သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 9, 2013

“ပွဲလန့်တုန်းဖျာခင်းချင်ပါသည်”

Photo: “ပွဲလန့်တုန်းဖျာခင်းချင်ပါသည်”
Saturday, June 08, 2013

အခုတလော အမှိုက်ကိစ္စ တွေအကြောင်းမကြာခဏ ဖတ်နေရပါတယ်။ နာရေး ကူညီမှုအသင်းက 
ဦးကျော်သူ တို့၊ ဒေါ်သန်းမြင့်အောင်တို့ အမှိုက်ကောက်တဲ့အကြောင်း၊ 
အဲဒီလိုအမှိုက်ကောက်တာကို တားမြစ် ပိတ်ပင် ခံရကြောင်း စတဲ့သတင်းတွေ 
ဖတ်ရအပြီး (၂၅-၅-၂ဝ၁၃)နေ့ ထုတ်မြန်မာ့ အလင်းသတင်း စာမှာ ''ရန်ကုန် 
မြို့တော်စွန့်ပစ်အမှိုက်များ စနစ်တကျသိမ်းဆည်းပေး လျက်ရှိ''ဆိုတဲ့ 
ခေါင်းစဉ်နဲ့ ရန် ကုန်မြို့ တော် စည်ပင်သာယာ ရေးကော်မတီပတ်ဝန်းကျင် 
ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ရန်ကုန်မြို့အတွင်း ဆောင်ရွက်နေတဲ့ 
အမှိုက်သိမ်း စနစ်အကြောင်းရေး သားဖော်ပြထားတာကို ကျွန်မ ဖတ် ရှုလိုက်ရပါတယ်။ 
စာစောင်တစ်ခု မှာလည်း 'ပြည်သူအချင်းချင်းအသိ ပေးသည့် အမှိုက်ကောက်ခြင်းအလုပ်
 ကို ဆောင်ရွက်နေကြသောGreen for Generation(GFG)ဆိုတဲ့  
အဖွဲ့လေးအကြောင်းကိုလည်း ကျွန် မဖတ်ရှုရပါတယ်။
    ဒီအချိန်မှာ ကျွန်မလည်း ကျွန်မကိုယ်တိုင် ကြုံတွေ့ခံစားနေရ တဲ့ 
အမှိုက်တွေအကြောင်းကို တာ ဝန်သိပြည်သူတစ်ဦးအနေနဲ့ ရင် ဖွင့်ရေးသားလိုစိတ်က 
တားဆီးမရ နိုင်တော့တဲ့အတွက် အခုလိုရေးသား လိုက်ရပါတယ်။
    ကျွန်မက ရန်ကုန်တိုင်းဒေသ ကြီး၊ မြောက်ဒဂုံမြို့နယ်ထဲမှာရှိတဲ့ 
ပင်လုံလမ်းမကြီးရဲ့ အတွင်းဘက်ကျ တဲ့နေရာမှာ နေထိုင်ပါတယ်။ ကျွန်မ 
တို့ရပ်ကွက်ကလေးဟာ လူကြီးတွေ သွားလာရာလမ်းကြောင်းပေါ်မှာ လည်းမရှိ၊ 
သက်ဆိုင်ရာဌာနမှ လူ ကြီးများရဲ့ မျက်ကွယ်မှာဖြစ်နေရော့ လားမသိ၊ 
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီရဲ့ နယ်နိမိတ် အတွင်းမှာရှိနေပေမယ့် 
(၂၅-၅-၂ဝ၁၃)နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ရန်ကုန်မြို့တော်စည်  
ပင်သာယာရေးကော်မတီရဲ့ အမှိုက် သိမ်းစနစ်များဖြစ် တဲ့ အမှိုက်ကန် စနစ်၊ 
ခေါင်းလောင်းတီးစနစ်၊ လှည်း သိမ်းစနစ်စတဲ့ စနစ်မှန်သမျှ ဘာ တစ်ခုမှ 
မရှိတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေဟာ အမှိုက်တွေကို စွန့် ပစ်ချင်သလို 
စွန့်ပစ်နေကြတာကို စိတ်မချမ်းမြေ့ စွာတွေ့မြင်နေရပါ တယ်။ 
ကျွန်မတို့ကိုယ်တိုင်ကလည်း အမှိုက်တွေကို စည်းကမ်းတကျစွန့် ပစ်လိုတဲ့အတွက် 
ကျွန်မတို့ရပ်ကွက် နဲ့အတော် အတန်ဝေးတဲ့ အမှိုက်ကန်တစ်ခုစီကားနှင့် 
