွက်မှ (၈)ဦးအား ခေါ်ယူစစ်မေးပြီးဖြစ်ကြောင်း ရွှေလက်လှရပ်ကွက်မှ သိရသည်။

မောင်ရေခဲ(ပြည်)
@ မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D