မလေးရှားနိုင်ငံတွင် မြန်မာလူမျိုးများ ရက်ဆက်ဆိုသလို နေ့တိုင်း အသတ်ခံရ၊ တိုက်ခိုက်ခံရ မူတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာလူမျိုးများ ပြန်တော်ပြန်ဖို့ စီစဉ်လာကြတယ်လို့ Myanmar Daily News မှ သိရပါတယ်။
လက်ရှိအချိန်အထိ ပြဿနာကို နှစ်နိုင်ငံ သံတမန်ရေးရာများဖြင့် ဆွေးနွေးဖြေရှင်း အဖြေရှာမှုတွေ မလုပ်ပဲ မလေးရှားအစိုးရမှ ၀င်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် မြန်မာများ ဌာနေပြန်ဖို့စီစဉ်လာကြတယ်လို့ ကပုန်းမှာနေထိုင်တဲ့ ကိုဂျွန် ဆိုသူက ကျွန်တော်တို့ Myanmar Daily News ကို အခုလိုပြောပြလာပါတယ်။ “ အမှန်ပြောရင် ကျွန်တော်တို့ ဒီကနေ မပြန်ချင်သေးဘူး။
လက်ရှိအချိန်အထိ ပြဿနာကို နှစ်နိုင်ငံ သံတမန်ရေးရာများဖြင့် ဆွေးနွေးဖြေရှင်း အဖြေရှာမှုတွေ မလုပ်ပဲ မလေးရှားအစိုးရမှ ၀င်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် မြန်မာများ ဌာနေပြန်ဖို့စီစဉ်လာကြတယ်လို့ ကပုန်းမှာနေထိုင်တဲ့ ကိုဂျွန် ဆိုသူက ကျွန်တော်တို့ Myanmar Daily News ကို အခုလိုပြောပြလာပါတယ်။ “ အမှန်ပြောရင် ကျွန်တော်တို့ ဒီကနေ မပြန်ချင်သေးဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော့် မိသားစုက သိပ်အဆင်ပြေတာမဟုတ်ဘူး။ ကျွန်တော်က မုံရွာကပါ။ မြန်မာပြည်ပြန်ရင် ဘာလုပ်ရမလဲဆိုတာပဲ တွေးပြီး ရင်လေးမိတယ်။ တစ်လကို အနည်းဆုံး ၂ သိန်းလောက် ၀င်ငွေရအောင် မြန်မာနိုင်ငံမှာ ဘာလုပ်ရမလဲဆိုတာစဉ်းစားပြီး ရင်လေးမိတယ်။ ကျွန်တော့် သမီးက ဒီနှစ်ဆို ၁၀ တန်းတက်မှာ သားက ၆ တန်း ..စဉ်းစားကြည့်ဗျာ.ကျောင်းစရိုက်..စားဝတ်နေရေး...စီးပွားရေးအဆင်ပြေသူတွေအတွက် မပြောပလောက်ပေမယ့် ကျနော်တို့လို အောက်ခြေလူတန်းစားအတွက် အဲဒီငွေ ဘယ်လိုရှာမလဲ။
ဒီနိုင်ငံမှာအလုပ်လုပ်နေတော့ ကျွန်တော် တစ်လကို ၃ သိန်းလောက် အမြဲပို့ပေးနိုင်တယ်။ အခု ဒီလိုပြဿနာတွေဖြစ်လာတော့ ငွေထက် အသက်ကတန်ဖိုးရှိတာသိပေမယ့် တကယ်တွေးကြည့်ပြီး ပြန်ရမှာ ရင်လေးမိတယ်။ လက်ရှိအချိန်အထိ မလေးအစိုးရကလည်း လူသတ်တရားခံကို ဖော်ထုတ်တာမရှိပဲ နေရာတကာ ၀င်ရောက်ဖမ်းဆီးနေတော့ ကျနော်တို့လို o သမားတွေအတွက် အတော် အခက်ဖြစ်တယ်။ ဒီအစိုးရလုပ်တာ ၀ါးလုံးရှည်လိုက်ရမ်းနေတာနဲ့တူနေတယ်။ မြန်မာသံရုံးကလည်း ဘာမှကူညီပေးတာလည်းမတွေ့ရဘူး။
ဒီတော့ ကျွန်တော်တို့ မြန်မာပြည်ပြန်ဖို့ပဲ စီစဉ်လာရတာပေါ့။” ဟု Myanmar Daily News ကို ပြောပြလာခဲ့တာပါ။
လက်ရှိအချိန်အထိပဲ မလေးရှားတွင် တည်ငြိမ်မှုမရှိပဲ ပြဿနာများ တစ်နေ့ပြီးတစ်နေ့ ဆက်လက်ဖြစ်ပွားနေမှုကြောင့် မြန်မာလူမျိုးများ အခက်အခဲတွေနဲ့ ရင်ဆိုင်နေပြီး ဘယ်နေ့ ကိုယ်နေထိုင်တဲ့ဖက်မှာ ပြဿနာဖြစ်လာမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ အလုပ်လုပ်နေရတာကိုတော့ ဒမ်မာဆာရ ဘက်က မသန္တာနွယ် က Myanmar Daily News ကို အခုလိုပြောပါတယ်။
ဒီနေ့ မြို့ထဲလာတာတောင် တော်တော်လေး ရင်တထိတ်ထိတ်နဲ့..စာအုပ်လည်း လက်ထဲရှိတယ်ဆိုပေမယ့် ကြောက်နေရတာ။ အခုက စာအုပ်ရှိသူရော မရှိသူရောပဲ အားလုံးကြောက်နေရတဲ့အချိန်လေ။ မြို့ထဲမလာလို့လည်းမဖြစ်။ ဆိုင်ပစ္စည်းတွေက ကုန်ပြီဆိုတော့ မလာမဖြစ် လာရပေမယ့် ကြောက်ကြောက်လန့်လန့်နဲ့ပဲ သွားလာနေရတယ်။ အမတို့နေတဲ့ဖက်ကိုလည်း အော်ပရာစီဝင်မယ်လို့ သတင်းထွက်နေတော့ ဘယ်တော့ ၀င်ဖမ်းမလဲဆိုပြီး တွေးကြောက်ပြီး နေနေရတယ်။ တကယ်ခေတ်မကောင်းတာပဲ..မလေးမှာ ဒီလိုတစ်ခါမှ မကြုံဖူးသေးဘူး။ အမ တို့နားက မြန်မာတွေ တော်တော်များများလည်း ပြန်ဖို့ပဲ ပြောနေကြတယ်” ဆိုပြီး ပြောပါတယ်။
Myanmar Daily News.


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...