တစ်ဖုံ၊ဆိုက်ကားနှင့် တစ်မျိုး သွားရောက်စွန့်ပစ်ရပါ တယ်။ များသောဖြင့်တော့
 အဲဒီလောက် လက်ဝင်မခံ နိုင်ကြတဲ့အတွက် နီးစပ်ရာ စွန့်ပစ်နေကြရ ပါတယ်။
 မြန်မာ့အလင်းသတင်းစာမှာ ပါရှိသလို 'အမှိုက်စွန့်ပစ် တဲ့ပြည်သူတွေ 
အားလုံးမှာ အမှိုက်တွေကို သတ်မှတ်ထားတဲ့ စနစ်အတိုင်း စည်းကမ်းတကျ စွန့် 
ပစ်ရမယ်'ဆိုတဲ့ အသိတရား လေးရဖို့ အဓိကဖြစ်တယ်ဆိုပေမယ့်စည်း ကမ်း 
တကျစွန့်ပစ်နိုင်အောင်၊သိမ်း ဆည်း နိုင်အောင်သက်ဆိုင်ရာဌာနက 
လည်းဆောင်ရွက်ပေးဖို့ လိုအပ်ပါ တယ်။
ဘုန်းကြီးရဟန်းတွေ ဆွမ်းခံကြွ ရာလမ်းနဲ့လူသွားလမ်းတွေမှာလည်း အမှိုက်ပုံ၊ 
ရေမြောင်းတွေထဲမှာ လည်း အမှိုက်တွေမြင်မကောင်း အောင် ပိတ်ဆို့နေတော့ 
မိုးစရွာပြီ ဆိုတာနဲ့ ကျွန်မတို့ရပ်ကွက်ထဲက အိမ်တွေဟာ
 ရေဝိုင်းနေပါပြီ။ အမှိုက်တွေမြောင်းထဲ ပိတ်ဆို့မှု၊ ရေနုတ်မြောင်းတွေ 
ပိတ်ဆို့မှုနေလို့ ရေဆိုးရေညစ်တွေ ရပ်ကွက်တွင်းမှာ ပြည့်လျှံနေပါပြီ။ 
အဲဒီအကျိုး ဆက်ကြောင့် ရပ်ကွက်တွင်းဆရာ ဝန်တို့ရဲ့ ဆေးခန်းတွေ မှာလည်း 
သွေးလွန်တုပ်ကွေးကလေးလူနာ တွေနဲ့ ပြည့်နှက်နေပါပြီ။ အိမ်တစ်ခု 
လုံးရေဝိုင်းနေမှတော့ ဖုံး၊သွန် လဲနဲ့လည်း သွေးလွန်တုပ်ကွေးကို 
မတားဆီးနိုင်တော့ပါဘူး။ ရပ်ကွက် တစ်ခုလုံးမှာ ရေဆိုးရေညစ် တွေရှိ
 နေလေတော့ လက်ဝင်ခံပြီး အမှိုက် ကို စနစ်တကျသွားရောက် စွန့်ပစ်နိုင် တဲ့ 
လူနည်းစုလည်း ဒီဆိုးကျိုးကို အတူမျှဝေခံစားရတာပါပဲ။ တစ်ရပ် 
ကွက်လုံးစနစ်တကျစွန့်ပစ်နိုင်မှသာ အဲဒီဘေးဒုက္ခတွေက ကင်းဝေးမှာဖြစ် ပါတယ်။
    ဒါကြောင့် ကျွန်မတို့ကတော့ ကျွန်မတို့ရပ်ကွက်လေးတွေထဲကို 
ဦးကျော်သူတို့၊ ဒေါ်သန်းမြင့်အောင် တို့ အမှိုက်လာကောက်လေ မလားလို့
 မျှော်မိပါတယ်။ GFG ဆိုတဲ့အဖွဲ့ လေးကလာကောက်မလားလို့လည်း မျှော်မိ 
ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အမှိုက်သိမ်း 
စနစ်ကျွန်မတို့ဆီ ရောက် လာဖို့လည်း မျှော်မိပါတယ်။ (ဒါပေမဲ့ ဝန်ထမ်း အင်အား
 အခက်အခဲရှိ တယ်လို့ ဖတ်ရှုရတဲ့အတွက် အား ငယ်မိပါတယ်။)
    ဘယ်သူပဲလာလာ၊ဘယ်သူပဲ ကောက်ကောက်၊ အမှိုက်တွေရှင်းပြီး
 ရောဂါတွေကင်းဖို့က အဓိကမို့ ဝန် ထမ်းအင်အား အခက်အခဲရှိနေတဲ့ 
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ 
သန့်ရှင်းရေးဌာနရဲ့ မနိုင်ဝန်ကို ကူညီလိုတဲ့ လူထုအဖွဲ့ အစည်းများနဲ့ 
ပူးပေါင်းဆောင် ရွက်မယ်ဆိုရင် လမ်းမကြီးတွေမှာမက ဘဲ ကျွန်မတို့လို 
လမ်းကြိုလမ်းကြား ရပ်ကွက်အတွင်းမှာပါ သန့်ရှင်းသပ် ရပ်သွားလေ 
မလားဆိုတဲ့စိတ်ကူးအတွေးလေးနဲ့ပွဲလန့်တုန်းဖျာခင်းလိုက်ရပါတယ်။             
ဗေဒါ

Popular News
အခုတလော အမှိုက်ကိစ္စ တွေအကြောင်းမကြာခဏ ဖတ်နေရပါတယ်။ နာရေး ကူညီမှုအသင်းက ဦးကျော်သူ တို့၊ ဒေါ်သန်းမြင့်အောင်တို့ အမှိုက်ကောက်တဲ့အကြောင်း၊ အဲဒီလိုအမှိုက်ကောက်တာကို တားမြစ် ပိတ်ပင် ခံရကြောင်း စတဲ့သတင်းတွေ ဖတ်ရအပြီး (၂၅-၅-၂ဝ၁၃)နေ့ ထုတ်မြန်မာ့ အလင်းသတင်း စာမှာ ''ရန်ကုန် မြို့တော်စွန့်ပစ်အမှိုက်များ စနစ်တကျသိမ်းဆည်းပေး လျက်ရှိ''ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန် ကုန်မြို့ တော် စည်ပင်သာယာ ရေးကော်မတီပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ရန်ကုန်မြို့အတွင်း ဆောင်ရွက်နေတဲ့ အမှိုက်သိမ်း စနစ်အကြောင်းရေး သားဖော်ပြထားတာကို ကျွန်မ ဖတ် ရှုလိုက်ရပါတယ်။ စာစောင်တစ်ခု မှာလည်း 'ပြည်သူအချင်းချင်းအသိ ပေးသည့် အမှိုက်ကောက်ခြင်းအလုပ် ကို ဆောင်ရွက်နေကြသောGreen for Generation(GFG)ဆိုတဲ့ အဖွဲ့လေးအကြောင်းကိုလည်း ကျွန် မဖတ်ရှုရပါတယ်။

ဒီအချိန်မှာ ကျွန်မလည်း ကျွန်မကိုယ်တိုင် ကြုံတွေ့ခံစားနေရ တဲ့ အမှိုက်တွေအကြောင်းကို တာ ဝန်သိပြည်သူတစ်ဦးအနေနဲ့ ရင် ဖွင့်ရေးသားလိုစိတ်က တားဆီးမရ နိုင်တော့တဲ့အတွက် အခုလိုရေးသား လိုက်ရပါတယ်။
ကျွန်မက ရန်ကုန်တိုင်းဒေသ ကြီး၊ မြောက်ဒဂုံမြို့နယ်ထဲမှာရှိတဲ့ ပင်လုံလမ်းမကြီးရဲ့ အတွင်းဘက်ကျ တဲ့နေရာမှာ နေထိုင်ပါတယ်။ ကျွန်မ တို့ရပ်ကွက်ကလေးဟာ လူကြီးတွေ သွားလာရာလမ်းကြောင်းပေါ်မှာ လည်းမရှိ၊ သက်ဆိုင်ရာဌာနမှ လူ ကြီးများရဲ့ မျက်ကွယ်မှာဖြစ်နေရော့ လားမသိ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီရဲ့ နယ်နိမိတ် အတွင်းမှာရှိနေပေမယ့် (၂၅-၅-၂ဝ၁၃)နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီရဲ့ အမှိုက် သိမ်းစနစ်များဖြစ် တဲ့ အမှိုက်ကန် စနစ်၊ ခေါင်းလောင်းတီးစနစ်၊ လှည်း သိမ်းစနစ်စတဲ့ စနစ်မှန်သမျှ ဘာ တစ်ခုမှ မရှိတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေဟာ အမှိုက်တွေကို စွန့် ပစ်ချင်သလို စွန့်ပစ်နေကြတာကို စိတ်မချမ်းမြေ့ စွာတွေ့မြင်နေရပါ တယ်။ ကျွန်မတို့ကိုယ်တိုင်ကလည်း အမှိုက်တွေကို စည်းကမ်းတကျစွန့် ပစ်လိုတဲ့အတွက် ကျွန်မတို့ရပ်ကွက် နဲ့အတော် အတန်ဝေးတဲ့ အမှိုက်ကန်တစ်ခုစီကားနှင့် တစ်ဖုံ၊ဆိုက်ကားနှင့် တစ်မျိုး သွားရောက်စွန့်ပစ်ရပါ တယ်။ များသောဖြင့်တော့ အဲဒီလောက် လက်ဝင်မခံ နိုင်ကြတဲ့အတွက် နီးစပ်ရာ စွန့်ပစ်နေကြရ ပါတယ်။
မြန်မာ့အလင်းသတင်းစာမှာ ပါရှိသလို 'အမှိုက်စွန့်ပစ် တဲ့ပြည်သူတွေ အားလုံးမှာ အမှိုက်တွေကို သတ်မှတ်ထားတဲ့ စနစ်အတိုင်း စည်းကမ်းတကျ စွန့် ပစ်ရမယ်'ဆိုတဲ့ အသိတရား လေးရဖို့ အဓိကဖြစ်တယ်ဆိုပေမယ့်စည်း ကမ်း တကျစွန့်ပစ်နိုင်အောင်၊သိမ်း ဆည်း နိုင်အောင်သက်ဆိုင်ရာဌာနက လည်းဆောင်ရွက်ပေးဖို့ လိုအပ်ပါ တယ်။
ဘုန်းကြီးရဟန်းတွေ ဆွမ်းခံကြွ ရာလမ်းနဲ့လူသွားလမ်းတွေမှာလည်း အမှိုက်ပုံ၊ ရေမြောင်းတွေထဲမှာ လည်း အမှိုက်တွေမြင်မကောင်း အောင် ပိတ်ဆို့နေတော့ မိုးစရွာပြီ ဆိုတာနဲ့ ကျွန်မတို့ရပ်ကွက်ထဲက အိမ်တွေဟာ
ရေဝိုင်းနေပါပြီ။ အမှိုက်တွေမြောင်းထဲ ပိတ်ဆို့မှု၊ ရေနုတ်မြောင်းတွေ ပိတ်ဆို့မှုနေလို့ ရေဆိုးရေညစ်တွေ ရပ်ကွက်တွင်းမှာ ပြည့်လျှံနေပါပြီ။ အဲဒီအကျိုး ဆက်ကြောင့် ရပ်ကွက်တွင်းဆရာ ဝန်တို့ရဲ့ ဆေးခန်းတွေ မှာလည်း သွေးလွန်တုပ်ကွေးကလေးလူနာ တွေနဲ့ ပြည့်နှက်နေပါပြီ။ အိမ်တစ်ခု လုံးရေဝိုင်းနေမှတော့ ဖုံး၊သွန် လဲနဲ့လည်း သွေးလွန်တုပ်ကွေးကို မတားဆီးနိုင်တော့ပါဘူး။ ရပ်ကွက် တစ်ခုလုံးမှာ ရေဆိုးရေညစ် တွေရှိ
နေလေတော့ လက်ဝင်ခံပြီး အမှိုက် ကို စနစ်တကျသွားရောက် စွန့်ပစ်နိုင် တဲ့ လူနည်းစုလည်း ဒီဆိုးကျိုးကို အတူမျှဝေခံစားရတာပါပဲ။ တစ်ရပ် ကွက်လုံးစနစ်တကျစွန့်ပစ်နိုင်မှသာ အဲဒီဘေးဒုက္ခတွေက ကင်းဝေးမှာဖြစ် ပါတယ်။
ဒါကြောင့် ကျွန်မတို့ကတော့ ကျွန်မတို့ရပ်ကွက်လေးတွေထဲကို ဦးကျော်သူတို့၊ ဒေါ်သန်းမြင့်အောင် တို့ အမှိုက်လာကောက်လေ မလားလို့
မျှော်မိပါတယ်။ GFG ဆိုတဲ့အဖွဲ့ လေးကလာကောက်မလားလို့လည်း မျှော်မိ
ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အမှိုက်သိမ်း စနစ်ကျွန်မတို့ဆီ ရောက် လာဖို့လည်း မျှော်မိပါတယ်။ (ဒါပေမဲ့ ဝန်ထမ်း အင်အား အခက်အခဲရှိ တယ်လို့ ဖတ်ရှုရတဲ့အတွက် အား ငယ်မိပါတယ်။)
ဘယ်သူပဲလာလာ၊ဘယ်သူပဲ ကောက်ကောက်၊ အမှိုက်တွေရှင်းပြီး
ရောဂါတွေကင်းဖို့က အဓိကမို့ ဝန် ထမ်းအင်အား အခက်အခဲရှိနေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနရဲ့ မနိုင်ဝန်ကို ကူညီလိုတဲ့ လူထုအဖွဲ့ အစည်းများနဲ့ ပူးပေါင်းဆောင် ရွက်မယ်ဆိုရင် လမ်းမကြီးတွေမှာမက ဘဲ ကျွန်မတို့လို လမ်းကြိုလမ်းကြား ရပ်ကွက်အတွင်းမှာပါ သန့်ရှင်းသပ် ရပ်သွားလေ မလားဆိုတဲ့စိတ်ကူးအတွေးလေးနဲ့ပွဲလန့်တုန်းဖျာခင်းလိုက်ရပါတယ်။ ဗေဒါ

Popular News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D